ပါရီ၊ စက်တင်ဘာ ၁၈ ရက် (ဆင်ဟွာ) ပြင်သစ်နိုင်ငံတောင်ပိုင်း ရှိ Marseilleမြို့၏ ရထားဘူတာကြီး၌ စက်တင်ဘာ ၁၇ ရက် နံနက်ပိုင်းတွင် အမည်မသိအမျိုးသမီး တစ်ဦးက အမေရိကန်လူမျိုး ကမ္ဘာလှည့်ခရီးသွား အမျိုးသမီး ၄ဦး ကို ဟိုက်ဒရိုကလိုရစ်အက်စစ်ဖြင့် တိုက်ခိုက်ခဲ့ပြီး ၎င်းတို့အနက် ၂ဦးမှာ မျက်နှာတွင် အက်စစ်ထိမှန်ခဲ့ကြောင်း...
မော်စကို ၊ စက်တင်ဘာ ၁၇ ရက်(ဆင်ဟွာ) ရုရှားနိုင်ငံ အနောက်တောင်ပိုင်း Voronezh ဒေသရှိ Borisoglebsk လေယာဉ်ကွင်းအနီးတွင် စက်တင်ဘာလ ၁၆ ရက်က Yakovlev Yak-130 Mitten subsonic အမျိုးအစား စစ်လေယာဉ်တစ်စင်းသည် လေ့ကျင့်ပျံသန်းစဉ်အတွင်း ပျက်ကျသွားခဲ့ကြောင်း ရုရှားနိုင်ငံကာကွယ်ရေးဝန်ကြီးဌာနက ဆိုသည်။
လန်ဒန်၊ စက်တင်ဘာ ၁၆ ရက် (ဆင်ဟွာ) ဗြိတိန်နိုင်ငံ အရှေ့တောင်ပိုင်းရှိ Dover မြို့တွင် အသက် ၁၈ နှစ်အရွယ်အမျိုးသား တစ်ဦးအား စက်တင်ဘာလ ၁၅ ရက်က လန်ဒန်မြို့ မြေအောက် ရထားဘူတာရုံ ပေါက်ကွဲမှုနှင့် ဆက်စပ်မှုရှိသည်ဟု သံသယရှိမှုဖြင့် စက်တင်ဘာလ ၁၆ ရက်တွင် ဗြိတိန်...
လန်ဒန်၊ စက်တင်ဘာ ၁၅ ရက် (ဆင်ဟွာ) လန်ဒန် အနောက်ပိုင်းရှိ မြေအောက် ရထားဘူတာရုံ တစ်ခုတွင် စက်တင်ဘာလ ၁၅ ရက် နံနက်ပိုင်းက ပေါက်ကွဲမှု တစ်ခု ဖြစ်ပွားခဲ့ရာ ခရီးသည်များ ထွက်ပြေးခဲ့ကြောင်း ဗြိတိန်နိုင်ငံ အရေးပေါ်လုပ်ငန်းက ပြောကြားခဲ့သည်။
ပါရီ၊ စက်တင်ဘာ ၁၃ ရက် (ဆင်ဟွာ) ပြင်သစ်နိုင်ငံပိုင် Corse ကျွန်း တွင် စက်တင်ဘာ ၁၂ ရက်က ကမ္ဘာလှည့်ခရီးသည်တင်လေယာဉ်တစ်စီး ပျက်ကျခဲ့မှုကြောင့် လူ၄ဦးသေဆုံးခဲ့ကြောင်း ပြင်သစ်မီဒီယာက ဖော်ပြခဲ့သည်။
ပါရီ ၊ စက်တင်ဘာ ၁၁ ရက်(ဆင်ဟွာ) အသက် ၄နှစ် နှင့် ၅ နှစ် အရွယ် ကလေးငယ် နှစ်ဦး နှင့် ၎င်းတို့၏ မိခင် အပါအဝင် မိသားစု တစ်ခုတည်းမှ မိသားစုဝင် လေးဦးတို့သည် ပြင်သစ်နိုင်ငံ အရှေ့မြောက်ပိုင်း Oise ဒေသရှိ ဘူတာရုံတစ်ခု၌...
မော်စကို ၊ စက်တင်ဘာ ၁ဝ ရက် (ဆင်ဟွာ) ရုရှားနိုင်ငံ မော်စကိုမြို့တော် တည်ထောင်ခြင်း နှစ် ၈၇ဝ ပြည့် အခမ်းအနားကို ယခုရက်သတ္တပတ်အတွင်း မော်စကိုမြို့တော် အနှံ့အပြား၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
မော်စကို ၊ စက်တင်ဘာ ၁ ရက် (ဆင်ဟွာ) ရုရှား နိုင်ငံ သမ္မတ ပူတင် က ကိုရီးယား ကျွန်းဆွယ်အရေး အဖြေရှာ ရာတွင် တွေ့ဆုံဆွေးနွေးမှု များ ဆောင်ရွက်ခြင်းဖြင့် ဖြေရှင်းသင့်ပြီး ဖိအားပေးမှု များပြုလုပ်ခြင်းဖြင့် မဖြေရှင်းသင့်ကြောင်း စက်တင်ဘာ ၁ ရက်နေ့၌ ပြောကြားခဲ့သည်။
ဘရပ်ဆဲလ်၊ သြဂုတ် ၃၀ ရက် (ဆင်ဟွာ) ဘယ်လ်ဂျီယံနိုင်ငံတောင်ပိုင်း Bestogne မြို့အလယ်ပိုင်း စားသောက်ဆိုင်တစ်ဆိုင် နောက်ဘက်ရှိ အိမ်တစ်အိမ် တွင် ဒေသစံတော်ချိန် ည ၉နာရီ ၌ ဓါတ်ငွေ့ပေါက်ကွဲမှုတစ်ခုဖြစ်ပွားကြောင်း ပြည်တွင်းသတင်း၌ဖော်ပြခဲ့သည်။
ဘာလင် ၊ သြဂုတ် ၂၉ ရက် (ဆင်ဟွာ) ၂၀၁၅ ခုနှစ် တွင် လူနာနှစ်ဦး ကို အဆိပ်ထိုး သတ်ဖြတ်ခဲ့မှုဖြင့် ထောင်ဒဏ် တစ်သက်တစ်ကျွန်း ကျခဲ့သည့် အမျိုးသား သူနာပြု Niels H သည် အနည်းဆုံးလူပေါင်း ၉၀ ကျော်ကို သတ်ဖြတ်ခဲ့ကာ ဂျာမနီ...