Connect with us

Europe

ပေါ်တူဂီ တောင်ပိုင်းတွင် ရှို့မီးကြောင့် မီးလောင်ကျွမ်းခဲ့ရာ နေထိုင်သူများအား ရွှေ့ပြောင်းပေးခဲ့ရ

ပေါ်တူဂီတွင် မီးလောင်ကျွမ်းမှုအား မီးသတ်သမား တစ်ဦးက မီးငြှိမ်းသတ်နေစဉ် (ဓာတ်ပုံ- အင်တာနက်)

လစ္စဘွန်း၊ စက်တင်ဘာလ ၅ ရက် (ဆင်ဟွာ)

ပေါ်တူဂီနိုင်ငံ တောင်ပိုင်းတွင် ရှို့မီးမှတဆင့် မီးလောင်ကျွမ်းခဲ့ရာ သက်ကြီးရွယ်အိုများနှင့် မသန်စွမ်းသူများစွာ ကို စက်တင်ဘာလ ၄ ရက်က ရွှေ့ပြောင်းပေးခဲ့ရကြောင်း ဒေသခံ မီဒီယာက သတင်းတင်ပြထားသည်။

အဆိုပါ မီးလောင်ကျွမ်းမှုသည် ပေါ်တူဂီနိုင်ငံတောင်ပိုင်း ခရီးသွားဧည့်သည်များ လာရောက်လေ့ရှိသော နာမည်ကြီးနေရာ ဖြစ်သည့် Monchique နယ်မြေတွင် စက်တင်ဘာလ ၃ ရက် နေ့လည်ပိုင်း၌ မီး စတင် လောင်ကျွမ်းခဲ့ခြင်း ဖြစ်သည်။
မီးရှို့ခဲ့သူဟု သံသယရှိသော အသက် ၄၉ နှစ်အရွယ် အမျိုးသား တစ်ဦးအား အခင်းဖြစ်ပွားသည့်နေရာတွင်ပင် မီးရှို့နေစဉ်အချိန်၌ ဖမ်းဆီးမိခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။
အဆိုပါ မီးလောင်ကျွမ်းမှုသည် မတော်တဆမဟုတ်ဘဲ ရည်ရွယ်ချက်ရှိရှိဖြင့် လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း Publico သတင်းစာက တင်ပြထားသည်။
လက်ရှိတွင် မီးလောင်ကျွမ်းမှုကြောင့် နေအိမ် ပျက်စီးမှုများ မရှိသေးကြောင်းနှင့် မီးခိုးငွေ့များ ရှုရှိုက်မိသည့် အတွက် အမျိုးသမီး တစ်ဦးသာလျှင် ဒဏ်ရာ အနည်းငယ် ရရှိခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.