Connect with us

Europe

၂၀၂၅ မတိုင်ခင် အကျဉ်းထောင်ခန်း ၁၆,၀၀၀ခန်း တိုးချဲ့တည်ဆောက်သွားရန် ပြင်သစ်မျှော်မှန်း

ပြင်သစ်နိုင်ငံရှိ အကျဉ်းထောင်တစ်ခု၏ အခန်းများအား တွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

ပါရီ၊ စက်တင်ဘာ ၂၁ ရက် (ဆင်ဟွာ)

ပြင်သစ်နိုင်ငံ တရားရေးရာဝန်ကြီး Jean-Jacques Urvoas က အကျဉ်းထောင်များအတွင်း အကျဉ်းသားဦးရေ ပြည့်ကျပ်လာခြင်းအား ကိုင်တွယ်ဖြေရှင်းရန်အတွက် ၂၀၂၅ခုနှစ် မတိုင်မီ အကျဉ်းထောင်ခန်း ၁၆,၀၀၀ခန်း တိုးချဲ့တည်ဆောက်သွားမည့် အစီအစဉ်တစ်ခုအား စက်တင်ဘာ ၂၀ ရက် က ကြေညာခဲ့သည်။

Val d’Oise မြို့ရှိ Fresnes အကျဉ်းထောင်သို့ ပြင်သစ်ဝန်ကြီး သွားရောက်ခဲ့စဉ်အတွင်း ၎င်းက အကျဉ်းထောင်များ၌ လူဦးရေ ပြည့်ကျပ်လာခြင်းအား အဆုံးသတ်ရန် နှင့် အခန်းတစ်ခန်းချင်းစီအတွက် အာမခံချက်ရှိစေရန် ရည်ရွယ်ထားသော တိကျခိုင်မာကောင်းမွန်သည့် စီမံကိန်း တစ်ခု အဖြစ် အကျဉ်းထောင်ခန်း တိုးချဲ့ခြင်းအား ထုတ်ဖော်ပြောကြားခဲ့သည်။
အကျဉ်းသားများ ပြည့်ကျပ်နေသော အကျဉ်းထောင်များသည် အကြမ်းဖက်အဖွဲ့အစည်းများအတွက် အစွန်းရောက်များ နှင့် စစ်သွေးကြွများအား စုဆောင်းပေးနေသည့် နေရာများအဖြစ်သတ်မှတ်နိုင်ကြောင်း သိရသည်။
ဝန်ကြီးက “ ကျွန်တော်တို့ ထပ်မစောင့်နိုင်တော့ပါဘူး။ အကျဉ်းသားတွေရဲ့ ဂုဏ်သိက္ခာ လေးစားတဲ့ အနေနဲ့ကော အစွန်းရောက်ဝါဒဘက်သို့ကူးပြောင်းသွားခြင်းကို ကာကွယ်တဲ့အနေနဲ့ကော အကျဉ်းထောင်ခန်းများကို ၈၀ရာခိုင်နှုန်းအထိ ရောက်ရှိအောင် ကြိုးစားသွားမှာပါ” ဟုပြောကြားခဲ့သည်။
Urvoas က အစီအစဉ်အရ ၂၀၂၅ခုနှစ်မတိုင်မီ အကျဉ်းထောင်အခန်းပေါင်း ၁၀,၃၀၀ နှင့် ၁၆,၁၄၃ခန်း အတွင်း တည်ဆောက်သွားရန်ဖြစ်ပြီး အကျဉ်းထောင်ခန်းများ အရေးတကြီးလိုအပ်နေသည့် Cote d’ Azur ဒေသ၊ Alpes ပြည်နယ်၊ ပြင်သစ်နိုင်ငံတောင်ပိုင်း၊ Toulouseမြို့ နှင့် IIe de France တို့တွင် အခန်းပေါင်း ၃၉၀၀ အား ၂၀၁၇ခုနှစ်တွင် အပြီးတည်ဆောက်သွားရန်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
အဆိုပါ စီမံကိန်းသည် ယူရိုငွေ ၁.၁ဘီလီယံ ( အမေရိကန်ဒေါ်လာ ၁.၂၂၈ဘီလီယံ) ကုန်ကျမည်ဖြစ်ကြောင်း ဝန်ကြီး၏ပြောကြားချက်အရသိရသည်။
ပြင်သစ်နိုင်ငံ၌ အကျဉ်းထောင်ပေါင်း ၁၈၇ခုရှိပြီး အကျဉ်းသားဦးရေ ၁၃၈ ရာခိုင်နှုန်းဖြင့် ရပ်တည်နေကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.