Connect with us

Europe

တရုတ်ဖွံ့ဖြိုးရေးကုမ္ပဏီသည် ဘာမင်ဟမ်တွင် အမေရိကန်ဒေါ်လာ ၂.၇ ဘီလီယံ တန်ဖိုးရှိ ရင်းနှီးမြှုပ်နှံမှုပြုလုပ်ရန် လက်မှတ်ရေးထိုး

ဘာမင်ဟမ်တွင် တရုတ်ဖွံ့ဖြိုးရေးကုမ္ပဏီက တည်ဆောက်မည့် အဆောက်အအုံသရုပ်ပြပုံအားတွေ့ရစဉ်(ဓာတ်ပုံ-အင်တာနက်)

လန်ဒန် ၊ စက်တင်ဘာ ၇ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ၏ အဓိကဖွံ့ဖြိုးရေးကုမ္ပဏီတစ်ခုသည် အင်္ဂလန်နိုင်ငံ ဒုတိယအကြီးဆုံးမြို့ဖြစ်သော ဘာမင်ဟမ်မြို့တွင် အမေရိကန်ဒေါ်လာ ၂.၇ ဘီလီယံ တန်ဖိုး ရင်းနှီးမြှုပ်နှံမှုပြုလုပ်ရန် စက်တင်ဘာလ ၆ ရက်က သဘောတူလက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။

မြို့တော်ဥယျာဉ်တည်ဆောက်ရေး ရင်းနှီးမြှုပ်နှံမှုကော်မတီက ထုတ်ပြန်သော ပူးတွဲ ကြေညာချက်တွင် ဘာမင်ဟမ်မြို့တော်ကောင်စီ အကြီးအကဲ John Clancy က လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။
ဘာမင်ဟမ်မြို့တော် နယ်နိမိတ်အတွင်း အသစ်တစ်ဖန် မွမ်းမံတည်ဆောက်ရေး နှင့် HS2 ( မြန်နှုန်းမြင့်ရထားလမ်း) တည်ဆောက်ရေး ရင်းနှီးမြှုပ်နှံမှုအတွက် တရုတ်နိုင်ငံ ဂွမ်ဒေါင်း(Guangdong)မြို့အခြေစိုက် ကုမ္ပဏီတစ်ခုက အကြီးစားရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
ဘာမင်ဟမ်မြို့အိမ်ယာသစ်တည်ဆောက်ရေး နှင့် ပတ်ဝန်းကျင်စိမ်းလန်းစိုပြေရေး လုပ်ဆောင်ရန်အတွက် အခြားအစုစပ် ကုမ္ပဏီနှစ်ခုလည်း မြေယာဖော်ထုတ်ရေးအစီအစဉ်တွင် ပူးပေါင်းပါဝင်သွားမည်ဖြစ်ကြောင်း သိရသည်။
Clancy သည် လက်ရှိတွင် တရုတ်နိုင်ငံသို့တစ်ဖက်ကြာကုန်သွယ်ရေး လုပ်ငန်းတာဝန်ဖြင့် သွားရောက်နေပြီး အိမ်ယာတည်ဆောက်ရေးအတွက် ငွေကြေးအလုံးအရင်း အတွက် ရင်းနှီးမြှုပ်နှံမှုများရှာဖွေရန် နှင့် အ၎င်းအနေဖြင့် ဘာမင်ဟမ်မြို့၌ အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးခြင်းများ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ကောင်စီပြောခွင့်ရပုဂ္ဂိုလ်က ဆိုသည်။
Clancy ၏ ကြေညာချက်တွင် “ ဘာမင်ဟမ်ကို စီးပွားရေးအတွက် ဖွင့်လှစ်လိုက်ပါပြီ” ဟု ဖော်ပြထားသည်။ ထို့ပြင် အီးယူမှ ဗြိတိန်နှုတ်ထွက်ရန် ဆုံးဖြတ်ခဲ့ပြီးနောက်တွင် အခင်းအကျင်းပုံစံမှာ လုံးဝပြောင်းလဲသွားပြီဖြစ်ကြောင်း နှင့် အာမင်ဟမ်မြို့သည် အတားအဆီးများမှ စတင်ရုန်းထွက်နေပြီဖြစ်ကြောင်း ၊ ယခုလက်မှတ်ရေးထိုးလိုက်သည့် သဘောတူညီချက်သည် ဘာမင်ဟမ်မြို့အတွက် အရည်အသွေးပြည့်မီသော အိမ်ယာများ နှင့် အလုပ်အကိုင်ကောင်းများ ဖန်တီးပေးသွားမည်ဖြစ်ကြောင်း ဖော်ပြပါရှိသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.