Connect with us

Europe

မန်ချက်စတာမြို့ သေနတ်ပစ်ခတ်မှု တွင် ဒဏ်ရာရရှိသူ ၁၀ဦးကို ဆေးရုံသို့ ပို့ဆောင်


လန်ဒန်၊ သြဂုတ် ၁၃ ရက် (ဆင်ဟွာ)

ဗြိတိန်နိုင်ငံ မန်ချက်စတာမြို့ Moss Side ဧရိယာတွင် သြဂုတ် ၁၂ ရက် အစောပိုင်းက ပြုလုပ်သော လမ်းမပေါ်ကျင်းပသည့် ပါတီပွဲတစ်ခု တွင် ပစ်ခတ်မှုတစ်ခုဖြစ်ပွားပြီးနောက် ကလေးငယ် ၂ဦး အပါအဝင် ဒဏ်ရာရရှိသူ ၁၀ဦးကို ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း ဗြိတိန်ရဲတပ်ဖွဲ့ကပြောကြားခဲ့သည်။

လက်နက်ကိုင် ရဲတပ်ဖွဲ့ဝင်များသည် အခင်းဖြစ်ပွားရာ လမ်းမသို့ သြဂုတ် ၁၂ရက် ဒေသစံတော်ချိန် နံနက် ၂း၃၀နာရီတွင် အလျင်အမြန်ရောက်ရှိလာခဲ့ကြသည်။ အနီးအနားရှိ ပန်းခြံတစ်ခုတွင် ကာရေဘီယံကာနီဗယ်ပွဲတော်အပြီး အဆိုပါ ပါတီပွဲအား ဆက်လက်ကျင်းပခဲ့ခြင်းဖြစ်ကြောင်း သိရသည်။အန္တရာယ်ရှိသည့် ယင်းတိုက်ခိုက်မှုအပြီး အမျိုးသားတစ်ဦးမှာ ဒဏ်ရာအခြေအနေပြင်းထန်ပြီး အခြားလူ ၉ဦးမှာ ဒဏ်ရာအသေးစားများ ရရှိခဲ့ကြောင်း သိရသည်။

မန်ချက်စတာမြို့ လမ်းပေါ်ပါတီတစ်ခုတွင် သေနတ်ပစ်ခတ်မှုအပြီး ရဲကားများရောက်ရှိလာစဉ် (ဆင်ဟွာ)

မန်ချက်စတာမြို့ လမ်းပေါ်ပါတီတစ်ခုတွင် သေနတ်ပစ်ခတ်မှုအပြီး ရဲကားများရောက်ရှိလာစဉ် (ဆင်ဟွာ)

ယင်းပစ်ခတ်မှုတွင် အသုံးပြုခဲ့သည့်လက်နက်မှာ ပြောင်းတိုသေနတ်တစ်လက်ဖြစ်ပြီး စုံစမ်းစစ်ဆေးမှုများပြုလုပ်နေကြောင်း ရဲတပ်ဖွဲ့ကပြောကြားခဲ့သည်။ယင်းသို့ မဆင်မခြင်သေနတ်ပစ်ခတ်မှုဖြစ်ပွားချိန်တွင် မန်ချက်စတာမြို့ Moss Side ဧရိယာ၌ ကာရေဘီယံကာနီဗယ်ပွဲတော်အား လူရာနှင့်ချီ၍ ကျင်းပနေခဲ့ကြခြင်းဖြစ်ပြီး ကံကောင်းစွာပင် သေနတ်ပစ်ခတ်မှုကြောင့် သေဆုံးသူ မရှိကြောင်း ရဲတပ်ဖွဲ့က ဆက်လက်ပြောကြားခဲ့သည်။အနီးအနားရှိ Alexandra ပန်းခြံတွင် ကာနီဗယ်ပွဲတော်အား ကျင်းပပြီးနောက် အဆိုပါ ပါတီပွဲအား ယင်းနေရာတွင် နှစ်စဉ်ကျင်းပလေ့ရှိကြောင်း ဒေသခံများကပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.