မော်စကို ၊ မေ ၃၀ ရက် (ဆင်ဟွာ) ရုရှား နိုင်ငံ ၏ မြို့တော် မော်စကို တွင် မေလ ၂၉ ရက်နေ့ ညနေပိုင်း၌ မုန်တိုင်း စတင် တိုက်ခတ် ခဲ့သဖြင့် လက်ရှိချိန်တွင် ၁၁ ဦးသေဆုံးကာ ၅၀ ဦး ဒဏ်ရာရရှိစေခဲ့သည်။
မော်စကို၊ မေ ၂၆ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ နှင့် ရုရှားနိုင်ငံတို့သည် နယ်ပယ်ကဏ္ဍအသီးသီး၌ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုများကို နက်ရှိုင်းစွာ ဆောင်ရွက်ရန် နှင့် နိုင်ငံတကာ အရေးကိစ္စများတွင် လည်း ချိတ်ဆက်ဆောင်ရွက်မှု မြှင့်တင်သွားရန် မေလ ၂၅ ရက်က သဘောတူခဲ့ကြောင်း သိရသည်။
အေသင်၊ မေ ၂၆ ရက် (ဆင်ဟွာ) ဂရိနိုင်ငံ အေသင်မြို့လယ်ကောင်တွင် မေလ ၂၅ ရက်က ဂရိဝန်ကြီးချုပ်ဟောင်း Loukas Papademos လိုက်ပါလာသော ကားအတွင်း စာအိတ်ဗုံးတစ်လုံး ပေါက်ကွဲခဲ့ရာ ဝန်ကြီးချုပ်ဟောင်း ဒဏ်ရာအနည်းငယ်ရရှိခဲ့ကြောင်း ဂရိအမျိုးသား သတင်းဋ္ဌာန AMNA ၏ နောက်ဆုံးဖော်ပြချက်များအရ သိရသည်။
ထရိုင်ပိုလီ၊ မေ ၂၅ ရက် (ဆင်ဟွာ) မန်ချက်စတာမြို့ ဗုံးဖောက်ခွဲသူ၏ ဖခင်နှင့် အစ်ကိုဖြစ်သူတို့အား လစ်ဗျားနိုင်ငံ ထရိုင်ပိုလီမြို့တွင် ဖမ်းဆီးမိခဲ့ကြောင်း လုံခြုံရေး သတင်းရင်းမြစ် တစ်ဦးက ဆင်ဟွာသို့ ပြောသည်။
မက်ဒရစ်၊ မေ ၂၅ ရက် (ဆင်ဟွာ) စပိန်နိုင်ငံ တရားရုံးချုပ် က ဘာဆီလိုနာအသင်း ဘောလုံးသမား လီယွန်နယ် မက်ဆီ အား အခွန်တိမ်းရှောင်မှု ဖြင့် ထောင်ဒဏ် ၂၁ လ နှင့် ဒဏ်ငွေ ယူရို ၂သန်းပေးဆောင်ရမည့် အပြစ်ဒဏ်အား မေလ ၂၄ ရက်...
မော်စကို၊ မေ ၂၄ ရက် (ဆင်ဟွာ) ဖလစ်ပိုင်နိုင်ငံ သမ္မတ ရိုဒရီကို ဒူတာတေး က ဖိလစ်ပိုင်နိုင်ငံ အတွင်းရှိ IS စစ်သွေးကြွများအား တိုက်ခိုက်ရန် အတွက် လက်နက်များ ထောက်ပံ့ပေးရန် ရုရှားနိုင်ငံ သမ္မတ ဗလာဒီမာ ပူတင် အား တောင်းဆိုခဲ့ကြောင်း သိရသည်။
လန်ဒန်၊ မေ ၂၄ ရက် (ဆင်ဟွာ) ဗြိတိန်နိုင်ငံ၏ အကြမ်းဖက်မှု ခြိမ်းခြောက်ရေးအဆင့်အား ပြင်းထန်အဆင့်မှ အလွန်အရေးကြီးသော အဆင့်သို့ တိုးမြှင့်လိုက်ကြောင်း ဗြိတိန် ဝန်ကြီးချုပ် ထရီဆာမေက မေလ ၂၃ ရက်တွင် ကြေညာလိုက်သည်။
လန်ဒန်၊ မေ ၂၄ ရက် (ဆင်ဟွာ) မန်ချက်စကာ ကဇာတ်ရုံ တွင် လူအများအပြား သေဆုံးစေခဲ့သော အသေခံဗုံးခွဲသမား၏ အမည်မှာ ဆော်လမန် အဘီဒီ ဖြစ်ကြောင်း ရဲတပ်ဖွဲ့က မေ ၂၃ရက် နှောင်းပိုင်းတွင် ထုတ်ပြန်ကြေညာခဲ့သည်။
လန်ဒန် ၊ မေ ၂၃ (ဆင်ဟွာ) အင်္ဂလန်နိုင်ငံ မန်ချက်စတာ ကဇာတ်ရုံ၌ ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ အနည်းဆုံး လူပေါင်း ၅၉ ဦးထိခိုက်ဒဏ်ရာရခဲ့ကြောင်း နှင့် သေဆုံးသူ ၁၉ ဦးရှိသည်ကို အတည်ပြုနိုင်ခဲ့ကြောင်း Sky News ရုပ်သံသတင်းဌာနက မေလ ၂၃ ရက်တွင် ဖော်ပြခဲ့သည်။
မော်စကို၊ မေ ၂၀ ရက် (ဆင်ဟွာ) ရုရှားနိုင်ငံ သမ္မတ ဗလာဒီမာ ပူတင်နှင့် ဖိလစ်ပိုင်နိုင်ငံ သမ္မတ ဒူတာတေးတို့သည် မေလ ၂၅ ရက်တွင် မော်စကိုမြို့၌ တွေ့ဆုံမည် ဖြစ်ကြောင်း ကရင်မလင်နန်းတော်က မေလ ၂၀ ရက်တွင် ပြောကြားလိုက်သည်။