Connect with us

Europe

လက်စက်စတာမြို့ ပေါက်ကွဲမှုတွင် လူ ၄ ဦး သေဆုံးကြောင်း ဗြိတိန် ရဲတပ်ဖွဲ့ပြော

လက်စက်စတာမြို့ ပေါက်ကွဲမှု မြင်ကွင်းအား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

လန်ဒန်၊ ဖေဖော်ဝါရီ ၂၆ ရက် (ဆင်ဟွာ)

ဗြိတိန်နိုင်ငံ အလယ်ပိုင်း လက်စက်စတာမြို့တွင် ဖေဖော်ဝါရီလ ၂၅ ရက် ဒေသစံတော်ချိန် ညနေပိုင်းက အဆောက်အဦ တစ်ခု၌ ပေါက်ကွဲမှု ဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၄ ဦး သေဆုံးပြီး အခြားသူ ၄ ဦးလည်း ဒဏ်ရာရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့က ဖေဖော်ဝါရီလ ၂၆ ရက်က ပြောကြားလိုက်သည်။

“သေဆုံးသူ လေးဦးရှိပြီးတော့ ဆေးရုံတက်နေသူ လေးဦးရှိနေပါတယ်။ အဲဒီထဲက တစ်ယောက်ကတော့ စိုးရိမ်ဖွယ် အခြေအနေမှရှိပါတယ်” ဟု လက်စက်စတာ ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ချက်တွင် ပြောကြားထားသည်။

ပေါက်ကွဲအား ပြင်းထန်မှုကြောင့် လောင်ကျွမ်းခဲ့သည့် မီးများအား မီးသတ်သမားများက တစ်ညလုံး ငြှိမ်းသတ်ခဲ့ရသည်ဟု ဆိုသည်။

အဆိုပါ ပေါက်ကွဲမှုနှင့် ပတ်သက်၍ လက်ရှိတွင် အကြမ်းဖက်မှုနှင့် ဆက်နွယ်မှုရှိသည်ကို မတွေ့ရှိရကြောင်း လက်စက်စတာ ရဲတပ်ဖွဲ့က ဖေဖော်ဝါရီလ ၂၅ ရက် ညပိုင်းက ပြောကြားခဲ့သည်။

ပေါက်ကွဲမှုကြောင့် မြို့လယ်ရှိ စတိုးဆိုင် တစ်ဆိုင်နှင့် နေအိမ် တစ်လုံး ပျက်စီးသွားခဲ့ကြောင်း၊ ပေါက်ကွဲအားကြောင့် နေအိမ်များ လှုပ်ခါသွားခဲ့ကြောင်း အနီးဝန်းကျင်ရှိ နေထိုင်သူများက ပြောကြားခဲ့သည်။

လက်စက်စတာမြို့သည် အင်္ဂလန်နိုင်ငံ အရှေ့ပိုင်း Midlands ဒေသတွင် တည်ရှိပြီး လန်ဒန်မှ ၁၄၀ ကီလိုမီတာခန့်အကွာ၌ တည်ရှိကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.