ဟာဗားနား၊ ဖေဖော်ဝါရီ ၂၆ ရက် (ဆင်ဟွာ) ရုရှားနိုင်ငံ ပထမ ဒုတိယနိုင်ငံခြားရေးဝန်ကြီး ဗလာဒီမာတီတော့ဗ် (Vladimir Titov) သည် ကျူးဘားနိုင်ငံသို့ အလုပ်သဘောခရီးအဖြစ် ရောက်ရှိနေကြောင်း ကျူးဘားနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနက ဖေဖော်ဝါရီလ ၂၅ ရက်တွင် ထုတ်ပြန်လိုက်သော ကြေညာချက်အရ သိရသည်။
ကာရာကပ်စ် ၊ဖေဖော်ဝါရီ ၂၄ ရက်(ဆင်ဟွာ) ကိုလံဘီယာနိုင်ငံနှင့် သံတမန်နှင့်နိုင်ငံရေးဆက်ဆံမှု ဖြတ်တောက်ကြောင်း ဗင်နီဇွဲလားနိုင်ငံ သမ္မတ နီကိုးလပ်စ် မာဒူရို (Nicolas Maduro)က ဖေဖော်ဝါရီ ၂၃ ရက်တွင် ကြေညာခဲ့သည်။
ကာရာကတ်စ်၊ ဖေဖော်ဝါရီ ၂၂ ရက် (ဆင်ဟွာ) ဗင်နီဇွဲလားနိုင်ငံ သမ္မတ နီကိုးလပ်စ် မာဒူရို (Nicolas Maduro) သည် ဘရာဇီးနိုင်ငံ နှင့် ထိစပ်နေသော နိုင်ငံတောင်ပိုင်း နယ်စပ်အား ပိတ်ပစ်ရန် ဖေဖော်ဝါရီ ၂၁ရက်က အမိန့်ပေးခဲ့ကြောင်း သိရသည်။
ကာရာကပ်စ်၊ဖေဖော်ဝါရီ ၂၀ ရက်(ဆင်ဟွာ) ဗင်နီဇွဲလား စစ်ဘက်ဆိုင်ရာက ပြည်ပအင်အားစုများ၏ အမိန့်ကို ဘယ်တော့မှ လက်ခံမည် မဟုတ် ကြောင်း ဗင်နီဇွဲလား ကာကွယ်ရေး ဝန်ကြီး Vladimir Padrino Lopezက ဖေဖော်ဝါရီ ၁၉ ရက်တွင် အလေးအနက်ထားပြောကြားခဲ့သည်။
လာပက်ဇ် ၊ ဖေဖော်ဝါရီ ၁၉ ရက်(ဆင်ဟွာ) ဘိုလီဗီးယားနိုင်ငံအနောက်တောင်ပိုင်းရှိ အဝေးပြေးလမ်းမတစ်ခုပေါ်တွင် ဘတ်စ်ကားတစ်စီး နှင့် မြေသယ်ကားတစ်စီးတို့ယာဉ်တိုက်မှုဖြစ်ပွားရာ အနည်းဆုံး လူ ၂၄ ဦးသေဆုံးပြီး အခြား ၁၅ ဦးထိခိုက်ဒဏ်ရာရခဲ့ကြောင်း ရဲတပ်ဖွဲ့၏ ကနဦးထုတ်ပြန်ချက်အရ သိရသည်။
ရီယိုဒီဂျနေးရိုး၊ ဖေဖော်ဝါရီ ၁၇ ရက် (ဆင်ဟွာ) ဘရာဇီးနိုင်ငံတွင် ပြီးခဲ့သည်လက ဆည်ပြိုကျမှုအပေါ် နောက်ယောင်ခံ စုံစမ်းထောက်လှမ်းမှု ပြုလုပ်ခဲ့ရာ ဆည်ပြိုကျမှုတွင် တာဝန်ရှိကြောင်း စွပ်စွဲခံထားရသည့် Vale သတ္တုတွင်း ကုမ္ပဏီကြီး၏ ဝန်ထမ်း ၈ ဦးအား အာဏာပိုင်များက ဖေဖော်ဝါရီလ ၁၅ ရက်က ဖမ်းဆီးခဲ့ကြောင်း သိရသည်။
မော်စကို၊ ဖေဖော်ဝါရီ ၁၃ ရက် (ဆင်ဟွာ) ဗင်နီဇွဲလားနိုင်ငံ၏ ပြည်တွင်းရေးကို အင်အားအသုံးပြုမှုများအပါအဝင် အမေရိကန်အနေဖြင့် ဝင်ရောက်စွက်ဖက်မှုမပြုရန် ရုရှားနိုင်ငံခြားရေးဝန်ကြီး Sergei Lavrovက အမေရိကန်ပြည်ထောင်စု၏ နိုင်ငံခြားရေးဝန်ကြီး Mike Pompeoကို ဖေဖော်ဝါရီ ၁၂ ရက်နေ့တွင် သတိပေးပြောကြားခဲ့ကြောင်း သိရသည်။
ကာရာကာ့စ် ၊ ဖေဖော်ဝါရီ ၁၃ ရက် (ဆင်ဟွာ) ဗင်နီဇွဲလား နိုင်ငံ သမ္မတ နီကိုးလပ်စ် မာဒူရို (Nicolas Maduro) က နိုင်ငံ အား တိုက်ပွဲ ခြိမ်းခြောက်မှု မှ ရုန်းထွက်စေလိုပြီး ငြိမ်းချမ်းသည့် အခြေအနေ အား ထိန်းသိမ်း သွားလိုကြောင်း ဖေဖော်ဝါရီ...
လီမာ၊ ဖေဖော်ဝါရီ ၁၂ ရက်(ဆင်ဟွာ) ပီရူးနိုင်ငံတောင်ပိုင်းတွင် ယခုရက်ပိုင်းများအတွင်း နေ့စဉ်ရက်ဆက်မိုးသည်းထန်စွာ ရွာသွန်းမှုများ ကြောင့် ရွှံ့နွံသဲကျောက်ရေစီးဆင်းခြင်း၊တောင်ပြိုခြင်းများဖြစ်ပွားခဲ့ရာ လက်ရှိအချိန်ထိ သေဆုံးသူ အနည်းဆုံး ၁၀ ဦး၊ အိုးမဲအိမ်မဲ့ဒုက္ခသည်ပေါင်း ၁၈၀၀ ရှိနေပြီဖြစ်ကြောင်း ပီရူးသမ္မတ Martín Vizcarraက ဖေဖော်ဝါရီ ၁၁ ရက်တွင် ပြောကြားခဲ့ကြောင်း သိရသည်။
ရီယိုဒီဂျနေးရိုး၊ ဖေဖော်ဝါရီ ၉ ရက် (ဆင်ဟွာ) ဘရာဇီးနိုင်ငံ ရီယိုဒီဂျနေးရိုးမြို့ရှိ ဘောလုံးကလပ် လေ့ကျင့်ရေးစင်တာတစ်ခုတွင် ဖေဖော်ဝါရီလ ၈ ရက်အစောပိုင်းက မီးလောင်မှုဖြစ်ပွားခဲ့ရာ အသက် ၁၄ နှစ်မှ ၁၆ နှစ်အရွယ် ကစားသမား ၁၀ ဦးသေဆုံးခဲ့ကြောင်း မီးသတ်ဌာနက ပြောကြားခဲ့သည်။