Connect with us

Eastern Europe

တရုတ်-ရုရှား နှစ်နိုင်ငံ စစ်တပ်ချင်း နီးကပ်စွာ ပူးပေါင်းဆောင်ရွက်မည်

ရုရှားနိုင်ငံသမ္မတဗလာတီမာပူတင် နှင့် တရုတ်နိုင်ငံ ကွန်မြူနစ်ပါတီ ဗဟိုစစ်ကော်မရှင် ဒုတိယဥက္ကဋ္ဌ Zhang Youxia တို့ နှစ်ဦး တွေ့ ဆုံစဉ်(ဆင်ဟွာ)

မော်စကို ၊ ဒီဇင်ဘာ ၈ ရက်(ဆင်ဟွာ)

ရုရှားနိုင်ငံသမ္မတ ဗလာတီမာ နှင့် တရုတ်နိုင်ငံစစ်တပ် ထိပ်တန်းအဆင့်မြင့်အရာရှိတစ်ဦး တို့ ဒီဇင်ဘာလ ၇ ရက်တွင် တွေ့ဆုံစဉ် တရုတ်-ရုရှား နှစ်နိုင်ငံစစ်တပ်အကြား ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ဆောင်ရွက်သွားရန် ဆွေးနွေးခဲ့ကြောင်း သိရသည်။

ထိုသို့တွေ့ဆုံစဉ် စစ်တပ်ခြင်းပူးပေါင်းဆောင်ရွက်မှုသည် တရုတ်-ရုရှား နှစ်နိုင်ငံဆက်ဆံရေးတွင် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်ကြောင်း နှင့် နှစ်ဖက်စလုံးအနေဖြင့် ၎င်းတို့၏ မိတ်ဖက်ဆက်ဆံရေးအတွက် စစ်ရေးလေ့ကျင့်မှုများ ၊ စစ်တပ်နည်းပရိယာယ် နှင့် လေ့ကျင့်မှုသင်တန်းများကို ဆက်လက်၍ ပူးတွဲဆောင်ရွက်သွားသင့်ကြောင်း သမ္မတ ပူတင်က ပြောကြားခဲ့သည်။

ရုရှားနိုင်ငံသမ္မတပူတင်သည် တရုတ်နိုင်ငံ ကွန်မြူနစ်ပါတီ နိုင်ငံရေးပေါ်လစ်ဗျူရိုအဖွဲ့ဝင် နှင့် တရုတ်နိုင်ငံ ကွန်မြူနစ်ပါတီ ဗဟိုစစ်ကော်မရှင် ဒုတိယဥက္ကဋ္ဌ Zhang Youxia နှင့်တွေ့ဆုံစဉ် အထက်ပါအတိုင်း မှတ်ချက်ပြုပြောကြားခဲ့ခြင်းဖြစ်သည်။သမ္မတပူတင်က ရုရှားနိုင်ငံ၏ နိုင်ငံခြားရေးမူဝါဒတွင် တရုတ်နိုင်ငံနှင့်ဆက်ဆံရေးကို အဓိကဦးစားပေးကြောင်း နှင့် တရုတ်-ရုရှား နှစ်နိုင်ငံအကြား အဆင့်မြင့်ကိုယ်စားလှယ်အဆင့် မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုကို ချီးကျူးဂုဏ်ပြုကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

တရုတ် နှင့် ရုရှား နှစ်နိုင်ငံသည် ဒေသတွင်း နှင့် ကမ္ဘာ့ငြိမ်းချမ်းရေး နှင့် တည်ငြိမ်ရေး ကို ထိန်းသိမ်းရန် ၎င်းတို့နှစ်နိုင်ငံအနေဖြင့် တူညီစွာ ( သို့မဟုတ် ) အရေးကိစ္စရပ်များတွင် တူညီသော ရပ်တည်မှုဖြင့် ပူးပေါင်းဆောင်ရွက်ခြင်း နှင့် အနာဂတ် ဆက်သွယ်ရေးကို တိုးမြှင့်ဆောင်ရွက်သွားသင့်ကြောင်း ပြောကြားခဲ့သည်။တရုတ်နိုင်ငံ ကွန်မြူနစ်ပါတီ ဗဟိုစစ်ကော်မရှင် ဒုတိယဥက္ကဋ္ဌ Zhang Youxia က တရုတ်-ရုရှား နှစ်နိုင်ငံ ဘက်စုံ မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးပူးပေါင်းဆောင်ရွက်မှုသည် အဆင့်မြင့်ကိုယ်စားလှယ်အဆင့် ဆောင်ရွက်နိုင်ခဲ့ခြင်းအတွက် နှစ်နိုင်ငံသမ္မတများကို ကျေးဇူးတင်သင့်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

နှစ်ဖက်စစ်တပ်အကြား လက်တွေ့ကျသော ပူးပေါင်းဆောင်ရွက်မှု အကျိုးသက်ရောက်မှု နှင့်အတူ ဆက်ဆံရေးကို နက်ရှိုင်းစွာ နှင့် ခိုင်မာစွာ တိုးချဲ့ဆောင်ရွက်ခဲ့ပြီ ဖြစ်ကြောင်း Zhang က ဆက်လက်ပြောကြားခဲ့သည်။နှစ်နိုင်ငံသမ္မတများအကြား ဆန္ဒရှိသော အရေးကိစ္စရပ်များ ၊ တစ်ဖက်နှင့်တစ်ဖက် အပြန်အလှန်ထောက်ခံမှု နှင့် ကမ္ဘာ့ငြိမ်းချမ်းရေး နှင့် တည်ငြိမ်ရေးကို ထိန်းသိမ်းမှု ၊ နှစ်နိုင်ငံအကျိုးစီးပွား လုံခြုံရေးကို ပူးတွဲ ထိန်းသိမ်းမှု စသည်တို့ကို အကောင်အထည်ဖော်ဆောင်ရွက်ရန် ရုရှားနိုင်ငံနှင့်အတူလက်တွဲ ဆောင်သွားရန် တရုတ်နိုင်ငံက အသင့်ရှိပါကြောင်း ၎င်းက ဆိုသည်။(Xinhua)