ဆစ်ဒနီ၊ စက်တင်ဘာ ၁၈ ရက် (ဆင်ဟွာ) သြစတြေးလျနိုင်ငံသည် ကမ္ဘာပေါ်တွင် မွေးဖွားစရိတ် ဒုတိယအကြီးဆုံးနိုင်ငံ ဖြစ်ကြောင်း လေ့လာမှု အသစ် တစ်ခုက ဖော်ပြထားသည်။
ဗန်ကူးဗား၊ စက်တင်ဘာ ၁၈ ရက် (ဆင်ဟွာ) ကနေဒါနိုင်ငံ ဗန်ကူးဗားမြို့တွင် တည်ရှိသော ဗြိတိသျှ ကိုလံဘီယာ တက္ကသိုလ် (UBC) ကျောင်းဝင်းအတွင်း၌ အစိတ်အပိုင်းအများစုအား သစ်သားဖြင့် ဆောက်လုပ်ထားသည့် ကမ္ဘာ့အမြင့်ဆုံး သစ်သားအထပ်မြင့် အဆောက်အအုံ အား စက်တင်ဘာ ၁၅ ရက်က ဆောက်လုပ်ပြီးစီးခဲ့ကြောင်း သိရသည်။
ဘရာတစ္စလာဗာ၊ စက်တင်ဘာ ၁၇ ရက် (ဆင်ဟွာ) နယ်စပ် ကာကွယ်ရေး၊ လုံခြုံရေး၊ စီးပွားရေး ဖွံ့ဖြိုးမှုနှင့် လူငယ်များ၏ အနာဂတ်အတွက် နှင့်ပတ်သက်၍ ဥရောပ ခေါင်းဆောင်များအား အလေးထားရန် ပြင်သစ် သမ္မတ ဖရန်ဆွာ ဟော်လန်ဒီက စက်တင်ဘာလ ၁၆ ရက်က တိုက်တွန်းလိုက်သည်။
မော်စကို၊ စက်တင်ဘာ ၁၅ ရက် (ဆင်ဟွာ) ဟေးလုံကျန်းမြစ်အား ဖြတ်ကျော် တည်ဆောက်ထားသည့် တံတားအား ရုရှားနိုင်ငံဘက်ခြမ်းမှာ ပြီးစီးလုနီး ဖြစ်နေပြီး ၂၀၁၈ ခုနှစ် နှစ်လယ်ပိုင်းတွင် တရုတ်နိုင်ငံနှင့် ချိတ်ဆက်နိုင်မည် ဖြစ်ကြောင်း ရုရှား ပို့ဆောင်ရေး ဝန်ကြီး မက်ဆင် ဆိုကိုလေ့ာဗ်က စက်တင်ဘာလ ၁၄ ရက်၌...
မော်စကို၊ စက်တင်ဘာ ၁၄ ရက် (ဆင်ဟွာ) ကမ္ဘာ့တားမြစ်ဆေးတိုက်ဖျက်ရေး အေဂျင်စီ (WADA) ၏ ဒေတာဘေ့စ်အား မကြာသေးမီက ဟက်ကာများ တိုက်ခိုက်ခဲ့မှု တွင် မည်သည့်ပါဝင်မှုမှ မပြုလုပ်ခဲ့ကြောင်း ရုရှားက စက်တင်ဘာ ၁၃ ရက်တွင်ပြောကြားခဲ့သည်။
စက်တင်ဘာလ ၁၄ ရက် (ဆင်ဟွာ) အစ္စရေးနိုင်ငံ သမ္မတ(ဟောင်း) ရှီမွန်ပီရက်စ်(Shimon Peres) သည် လေဖြတ်ဝေဒနာခံစားရသဖြင့် စက်တင်ဘာလ ၁၃ ရက် ညနေပိုင်းက ဆေးရုံတင်လိုက်ရကြောင်း ၎င်း၏ ရုံးက ကြေညာချက်ထုတ်ပြန်ခဲ့သည်။
ဘာလင် ၊ စက်တင်ဘာလ ၁၄ ရက် (ဆင်ဟွာ) ပြီးခဲ့သော နှစ်က ပြင်သစ်နိုင်ငံ ပါရီမြို့အကြမ်းဖက်တိုက်ခိုက်မှု နှင့် ပတ်သက်ဆက်နွယ်နေသည့် အိုင်အက်စ်အကြမ်းဖက်သားများအဖြစ် သံသယ ရှိသူ သုံးဦးကို စက်တင်ဘာလ ၁၃ ရက် နံနက်ပိုင်းတွင် ဂျာမနီနိုင်ငံရဲတပ်ဖွဲ့ဝင်များက ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ပါရီ၊ စက်တင်ဘာ ၁၃ ရက် (ဆင်ဟွာ) ပြင်သစ်နိုင်ငံ သမ္မတ ဖရန်ဆွာ ဟော်လန်ဒီ (Francois Hollande) နှင့် ဂျာမနီဝန်ကြီးချုပ် အန်ဂျလာ မာကယ် (Angela Merkel) တို့သည် စက်တင်ဘာ ၁၅ရက်တွင် ပါရီမြို့၌ တွေ့ဆုံကာ Bratislava မြို့တွင် ကျင်းပမည့် ဥရောပသမဂ္ဂ...
ဆစ်ဒနီ၊ စက်တင်ဘာ ၁၂ ရက် (ဆင်ဟွာ) အနောက် သြစတြေးလျနိုင်ငံသား တစ်ဦးသည် ပိုကီမွန် ဂိုး ကစားနေစဉ် စက်တင်ဘာလ ၁၂ ရက်က Perth မြို့ရှိ Swan မြစ်အတွင်းသို့ ပြုတ်ကျခဲ့ကြောင်း ဒေသခံ မီဒီယာက သတင်းတင်ပြခဲ့သည်။
မက်ဒရစ် ၊ စက်တင်ဘာလ ၉ ရက် (ဆင်ဟွာ) ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(ဖီဖာ)သည် စပိန် ရီယဲလ်မက်ဒရစ် နှင့် အက်လက်တီကို ကလပ်အသင်းနှစ်သင်း၏ လူငယ်လေ့ကျင့်ရေးအစီအစဉ်တွင် အပြောင်းအရွှေ့ပြုလုပ်ရာ၌ ဥပဒေနှင့်အညီ ဆောင်ရွက်ခြင်း မရှိသဖြင့် ၎င်း ကလပ်အသင်းနှစ်သင်း၏ အပြောင်းအရွှေ့ဈေးကွက်ကို စက်တင်ဘာလ ၈ ရက်တွင် ပိတ်ပင်တားမြစ်လိုက်ကြောင်း သိရသည်။