Connect with us

Politics, Law & Military

“ပြည်သူ့သဘောထားများကို ပုံဖော်ခြင်းမှသည် စဉ်ဆက်မပြတ် ဖွံ့ဖြိုးသော ပန်းတိုင်များ ဆီသို့” ရည်ရွယ်ချက်ဖြင့် အေဆပ် (ASEF) ဂျာနယ်လစ် ဆွေးနွေးပွဲ ကျင်းပ

၁၁ ကြိမ်မြောက် အေဆပ် ဂျာနယ်လစ် ဆွေးနွေးပွဲတွင် စုပေါင်း မှတ်တမ်းတင် ရိုက်ကူးနေစဉ်(ဆင်ဟွာ)

နေပြည်တော် ၊ နိုဝင်ဘာ ၁၈ ရက်(ဆင်ဟွာ)

၁၁ ကြိမ်မြောက် အေဆပ် ဂျာနယ်လစ် ဆွေးနွေးပွဲ(11th Asia-Europe Foundation Journalists’ Seminar)အား “ပြည်သူ့သဘောထားများကို ပုံဖော်ခြင်းမှသည် စဉ်ဆက်မပြတ် ဖွံ့ဖြိုးသော ပန်းတိုင်များ ဆီသို့”ရည်ရွယ်ချက်ဖြင့် ယနေ့နိုဝင်ဘာ ၁၈ ရက်တွင် နေပြည်တော်၌ စတင် ကျင်းပ ပြုလုပ်ခဲ့သည်။

ထို အေဆမ် (ASEF) ဂျာနယ်လစ် ဆွေးနွေးပွဲ ဖွင့်ပွဲတွင် ပြန်ကြားရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ ဖေမြင့်က မြန်မာနိုင်ငံ အနေဖြင့် အေဆပ်(ASEF) ဆွေးနွေးပွဲကို ပထမဆုံး လက်ခံ ကျင်းပခြင်း ဖြစ်ပြီး အာဆီယံနိုင်ငံထဲတွင် တတိယမြောက် လက်ခံ ကျင်းပသည့် နိုင်ငံ ဖြစ်ကြောင်း အဖွင့်မိန့်ခွန်းတွင် ထည့်သွင်း ပြောကြားခဲ့သည်။

ပြန်ကြားရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ ဖေမြင့်က ဆွေးနွေးပွဲတွင် အဖွင့် မိန့်ခွန်း ပြောကြားနေစဉ်(ဆင်ဟွာ)

စဉ်ဆက်မပြတ် ဖွံ့ဖြိုး တိုးတက်ရေး ပန်းတိုင်များသည် အနာဂတ် အတွက် အရေးပါသည့် တွန်းအားများ ဖြစ်သကဲ့သို့အောင်မြင်အောင် ဆောင်ရွက်နိုင်ရန် ကဏ္ဍအားလုံး၏ တာဝန်ယူမှုလည်း ဖြစ်ကြောင်း ၊ “ပြည်သူ့သဘောထားများကို ပုံဖော်ခြင်းမှသည် စဉ်ဆက်မပြတ် ဖွံ့ဖြိုးသော ပန်းတိုင်များ ဆီသို့”ဆိုသည့် ရည်မှန်းချက်များကို ပုံဖော်နိုင်ရန် ကြီးကျယ် ခမ်းနားသည့် တာဝန်ယူ ဆောင်ရွက်နိုင်သည့် အပေါ် မီဒီယာ လောကသားများ အတွက်လည်း ဂုဏ်ယူစရာ ဖြစ်ကြောင်း ၊ ပူးပေါင်း ဆောင်ရွက်မှု ပိုမို မြှင့်တင်နိုင်ရန် မျှော်လင့်ပါကြောင်း ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ ဖေမြင့်က ထည့်သွင်း ပြောကြားခဲ့သည်။

Asia-Europe Foundation(ASEF) ၏ အမှုဆောင် ဒါရိုက်တာ Ambassador Karsten WARNECKE က ဆွေးနွေးပွဲတွင် အဖွင့် မိန့်ခွန်း ပြောကြားနေစဉ်(ဆင်ဟွာ)

၁၁ ကြိမ်မြောက် အေဆပ် ဂျာနယ်လစ် ဆွေးနွေးပွဲတွင် တက်ရောက်လာသူများအား တွေ့ရစဉ်(ဆင်ဟွာ)

Asia-Europe Foundation(ASEF) ၏ အမှုဆောင် ဒါရိုက်တာ Ambassador Karsten WARNECKE က အဖွင့် မိန့်ခွန်း ပြောကြားရာတွင် ပြန်ကြားရေး ဝန်ကြီးဌာန အနေဖြင့် ယခု ဆွေးနွေးပွဲကို ပံ့ပိုး ကူညီ ပေးသည့် အတွက် ကျေးဇူး တင်ရှိကြောင်း ၊ ASEF ဂျာနယ်လစ်များနှင့် တွေ့ဆုံခွင့် ရသည့် အတွက် ဝမ်းသာ ဂုဏ်ယူမိကြောင်း ၊ ယခု ဆွေးနွေးပွဲမှ အတွေ့အကြုံများစွာ ရရှိမည်ဟု ထင်မြင်မိပါကြောင်း ပြောကြားခဲ့သည်။

ယခုနှစ်သည် ASEF တည်ထောင်ခြင်း ၂၁ နှစ်ပြည့် ဖြစ်ကြောင်း ၊ အာရှ-ဥရောပ ပူးပေါင်း ဆောင်ရွက်မှုများ တိုးမြှင့်နိုင်ရန် အေဆမ် နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေးတွင် ဆွေးနွေးသွားကြမည် ဖြစ်ကြောင်း ၊ ယခု ဆွေးနွေးပွဲတွင် ASEF မီဒီယာများ အနေဖြင့် အတွေ့အကြုံများကို အချင်းချင်း ဖလှယ် ဆွေးနွေးသွားကြမည် ဖြစ်ပြီး ရေရှည် ဖွံ့ဖြိုး တိုးတက်မှု ရရှိရေး အတွက် ဆောင်ရွက်ရာတွင် တွေ့ကြုံရသည့် အခက်အခဲများ ကိုလည်း ဆွေးနွေးသွားကြမည် ဖြစ်ကြောင်း ၊ ASEF ဂျာနယ်လစ်များ အချင်းချင်း Media Network ပိုမို ခိုင်မာ အားကောင်းစေရန် နှင့် ပိုမို ပူးပေါင်း ဆောင်ရွက်မှုများ ရရှိရန် ဖြစ်ကြောင်း ၊ ယခု ဆွေးနွေးပွဲ နှစ်ရက်တာမှ ကောင်းမွန်သည့် ဆွေးနွေးချက် ရလဒ်များ ထွက်ပေါ်လာမည်ဟု ထင်မြင်ကြောင်း ၎င်းက ထည့်သွင်း ပြောကြားခဲ့သည်။

၁၁ ကြိမ်မြောက် အေဆပ် ဂျာနယ်လစ် ဆွေးနွေးပွဲ(11th Asia-Europe Foundation Journalists’ Seminar) ပထမနေ့တွင် သတင်းရေးသားခြင်းများနှင့် ပတ်သက်၍ မီဒီယာ အဖွဲ့အစည်း အသီးသီးမှ တာဝန်ရှိသူများ ပါဝင်၍ အဖွဲ့လိုက် ဆွေးနွေးခြင်းများ ၊ အလုပ်ရုံ ဆွေးနွေးပွဲများ ကျင်းပ ပြုလုပ်ခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.