Connect with us

Europe

ပြင်သစ်နိုင်ငံ၌ အမျိုးသမီး ၁၀ ဦးလျှင် ၁ ဦးထက်မနည်းမှာ အဓမ္မကျင့်ခံခဲ့ရကြောင်း လေ့လာမှု တစ်ရပ်ကဆို

လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု ဆန့်ကျင်ရေး ပိုစတာတစ်ခုအား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ပဲရစ်၊ ဖေဖော်ဝါရီ ၂၅ ရက် (ဆင်ဟွာ)

ပြင်သစ်နိုင်ငံရှိ အမျိုးသမီး ၁၂ ရာခိုင်နှုန်းခန့်သည် ၎င်းတို့၏ ဘဝ၌ အနည်းဆုံး တစ်ကြိမ် အဓမ္မပြုကျင့် ခံခဲ့ရကြောင်း ဖေဖော်ဝါရီလ ၂၃ ရက်တွင် ထုတ်ပြန်ခဲ့သည့် လူထုစစ်တမ်း တစ်ခုအရ သိရသည်။

ပဲရစ် အခြေစိုက် ပညာရှင်များစုစည်းထားသော Jean Jaures ဖောင်ဒေးရှင်းက အသက် ၁၈ နှစ်နှင့် အထက် အမျိုးသမီး ၂၁၆၇ ဦးအား မေးမြန်းကာ လူထုစစ်တမ်း ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။

“အကြမ်းဖက်ခံရခြင်း၊ အကျပ်ကိုင်ခံရခြင်းနှင့် မျှော်လင့်မထားသော အခြေအနေများ၌ လိင်အကြမ်းဖက်ခံရခြင်း” ဟူ၍ ပြင်သစ်နိုင်ငံတွင် အဓမ္မပြုကျင့်မှုကို အဓိပ္ပါယ်ဖွင့်ဆိုထားပြီး စစ်တမ်း၌ ဖြေကြားခဲ့သည့် အမျိုးသမီး ၁၂ ရာခိုင်နှုန်းသည် ထိုသို့ ဖြစ်ရပ်များအား ခံခဲ့ရကြောင်း သိရသည်။

အဆိုပါ ဆုံးရှုံးနစ်နာသူ အမျိုးသမီး ၁၂ ရာခိုင်နှုန်းတွင် ၃၁ ရာခိုင်နှုန်းမှာ ၎င်းတို့၏ အဖော်များမှ ကျူးလွန်ခြင်း၊ ၁၉ ရာခိုင်နှုန်းမှာ ၎င်းတို့သိသောသူများမှ ကျူးလွန်ခြင်းနှင့် ၁၇ ရာခိုင်နှုန်းမှာ သူစိမ်းများမှ ကျူးလွန်ခြင်း ခံခဲ့ရကြောင်း သိရသည်။

နစ်နာသူအမျိုးသမီး ထက်ဝက်ခန့်မှာ ကလေးအရွယ် သို့မဟုတ် ဆယ်ကျော်သက်အရွယ်များ၌ ကျူးလွန်ခံရခြင်း ဖြစ်ကြောင်း စစ်တမ်းအရ သိရသည်။

အဆိုပါ စစ်တမ်းသည် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု ခံခဲ့ရသည့် အမျိုးသမီးများက တိတ်တဆိတ်မနေဘဲ အတွေ့အကြုံများ ဖလှယ်သည့် လှုပ်ရှားမှုမှ ထွက်ပေါ်လာခြင်း ဖြစ်သည်။ အဆိုပါ လှုပ်ရှားမှုသည် “MeToo”, “MyHarveyWeinstain”, “WhatWereYouWearing” နှင့် “SurvivorPrivilege” အပါအဝင် လူမှုမီဒီယာပေါ်တွင် လူသိများသည့် လှုပ်ရှားမှုများ ဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.