Connect with us

Europe

ပေါ်တူဂီ တောင်ပိုင်း တောမီးလောင်ကျွမ်းမှုကြောင့် လူ ၃၂ ဦး ဒဏ်ရာရ


လစ္စဘွန်း ၊ သြဂုတ် ၉ ရက်(ဆင်ဟွာ)

ပေါ်တူဂီ တောင်ပိုင်း Monchique ဒေသတွင် တောမီးလောင်ကျွမ်းမှုများ ရက်ဆက်ဖြစ်ပွားမှုကြောင့် မီးလောင်ကျွမ်းသည့် ဧရိယာသည် ဟက်တာ ၂၁၀၀၀ ကျော်ရှိကြောင်း ၊ လူ ၃၂ ဦး ဒဏ်ရာရပြီး ၁ ဦး မှာ ဒဏ်ရာပြင်းထန်ကြောင်း ဒေသခံမီဒီယာများ၏ သြဂုတ် ၈ ရက်နေ့တွင် ထုတ်ပြန်သည့် သတင်း များအရ သိရသည်။

တောမီးမှာ သြဂုတ် ၃ ရက် ညနေပိုင်းက စတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး လေတိုက်မှုကြောင့် နေရာ အနှံ့ကို ပျံ့နှံ့ခဲ့ခြင်းဖြစ်ရာ အနီးတဝိုက်ရှိ ကျေးရွာနေပြည်သူများ ဘေးလွတ်ရာသို့ တိမ်းရှောင်ခဲ့ရ ကြောင်း သိရသည်။

အရန်မီးသတ်ဌာနက သြဂုတ် ၈ ရက် ညပိုင်း ၇ နာရီခန့်က မီးသတ်သမား ၁၅၀၀ ကျော်၊ မီးသတ်ကား ၄၄၇ စီး၊ လေယာဉ် ၁၃ စီး စေလွှတ်၍ မီးငြိမ်းသတ်လျက်ရှိကြောင်း သိရသည်။

တောမီး ငြိမ်းသတ်နေသည်ကို တွေ့ရစဉ်(ဆင်ဟွာ)

လက်ရှိအခြေအနေအရကြည့်မည်ဆိုလျှင် တောမီးမှာဆက်လက်လောင်ကျွမ်းနိုင်ချေရှိပြီး မီးငြိမ်းသတ် မှု အခြေအနေ သိပ်မကောင်းကြောင်း ၊ အစိုးရအနေဖြင့် မီးဘေးသင့်ဒေသရှိ ပြည်သူတို့၏လုံခြုံရေးကို တတ်နိုင်သမျှ အစွမ်းကုန်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း၊ စိတ်အေးအေးထားပြီး ကူညီကယ်ဆယ် ရေးသမားများ၏ ညွှန်ကြားမှုကို လိုက်နာကြရန် ပေါ်တူဂီ ဝန်ကြီးချုပ် António Costa က သြဂုတ် ၈ ရက် တွင် ပြောကြားခဲ့သည်။

ယခုလ ၂ ရက်နေ့ မှ ၆ ရက်နေ့အထိ ပေါ်တူဂီတွင် အပူချိန်မြင့်မားခဲ့ရာ အမြင့်ဆုံးအပူချိန်မှာ ၄၀ ဒီဂရီ စင်တီဂရိတ်ရှိပြီး အချို့နေရာများတွင် ၄၅ ဒီဂရီ စင်တီဂရိတ် ကျော် ရှိကြောင်း ၊ အပူချိန်မြင့်မားမှု များ ကြောင့် မီးငြိမ်းသတ်ရာတွင် အခက်အခဲဖြစ်နေကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.