Connect with us

Europe

လင်းပိုင်နှင့် ထိပ်တိုက်ရင်ဆိုင်ခဲ့ရသည့် သြစတြေးလျ ရေလွှာလျှောစီးသမား

ရေလွှာလျှောစီးနေစဉ် လင်းပိုင် တစ်ကောင်နှင့် ထိပ်တိုက်တွေ့ဆုံနေစဉ် (ဓာတ်ပုံ-အင်တာနက်)

မဲလ်ဘုန်း၊ စက်တင်ဘာ ၂၆ ရက် (ဆင်ဟွာ)

အနောက် သြစတြေးလျနိုင်ငံ က အသက် ၁၃ နှစ်အရွယ် ရေလွှာလျှောစီးသမားတစ်ဦးသည် ရေလှိုင်းစီးနေစဉ် လင်းပိုင် တစ်ကောင်နှင့် ထိပ်တိုက်ရင်ဆိုင်ခဲ့ရကြောင်း သိရသည်။

အသက် ၁၄ နှစ်အောက် အနောက် သြစတြေးလျ ရေလွှာလျှောစီး ပြည်နယ် ချန်ပီယံ ဂျက် ဂရာဒစ်ဆန်သည် Perth မြို့ မြောက်ဘက်မှ ကီလိုမီတာ ၅၇၀ အကွာ အယ်လ်ဘာရီ ကမ်းရိုးတန်း၌ ရေလွှာလျှောစီးနေစဉ် လင်းပိုင်တစ်ကောင်း တိုက်ခိုက်ခံခဲ့ရခြင်း ဖြစ်သည်။
ပုလင်းနှာခေါင်း ပုံသဏ္ဍာန်ရှိ လင်းပိုင် တစ်ကောင်သည် ၎င်း၏ နောက်ဘက်မှ ကူးခတ်လာခဲ့သည့် မတော်တဆမှု ဖြစ်ရပ်အား ဂရာဒစ်ဆန်၏ ဖခင်က အွန်လိုင်းသို့ တင်ခဲ့သည်။
“လင်းပိုင်တွေ လာတာ ကျွန်တော် တွေ့လိုက်တယ်၊ ဘုရားရေ၊ ကျွန်တော့်ဆီ တည့်တည့် ကူးလာတာပဲ၊ ကျွန်တော် အံ့သြမှင်တက်မိသွားတယ်၊ ကျွန်တော့်ရဲ့ ဘုတ်ပြားကနေ ခုန်ထွက်ပြီးတော့ ရေထဲကို ဒိုင်ဗင် ထိုးဆင်းလိုက်တယ်” ဟု ဂရာဒစ်ဆန်က Fairfax မီဒီယာသို့ ပြောကြားခဲ့သည်။
လင်းပိုင်က ၎င်း၏ နှာခေါင်းဖြင့် ဘုတ်ပြားအား ထိုးခွဲလိုက်ပြီး ဂရာဒစ်ဆန်သည်လည်း ပခုံးနှင့် ကျောကုန်း နေရာများ၌ ဒဏ်ရာရရှိခဲ့သည်။ အဆိုပါ လင်းပိုင် အမျိုးအစားသည် အလေးချိန် ၁၅၀ မှ ၆၅၀ ကီလိုဂရမ် အကြား ရှိသော်လည်း ဂရာဒစ်ဆန်အနေဖြင့် ကြီးကြီးမားမား ဒဏ်ရာမရရှိခဲ့ဘဲ လွတ်မြောက်လာခဲ့ခြင်း ဖြစ်သည်။
လင်းပိုင် ကျွမ်းကျင်သူများ၏ ထင်မြင်ယူဆချက်အရ လင်းပိုင်များ ယခုလို ရေပေါ်သို့ ပေါ်ထွက်လာခြင်းသည် စွမ်းအင် ချွေတာလိုခြင်း သို့မဟုတ် ကျီစယ်လိုခြင်း အတွက်ကြောင့် အများဆုံး ဖြစ်နိုင်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.