Connect with us

Latin America

အာဂျင်တီးနားနိုင်ငံ၏ သမ္မတဟောင်း ဖာနန်ဒိုဒီလာရူး အသက် ၈၁ နှစ်တွင် ကွယ်လွန်

အာဂျင်တီးနားနိုင်ငံ ၏ သမ္မတဟောင်း ဖာနန်ဒိုဒီလာရူး(Fernando de la Rua) အားတွေ့ရစဉ် (ဓာတ်ပုံ--အင်တာနက်)

ဗျူနိုအေးရိစ်၊ ဇူလိုင် ၁၀ရက် (ဆင်ဟွာ)

အာဂျင်တီးနားနိုင်ငံ ၏ သမ္မတဟောင်း ဖာနန်ဒိုဒီလာရူး(Fernando de la Rua) သည် ဇူလိုင်လ ၉ ရက်တွင် နှလုံးနှင့် ကျောက်ကပ်ပျက်စီး၍ ကွယ်လွန်ခဲ့ ကြောင်း ဒေသခံသတင်းတွင် ဖော်ပြခဲ့သည်။

အသက် ၈၁ နှစ်ရှိပြီဖြစ်သည့် သမ္မတဟောင်း နိုင်ငံရေးသမားအား ဗျူနိုအေးရိစ် မြို့ရှိ Fleming ဆေးရုံကို အလွန်စိုးရိမ်ရသည့် အခြေအနေဖြင့် ပို့ဆောင်ခဲ့ကြောင်း Telam နိုင်ငံံပိုင်သတင်းဌာန ၏ ဖော်ပြချက်အရ သိရသည်။

“ကျွန်တော်အနေဖြင့် သမ္မတဟောင်း ဖာနန်ဒိုဒီလာရူး ကွယ်လွန်ခြင်းအတွက် ဝမ်းနည်းမိပါတယ်။ သမ္မတဟောင်းက အာဂျင်တီးနားနိုင်ငံရဲ့ဒီမိုကရေစီလမ်းကြောင်း အတွက် အသိအမှတ်ပြုထိုက်သူတစ်ဦးဖြစ်ပါတယ်။ ကျွန်တော်တို့အနေနဲ့ ဒီအချိန်မှာ မိသားစုနဲ့ထပ်တူဝမ်းနည်းမိပါတယ်’’ ဟု အာဂျင်တီးနားနိုင်ငံ သမ္မတ မော်ရီစီယို မက်ခ်ရီ (Mauricio Macri) က ၎င်း၏ တွစ်တာစာမျက်နှာ တွင်ရေးသားခဲ့သည်။

အာဂျင်တီးနားနိုင်ငံ၏ သမ္မတဟောင်းတစ်ဦးဖြစ်သူ ခရစ္စတီးနားဖာနန်ဒက်ဇ်(Cristina Fernandez) ကလည်း သမ္မတဟောင်း ဖာနန်ဒိုဒီလာရူူူးကွယ်လွန်ခြင်းအတွက် သမ္မတ ၏ မိသားစုများ ၊ မိတ်ဆွေများ နှင့် ထပ်တူဝမ်းနည်းကြောင်း ၎င်း၏ တွစ်တာအကောင့်တွင် ဝမ်းနည်းကြောင်း ရေးသားခဲ့သည်။

ဒီလာရူး သည် ၂၀၁၆ ခုနှစ် က ၎င်း၏ဆီးအိမ်အတွင်းက ကင်ဆာကျိတ်ကို ခွဲထုတ်ခဲ့ကာ ပြီးခဲ့သည့်နှစ်တွင် နှလုံးအမောဖောက်မှု ဖြစ်ပွားခဲ့ပြီးသည့်နောက် နှလုံးခွဲစိတ်ကုသမှု ခံယူခဲ့ကြောင်း သိရသည်။

ဒီလာရူး သည် ၁၉၉၉ ခုနှစ် မှ ၂၀၀၁ ခုနှစ်အထိ တိုင်းပြည်အား ဦးဆောင်ခဲ့ပြီး ၊၂၀၀၁ ခုနှစ် လူထုအုံကြွမှုဖြစ်ပွားသည့်အချိန် တွင် ရာထူးမှ နှုတ်ထွက်ခဲ့သည်။

ဈာပနအခမ်းအနားကို ဗျူနိုအေးရိစ် မြို့ နှင့် ၆၀ ကီလိုမီတာ ကွာဝေးသော Pilarမြို့၊ အောက်မေ့ဖွယ်ပန်းခြံရှိ နိုင်ငံရေးသမားဟောင်းများ ၏ သုဿန်၌ ဇူလိုင်လ ၈ရက်တွင် ပို့ဆောင်သဂြိုဟ်ကျင်းပမည်ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.