Connect with us

Europe

အီတလီ နိုင်ငံ က ကပ်ရောဂါ ကာကွယ်ထိန်းချုပ်မှုအား အရှိန်မြှင့် ၊ အရေးပေါ် အခြေအနေကို လာမည့်နှစ်ဆန်းပိုင်းထိ တိုးမြှင့်ထား

အီတလီ နိုင်ငံ ရောမမြို့ရှိ ပြည်သူများက နှာခေါင်းစည်း တပ်၍ သွားလာလှုပ်ရှားနေစဉ် (ဆင်ဟွာ)

ရောမ ၊ အောက်တိုဘာ ၈ ရက် (ဆင်ဟွာ)

အီတလီ နိုင်ငံအစိုးရ၏ အောက်တိုဘာ ၇ ရက်က နောက်ဆုံးထုတ်ပြန်ကြေညာခဲ့သည့် ကပ်ရောဂါ ထိန်းချုပ်ကာကွယ်ရေးဆိုင်ရာ ထုတ်ပြန်ချက်တွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကပ်ရောဂါ ကာကွယ်ထိန်းချုပ်မှုကို အရှိန်မြှင့်တင်ကြောင်း နှင့် နိုင်ငံတော် အရေးပေါ်အခြေအနေကို ၂၀၂၁ ခုနှစ် ဇန်နဝါရီလ ၃၁ ရက် အထိ တိုးမြှင့်ကြောင်း ထည့်သွင်းဖော်ပြထားသည်။

နောက်ဆုံးထုတ်ပြန်ခဲ့သည့် ကပ်ရောဂါ ကာကွယ်ထိန်းချုပ်မှု ဆောင်ရွက်ချက်အသစ် တွင် အောက်တိုဘာ ၈ ရက် မှ စတင်၍ တစ်နိုင်ငံလုံးရှိ အများပြည်သူနှင့်သက်ဆိုင်သော အဆောက်အဦနေရာအတွင်းအပြင်တွင် မဖြစ်မနေ နှာခေါင်းစည်း တပ်ဆင်ရမည် ဖြစ်ပြီး လူအသွားအလာ နည်းပါးသည့် မြို့ပြင်များ နှင့် ကိုယ်ပိုင်နေရာများ မပါဝင်ကြောင်း ၊ စည်းကမ်းချက်မလိုက်နာသူများအနေဖြင့် ယူရိုငွေ ၄၀၀ မှ ယူရိုငွေ ၁,၀၀၀ အထိ ဒဏ်ရိုက်ခံရမည်ဖြစ်ကြောင်း ၊ COVID-19 ရောဂါ ကူးစက်ခံရကြောင်း အတည်ပြုခဲ့ပြီး နေအိမ် အတွင်း သီးသန့်ခွဲခြားမနေထိုင်သူများ အား ယူရိုငွေ ၅၀၀ မှ ယူရိုငွေ ၅,၀၀၀ အထိ ဒဏ်ရိုက်သွားမည်ဖြစ်ပြီး ထောင်ဒဏ် ၁၈ လ လည်း ကျခံရနိုင်ကြောင်း ၊ ဗြိတိန် ၊ ဘယ်ဂျီယံ နှင့် နယ်သာလန် နိုင်ငံ တို့မှ အီတလီ နိုင်ငံ သို့ ဝင်ရောက်ပါ က မဖြစ်မနေ COVID-19 ရောဂါ စစ်ဆေးခံရမည် ဖြစ်ပြီး အီတလီ နိုင်ငံ နယ်စပ်ဒေသတွင် ရောဂါ စစ်ဆေးမှု တိုးမြှင့်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဖြည့်စွက်ဖော်ပြထားသည်။

အီတလီ နိုင်ငံ ကျန်းမာရေးဝန်ကြီးဌာန က စက်တင်ဘာ ၇ ရက်၌ နောက်ဆုံးထုတ်ပြန်ခဲ့သည့် ကြေညာချက်တွင် လွန်ခဲ့သည့် ၂၄ နာရီ အတွင်း COVID-19 ရောဂါ ထပ်မံကူးစက်ခံရသူ ၃,၆၇၈ ဦး တိုးမြင့်ခဲ့ရာ ယခုအခါနိုင်ငံတွင်း စုစုပေါင်း ၃၃၃,၉၄၀ ဦး အထိ ရောက်ရှိသွားပြီဖြစ်ကြောင်း ၊ COVID-19 ရောဂါ မှ ပြန်လည်ကောင်းမွန်လာသူ ၂၃၅,၃၀၃ ဦး ရှိခဲ့ပြီး သေဆုံးသူ စုစုပေါင်း ၃၆,၀၆၁ ဦးရှိကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.