Connect with us

Eastern Europe

ဆီးရီးယား၌ နှစ်ရက်အတွင်း အကြမ်းဖက်သမား ၃ဝဝ ကျော်ကို ရုရုားလေကြောင်းတိုက်ခိုက်မှုဖြင့် သုတ်သင်ရှင်းလင်းခဲ့

ဆီးရီးယားနိုင်ငံ၌ ရုရှားလေတပ်မှ ဗုံးကြဲ တိုက်ခိုက်မှုပြုလုပ်နေစဉ်(ဆင်ဟွာ)

မော်စကို ၊ အောက်တိုဘာ ၄ ရက် (ဆင်ဟွာ)

ဆီးရီးယားစစ်တပ်အား ကျောထောက်နောက်ခံပေးထားသည့် ရုရှားစစ်လေယာဉ်များ၏ တိုက်ခိုက်မှုကြောင့် ဆီးရီးယားနိုင်ငံ အနောက်ဘက်ကမ်းခြေတွင် ပြီးခဲ့သော နှစ်ရက်တာအတွင်း အိုင်အက်စ်အကြမ်းဖက်သမား ၃ဝ၄ ဦးကို သုတ်သင်ရှင်းလင်းနိုင်ခဲ့ကြောင်း ရုရှားနိုင်ငံကာကွယ်ရေးဝန်ကြီးဌာနက အောက်တိုဘာလ ၃ ရက်တွင်ပြောကြားခဲ့သည်။

သေဆုံးသူများထဲတွင် အဆင့်အမျိုးမျိုးဖြစ်သော အိုင်အက်စ်စစ်မြေပြင် တပ်မှူးများ ပါဝင်ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် Igor Konashenkov ၏ ထုတ်ပြန်ချက်ထဲတွင် ဖော်ပြထားသည်။ ထို့ပြင် ရုရှား၏ လေကြောင်း တိုက်ခိုက်မှုများအတွင်း အကြမ်းဖက်သမား ၁၇ဝ ကျော် ထိခိုက်ဒဏ်ရာရခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖြည့်စွက်ဖော်ပြထားသည်။

ရုရှားဂျက်တိုက်လေယာဉ်များသည် နိုင်ငံခြား ကြေးစားစစ်သားများက လေ့ကျင့်သင်ကြားပေးနေသော အကြမ်းဖက်လေ့ကျင့်ရေးစခန်းတစ်ခုကို ချေမှုန်းဖျက်ဆီးခဲ့ရာ ရုရှားနိုင်ငံမြောက်ပိုင်း ကော့ကေးဆပ်ဒေသမှ စစ်သွေးကြွ ၄ဝ ခန့်ကို သုတ်သင်နိုင်ခဲ့ကြောင်း သိရသည်။

လေကြောင်းတိုက်ခိုက်မှုအတွင်း စစ်သွေးကြွတို့၏ ဌာနချုပ် ၃ ခု ၊ အခိုင်အမာတပ်စွဲ ထားသော စခန်း ၉ ခု ၊ တင့်ကား ၈ စီး ၊ အမြှောက် ၃ လက် ၊ လက်နက်ကြီးများတပ်ဆင်ထားသော SUV သံချပ်ကာကား ၁၇ စီး နှင့် ခဲယမ်းမီးကျောက် သိုလှောင်ရုံ ၄ ခုတို့ကိုလည်း ဖျက်ဆီးပစ်ခဲ့ကြောင်း သိရသည်။

ဆီးရီးယားအစိုးရတပ်ဖွဲ့ဝင်များသည် ရေနံကြွယ်ဝသော ယူဖရေးတီးမြစ် အရှေ့ဖက်ကမ်းဒေသများတွင် အခိုင်အမာခုခံနေသော အိုင်အက်စ်တို့ကို အပြင်းအထန်တိုက်ခိုက်နေပြီး ယင်းဒေသသည် စစ်မက်ဖြစ်ပွားနေသော ဆီးရီးယားနိုင်ငံတွင် အကြမ်းဖက်အဖွဲ့၏ နောက်ဆုံးခြေကုပ်ယူထားသော နေရာတစ်ခုဖြစ်ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.