Connect with us

Asia

တောင်ကိုရီးယား ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးက သမ္မတယွန်းအား စွပ်စွဲပြစ်တင်ခြင်းပြုမပြုကို ဧပြီ ၄ ရက်၌ အတည်ပြုဆုံးဖြတ်မည်

တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့ရှိ ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံး၌ စွပ်စွဲပြစ်တင်မှုဆိုင်ရာ ကြားနာစစ်ဆေးမှုသို့ တက်ရောက်လာသည့် ယွန်းဆက်ယိုအား ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီ ၂၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဆိုးလ်၊ ဧပြီ ၁ ရက် (ဆင်ဟွာ)
တောင်ကိုရီးယားနိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးက သမ္မတယွန်းဆက်ယိုအား စွပ်စွဲပြစ်တင်ခြင်းပြုမပြုကို ဧပြီ ၄ ရက်၌ အတည်ပြုဆုံးဖြတ်မည်ဟု အဆိုပါခုံရုံးက ဧပြီ ၁ ရက်၌ ပြောကြားခဲ့သည်။
ယင်းနှင့်ပတ်သက်၍ ဧပြီ ၄ ရက် ဒေသစံတော်ချိန် နံနက် ၁၁ နာရီ၌ အမိန့်ချမှတ်မည်ဖြစ်ပြီး ရုပ်သံမှ တိုက်ရိုက်ထုတ်လွှင့်သွားမည်ဟု ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးက ကြေညာချက်ထုတ်ပြန်ခဲ့သည်။
ဧပြီ ၄ ရက်၌ ဆန္ဒပြမှုများ ဖြစ်ပွားဖွယ်ရှိခြင်းနှင့် လူစုလူဝေး ထိန်းချုပ်ခြင်းတို့အတွက် အဖွဲ့ပေါင်း ၃၃၈ ဖွဲ့မှ အဓိကရုဏ်းနှိမ်နင်းရေး ရဲတပ်ဖွဲ့ဝင် ၂၀,၀၀၀ ခန့်ကို နိုင်ငံတစ်ဝန်း၌ ဖြန့်ကြက်ချထားမည့် အမြင့်ဆုံး အရေးပေါ် အမိန့်ညွှန်ကြားချက် ထုတ်ပြန်မည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ အဓိကရုဏ်းနှိမ်နင်းရေး ရဲတပ်ဖွဲ့ဝင်များအနက် ၁၄,၀၀၀ ခန့်အား ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံး တည်ရှိရာ ဆိုးလ်မြို့၌ ဖြန့်ကြက်ထားမည်ဖြစ်ပြီး ယင်းနေ့၌ ခုံရုံးအပြင်ဘက်တွင် ရဲစုံထောက်များ ထားရှိမည်ဖြစ်ကာ ဆန္ဒပြသူများ ခုံရုံးထဲသို့ အတင်းအကျပ် ဝင်ရောက်ခဲ့မည်ဆိုလျှင် ချက်ချင်းဖမ်းဆီးသွားမည်ဟု သိရသည်။
ထို့အတူ အရေးပေါ်အခြေအနေအတွက် ကြိုတင်ပြင်ဆင်သည့်အနေဖြင့် ရဲကွန်မန်ဒိုများအပြင် ဆေးဘက်အကူဝန်ထမ်းများနှင့် လူနာတင်ယာဉ်များကိုလည်း အရန်သင့်ထားရှိမည်ဖြစ်သည်။
သမ္မတယွန်းမှာ ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၃ ရက် ညပိုင်းတွင် အရေးပေါ် စစ်အုပ်ချုပ်ရေးအမိန့် ကြေညာခဲ့သော်လည်း အတိုက်အခံများ လွှမ်းမိုးထားသော အမျိုးသားလွှတ်တော်က နာရီပိုင်းအကြာတွင် ထိုအမိန့်ကို ပြန်လည်ရုပ်သိမ်းခဲ့သည်။ ယွန်းအား စွပ်စွဲပြစ်တင်သည့် အဆိုကို အမျိုးသားလွှတ်တော်တွင် ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၁၄ ရက်၌ အတည်ပြုခဲ့ကာ ထိုအချိန်မှစ၍ ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးက ယွန်းအား စွပ်စွဲပြစ်တင်မှုအတွက် ကြားနာစစ်ဆေးမှုပေါင်း ၁၁ ကြိမ် ပြုလုပ်ခဲ့ကြောင်း သိရသည်။ (Xinhua)
………………….
(English Version)
S. Korea’s constitutional court to decide whether to impeach president Yoon on April 4
SEOUL, April 1 (Xinhua) — South Korea’s constitutional court will decide whether to impeach President Yoon Suk-yeol on April 4, the court said Tuesday.
The ruling on Yoon will be delivered at 11:00 a.m. local time (0200 GMT) on Friday and it will be broadcast live, the court said in a statement.
The police will issue the highest level of emergency order to deploy about 20,000 riot policemen of 338 units across the country for expected protests and crowd control on Friday.
Of the total, about 14,000 riot policemen will be deployed in Seoul, where the constitutional court is located. On that day, detectives will be placed inside the court, and if protesters break into the court, they will be caught red-handed.
Police commandos as well as paramedics and ambulances will also be on standby around the court to prepare for emergencies.
Yoon declared an emergency martial law on the night of Dec. 3, 2024, but it was revoked by the opposition-led National Assembly hours later. A motion to impeach Yoon was passed in the National Assembly on Dec. 14, 2024, and since then the constitutional court held 11 hearings on Yoon’s impeachment.
English Caption
Yoon Suk-yeol attends a hearing of his impeachment trial at the constitutional court in Seoul, South Korea, Feb. 20, 2025. (Xinhua/Yao Qilin)