Connect with us

Europe

ယူကရိန်းအတွက် ငွေကြေး ထောက်ပံ့မှု အသစ် အိုင်အမ်အက်ဖ် ခွင့်ပြု

အိုင်အမ်အက်ဖ် ပထမ လက်ထောက် မန်နေဂျင်း ဒါရိုက်တာ ဒေးဗစ် လစ်ပ်တန် ညီလာခံ တစ်ခုတွင် မိန့်ခွန်းပြောနေစဉ် (ဓာတ်ပုံ- IMF)

ဝါရှင်တန်၊ သြဂုတ် ၁ ရက် (ဆင်ဟွာ)

အပြည်ပြည်ဆိုင်ရာ ငွေကြေးရံပုံငွေ အဖွဲ့(IMF) ၏ အမှုဆောင်ဘုတ် အဖွဲ့သည် ယူကရိန်းနိုင်ငံအား ချေးငွေ အမေရိကန် ဒေါ်လာ ၁.၇ ဘီလီယံ ထုတ်ချေးပေးဖို့ သဘောတူကြောင်း သောကြာနေ့က ပြောကြားခဲ့သည်။

အဆိုပါ ချေးငွေသည် ယူကရိန်းနိုင်ငံအတွက် ပေးအပ်မည့် ပမာဏ အမေရိကန် ဒေါ်လာ ၁၇.၅ ဘီလီယံရှိသော လေးနှစ်တာ ကာလ ငွေကြေး ထောက်ပံ့မှု အစီအစဉ်၏ အစိတ်အပိုင်း တစ်ခုဖြစ်ပြီး လက်ရှိ အစီအစဉ်အောက် တွင် ပမာဏ ၆.၆၈ ဒေါ်လာ သုံးစွဲရန် ရှိသည်။

ချေးငွေအစီအစဉ် အတွင်း အစိုးရ၏ တိုးတက်မှုများ အပေါ် အိုင်အမ်အက်ဖ်က ပထမဆုံး ပြန်လည် သုံးသပ်မှု လုပ်ပြီးတဲ့ နောက်ပိုင်းမှာ ယခုလို ချေးငွေ အစီအစဉ်သစ် ထွက်ပေါ်လာခြင်း ဖြစ်ပြီး တိုင်းပြည်၏ စီးပွားရေး ပြန်လည် ထူထောင်ရန်၊ ပြင်ပတည် ငြိမ်ရေး ထိန်းသိမ်းရန်၊ ပြည်သူ့ဘဏ္ဍာခိုင်မာစေရန်၊ ငွေကြေးဆိုင်ရာ တည်ငြိမ်မှု ထိန်းသိမ်းရန် စသည့် ရည်ရွယ်ချက်များဖြင့် ပေးအပ်ခဲ့ခြင်း ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် အိုင်အမ်အက်ဖ် ကပြောထားပါသည်။

အိုင်အမ်အက်ဖ် ပထမ လက်ထောက် မန်နေဂျင်း ဒါရိုက်တာ ဒေးဗစ် လစ်ပ်တန် က ယူကရိန်း အစိုးရ အနေဖြင့် တိုင်းပြည် စီးပွားရေး အစီအစဉ်တွေ ဆောင်ရွက်ရာမှာ ခိုင်ခိုင်မာမာနဲ့ စတင် အကောင်အထည် ဖော်နေကြောင်း ထုတ်ပြန်ချက်တွင် ပြောသည်။

မူဝါဒများအား ချင့်ချိန်၍ ပြုပြင်ပြောင်းလဲမှုများအား ဆက်လက် ပြုလုပ်ခြင်းဖြင့် အနာဂတ်တွင် စီးပွားရေး တစ်ဆစ်ချိုး ပြန်လည် ကောင်းမွန်လာရန် အထောက်အပံ့ ဖြစ်စေကြောင်း လစ်ပ်တန် က ပြောပါသည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117