Connect with us

Europe

စပိန်နိုင်ငံ ကက်တလိုနီးယားမှ ကုမ္ပဏီပေါင်း ၁,၅၀၀ ကျော် ရုပ်သိမ်း

စပိန်နိုင်ငံ ကက်တလိုနီးယားဒေသတွင် ဆန္ဒပြနေသူများအား တွေ့ရစဉ် (ဆင်ဟွာ)

မက်ဒရစ်၊ အောက်တိုဘာ ၂၆ ရက် (ဆင်ဟွာ)

စပိန်နိုင်ငံ အရှေ့မြောက်ပိုင်းတွင် ရှိသော ကက်တလန်နီးယားဒေသသည် စပိန်မှ လွတ်လပ်ရေးယူမည်ဟူသော စိုးရိမ်မှုများကြောင့် ကုမ္ပဏီ ၁,၅၀၁ ခု ရုပ်သိမ်းခဲ့ကြကြောင်း စပိန်နိုင်ငံ ကုန်သွယ်မှု မှတ်ပုံတင်ခြင်းဆိုင်ရာ ကောလိပ်မှ သတင်းရင်းမြစ်များအား ကိုးကား၍ ဒေသတွင်း မီဒီယာက လတ်တလော သတင်းတင်ပြထားသည်။

အောက်တိုဘာလ ၂ ရက်မှ ၂၄ ရက်အတွင်း စီးပွားရေးလုပ်ငန်း ၁,၅၀၁ ခုက ကက်တလိုနီးယားမှ ထွက်ခွာရန် ဆုံးဖြတ်ခဲ့ကြပြီး အောက်တိုဘာလ ၂၄ ရက် တစ်ရက်ထဲတွင်ပင် ကုမ္ပဏီပေါင်း ၁၀၇ ခုသည် ၎င်းတို့၏ ရုံးချုပ်များအား ကက်တလိုနီးယားမှ အခြားနေရာများသို့ ပြောင်းရွှေ့ရန် ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။

အောက်တိုဘာလ ၁ ရက်က ကက်တလိုနီးယားဒေသသည် ဒေသတွင်း အစိုးရအား မိမိတို့ သဘောဆန္ဒဖြင့် တင်မြှောက်မည့် လူထုဆန္ဒခံယူပွဲအား ကျင်းပခဲ့ကာ လွတ်လပ်ရေးအတွက် တစ်ဖက်သတ် ကြေညာခဲ့ခြင်း အတွက် စိုးရွံ့မှုများ ဖြစ်ပေါ်ခဲ့ပြီးနောက် ယခုလို ကုမ္ပဏီများ ဒေသအတွင်းမှ ရုပ်သိမ်းခြင်းများ ဖြစ်လာခဲ့သည်။

အဆိုပါ လူထုဆန္ဒခံယူပွဲသည် တရားမဝင်ကြောင်း စပိန် အခြေခံ ဥပဒေ တရားရုံးက ကြေညာခဲ့သည်။

စပိန်နိုင်ငံ အစိုးရသည် ထို ဆန္ဒခံယူပွဲပြီးနောက် ကုမ္ပဏီများအနေဖြင့် ကက်တလိုနီးယားမှ ထွက်ခွာပြီး သက်ဆိုင်ရာ ရုံးချုပ်များအား စပိန်နိုင်ငံအတွင်း အခြားနေရာများသို့ ပြောင်းရွှေ့ရာတွင် လွယ်ကူစေရန် အမိန့် တစ်ရပ် ထုတ်ပြန်ခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.