Connect with us

Latin America

ဗင်နီဇွဲလား အစိုးရက အတိုက်အခံများနှင့် နောက်တစ်ကြိမ် တွေ့ဆုံဆွေးနွေးပွဲသို့တက်ရောက်မည် မဟုတ်ဟုဆို

ဗင်နီဇွဲလား နိုင်ငံ သမ္မတ နီကိုးလပ်စ်မာဒူရို ကို တွေ့ရစဉ် (ဆင်ဟွာ)

ကာရာကာ့စ် ၊ သြဂုတ် ၈ ရက်(ဆင်ဟွာ)

ဗင်နီဇွဲလား အစိုးရက အမေရိကန် အစိုးရ၏ နောက်ဆုံး ကြေညာခဲ့သော ပိတ်ဆို့အရေးယူမှုများအား ဆန့်ကျင်သည့် အနေဖြင့် ဗင်နီဇွဲလား အတိုက်အခံများနှင့် နောက်တစ်ကြိမ် တွေ့ဆုံဆွေးနွေးရေး အတွက် ဘာဘေးဒိုးစ်(Barbados) နိုင်ငံသို့တရားဝင် ကိုယ်စားလှယ် အဖွဲ့အား စေလွှတ်မည် မဟုတ်ဟု ဆုံးဖြတ်ခဲ့ကြောင်း သြဂုတ် ၇ ရက် ညပိုင်းတွင် ပြောကြားခဲ့ကြောင်း သိရသည်။

အဆိုပါ တွေ့ဆုံဆွေးနွေးမှုအား မူလက သြဂုတ် ၇ ရက် နှင့် ၈ ရက်တို့တွင် စီစဉ်ထားကြောင်း သိရသည်။

ထရန့်အစိုးရ အဖွဲ့သည် ဗင်နီဇွဲလား နိုင်ငံကို ပြင်းထန်ရက်စက်သည့် ရန်လိုကျူးကျော်မှုတွေကို အဆက်မပြတ် ပြုလုပ် နေသည့် အတွက် ဗင်နီဇွဲလား ကိုယ်စားလှယ် အဖွဲ့ကို စေလွှတ်ခြင်း မပြုရန် ဗင်နီဇွဲလားနိုင်ငံ သမ္မတ နီကိုးလပ်စ် မာဒူရို(Nicolas Maduro) က ဆုံးဖြတ်ခဲ့ကြောင်း ကိုယ်စားလှယ် အဖွဲ့ခေါင်းဆောင် Jorge Rodriguez က သြဂုတ် ၇ ရက် ညပိုင်းတွင် ထုတ်ပြန်သော ကြေညာချက် တစ်ရပ်တွင် ဖော်ပြခဲ့သည်။(Xinhua)