မော်စကို၊ မတ် ၁၅ ရက် (ဆင်ဟွာ) အာကာသယာဉ်မှူး သုံးဦးကို သယ်ဆောင်လာသော ဆိုယုဇ် MS-12 အာကာသယာဉ်သည် မတ် ၁၅ရက်တွင် နိုင်ငံတကာအာကာသစခန်း(ISS)သို့ အောင်မြင်စွာ ချိတ်ဆက်နိုင်ခဲ့ကြောင်း ရုရှားနိုင်ငံ၏ အာကာသကော်ပိုရေးရှင်း Roscosmos ကပြောကြားသည်။
ခရစ်ချာ့ချ်၊ မတ် ၁၅ ရက်(ဆင်ဟွာ) နယူးဇီလန်နိုင်ငံ ခရစ်ချာ့ချ်မြို့ တွင် မတ် ၁၅ ရက် နေ့လည်ပိုင်းက ဗလီ ၂ခု အပါအဝင် နေရာ ၆ခု၌ ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၉ဦးသေဆုံးကြောင်း သိရသည်။
လန်ဒန်၊ မတ် ၁၄ ရက်(ဆင်ဟွာ) ဗြိတိန်သည် မည်သည့်အခြေအနေမျိုးတွင်မဆို သဘောတူညီချက်မဲ့ ဥရောပသမဂ္ဂမှ နုတ်ထွက်ရန် ကန့်ကွက်ကြောင်းအဆိုကို ဗြိတိန်အောက်လွှွတ်တော်က မတ်လ ၁၃ ရက်တွင် မဲခွဲဆုံးဖြတ်ခဲ့ကြောင်း သိရသည်။
လန်ဒန်၊ မတ် ၁၃ ရက်(ဆင်ဟွာ) ဗြိတိန်အစိုးရနှင့် ဥရောပသမဂ္ဂအကြား သဘောတူညီမှုရရှိထားသည် Brexit သဘောတူညီချက် သည် မတ် ၁၂ ရက် ဗြိတိန်အောက်လွှတ်တော် မဲခွဲဆုံးဖြတ်ရာတွင် ထပ်မံပယ်ချခံခဲ့ရကြောင်း သိရသည်။ ဥရောပသမဂ္ဂမှ ဗြိတိန် သဘောတူညီချက်မဲ့ နုတ်ထွက်ရန် သို့မဟုတ် အချိန် ရွှေ့ဆိုင်း နုတ်ထွက်ရန် လာမည့်...
ဆာရာဂျေဗို ၊ မတ် ၁ဝ ရက်(ဆင်ဟွာ) ဘော့စနီးယား နှင့် ဟာဇီဂိုဗီနား ပြည်ထောင်စု စုံစမ်းစစ်ဆေးရေး နှင့် ကာကွယ်ရေးအေဂျင်စီ(SIPA) သည် ပမာဏအလွန်များပြားသည့် ရွှေ နှင့် ကျောက်မျက်ရတနာများကို မှောင်ခိုကူးရန် ကြိုးပမ်းမှုဖြင့် သံသယရှိသူ လူပေါင်း ၃ဝ ဦးအား ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း SIPA က...
အန်ကာရာ ၊ မတ် ၇ ရက်(ဆင်ဟွာ) တူရကီနိုင်ငံသမ္မတ အာဒိုဂန်က S-400 လေကြောင်းရန် ကာကွယ်ရေးစနစ်ဝယ်ရေးအတွက် ရုရှားနိုင်ငံနှင့် သဘောတူညီခဲ့ပြီးနောက် အနာဂတ်တွင် S-500 စနစ်ကိုပါ ဝယ်ယူရေး သဘောတူညီမှုအသစ်တစ်ခု လုပ်ဆောင်သွားနိုင်ဖွယ် ရှိကြောင်း မတ် ၆ ရက်တွင် ပြောကြားခဲ့သည်။
ဆစ်ဒနီ၊ မတ် ၆ ရက် (ဆင်ဟွာ) ဘူတန်နိုင်ငံမှ ရင်ချင်းဆက်အမွှာဖြစ်သော နီမာ (Nima) နှင့် ဒါဝါ (Dawa) တို့သည် သြစတြေးလျနိုင်ငံတွင် ခွဲစိတ်မှုခံယူပြီးနောက် လေးလနီးပါးအကြာတွင် မဲလ်ဘုန်းလေဆိပ်မှ မတ်လ ၆ ရက်တွင် ပြန်လည်ထွက်ခွာခဲ့ကြကြောင်း သိရသည်။
ပရက်ဂ်၊ မတ် ၆ ရက် (ဆင်ဟွာ) ချက်သမ္မတနိုင်ငံ အရှေ့တောင်ပိုင်း Brno မြို့ရှိ ဘူတာရုံတွင် မတ်လ ၅ ရက်နံနက်ပိုင်းက ရထားတိုက်မှု ဖြစ်ပွားခဲ့ပြီး လူ ၂၁ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ဟောင်ကောင်၊ မတ် ၁ ရက် (ဆင်ဟွာ) သြစတြေးလျနိုင်ငံ မက်ကွာရီကျွန်း၏ မြောက်အရှေ့မြောက်ဘက် ၁၂၅ ကီလိုမီတာတွင် အင်အား ၅.၈ ပမာဏရှိသော ငလျင်တစ်ခု မတ်လ ၁ ရက် နံနက် ၀၁း၀၂း၁၂ နာရီက လှုပ်ရှားသွားခဲ့ကြောင်း အမေရိကန်နိုင်ငံ ဘူမိဗေဒလုပ်ငန်းက ပြောကြားခဲ့သည်။
ပါရီ၊ ဖေဖော်ဝါရီ ၂၇ ရက်(ဆင်ဟွာ) Brexit အချိန် ဗြိတိန်ရွှေ့ဆိုင်းရန် ဆုံးဖြတ်မည်ဆိုပါက စဉ်းစားပေးမည်ဟု ပြင်သစ် သမ္မတ မိုက်ခရွန် နှင့် ဂျာမနီ ဝန်ကြီးချုပ်အန်ဂျလာမာကဲ က ဖေဖော်ဝါရီ ၂၇ တွင် ပါရီမြို့၌ ပြောကြားခဲ့ ကြောင်း သိရ သည်။