Europe
စပိန်လူမျိုး ဂျာနယ်လစ် သုံးဦး ဆီးရီးယားတွင် ပြန်ပေးဆွဲခံရ

မက်ဒရစ်၊ ဇူလိုင် ၂၂ ရက် (ဆင်ဟွာ)
စပိန်လူမျိုး ဂျာနယ်လစ် သုံးဦး သည် ဆီးရီးယားနိုင်ငံ အလက်ပိုမြို့ ဝန်းကျင်တွင် ပြန်ပေးဆွဲခံရပြီး ပျောက်ဆုံးနေဆဲ ဖြစ်ကြောင်း စပိန် သတင်းဌာနက ထုတ်ပြန်ထားပါသည်။
အလွတ်တန်း သတင်းထောက်များ ဖြစ်သော အန်တိုနီယို ပမ်ပလီဂါ (Antonio Pampliega) ၊ ဂျို့မန်နျူရယ် လိုပက်စ် (Jose Manuel Lopez) ၊ အိန်ဂျယ် စက်စတာ( Angel Sastre) တို့ သုံးဦးသည် ဇူလိုင်လ ၁၀ ရက်နေ့၌ တူရကီ ကိုဖြတ်၍ ဆီးရီးယား မြို့ကို ဝင်ရောက်ခဲ့ ပြီး ၂ ရက်အကြာတွင် အဆက်အသွယ် ပြတ်တောက် သွားခဲ့ကြောင်း စပိန် သတင်းစာဆရာ အသင်းချုပ် အတည်ပြု ပြောကြား ခဲ့ပါသည်။
သူတို့ သုံးဦးသည် ဆီးရီးယားနိုင်ငံ အတွင်း စပိန် သတင်းထောက်များ ပြန်ပေးဆွဲခံရခြင်းမှာ ပထမဆုံး မဟုတ်ဘဲ El Mundo သတင်းစာမှာ လုပ်ကိုင်နေသော ဂျာဗီယာ အက်စ်ပီနိုဆာ ( Javier Espinova) နှင့် အလွတ်တန်း သတင်း ဓာတ်ပုံဆရာ ရစ်ချက်ဒို ဂါစီယာ ဗီလန်နိုဗာ (Ricardo Garcia Vilanova) တို့သည်လည်း ဆီးရီးယားနိုင်ငံ အတွင်းမှာ ပဲ ၂၀၁၄ ခုနှစ် အတွင်းက ပြန်ပေးဆွဲ ခံခဲ့ရပြီး ရက်ပေါင်း ၁၉၄ ရက်အကြာ ယခုနှစ် မတ်လတွင် ပြန်လည် လွတ်မြောက် လာခဲ့သည်။ (Xinhua)