Connect with us

Asia

ကမ္ဘောဒီးယားနိုင်ငံ အထိမ်းအမှတ်နေရာများက ယူနက်စကို ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းတွင် ထည့်သွင်းခြင်းခံရ

ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့ (UNESCO) ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းတွင် Koh Ker ရှေးဟောင်းသုတေသနနေရာအား စာရင်းသွင်းခြင်းအထိမ်းအမှတ်အခမ်းအနားကို ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့၌ ကျင်းပခဲ့ရာ အနုပညာရှင်များ ဖျော်ဖြေတင်ဆက်မှုကို ၂၀၂၃ ခုနှစ် စက်တင်ဘာ ၂၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဖနွမ်းပင်၊ ဇူလိုင် ၁၂ ရက် (ဆင်ဟွာ)
ကမ္ဘောဒီးယားနိုင်ငံ၏ ‌အထိမ်းအမှတ်နေရာများကို ယူနက်စကို (UNESCO ) ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ်စာရင်းတွင် ထည့်သွင်းခြင်းခံခဲ့ရရာ ဂုဏ်သတင်းကြီးမားသည့် အဆိုပါစာရင်း၌ ပါဝင်လာသည့် ကမ္ဘောဒီးယား၏ ဒြပ်ရှိအမွေအနှစ် အဆောက်အအုံနေရာ ၅ ခုအထိ ရှိလာပြီဖြစ်ကြောင်း ယဉ်ကျေးမှုနှင့် အနုပညာဝန်ကြီးဌာနက ဇူလိုင် ၁၁ ရက် သန်းခေါင်ယံအချိန်၌ ထုတ်ပြန်ချက်အရ သိရသည်။
အဆိုပါ အမည်စာရင်းသွင်းမှုကို ပြင်သစ်နိုင်ငံ ပဲရစ်မြို့တွင် ဇူလိုင် ၁၁ ရက်က ကျင်းပသော ကမ္ဘာ့အမွေအနှစ်ကော်မတီ၏ ၄၇ ကြိမ်မြောက်အစည်းအဝေး၌ ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။
“၁၉၉၂ ခုနှစ်က အန်ကောရဲ့ ‌ရှေးဟောင်းဘုရားကျောင်းများ၊ ၂၀၀၈ ခုနှစ်က Preah Vihear ဘုရားကျောင်း၊ ၂၀၁၇ ခုနှစ်က Sambor Prei Kuk ရှေးဟောင်းသုတေသနနေရာ၊ ၂၀၂၃ ခုနှစ်က Koh Ker ရှေးဟောင်းသုတေသနနေရာ စသည့် နိုင်ငံအဆင့် အထင်ကရနှင့် သမိုင်းဝင်နေရာများ အောင်မြင်စွာစာရင်းဝင်သွားခဲ့ပြီးနောက် ယခုလိုသမိုင်းဝင် အမည်စာရင်းဝင်ခြင်းက ကမ္ဘောဒီးယား၏ နောက်ထပ် နိုင်ငံအဆင့် ဂုဏ်ယူဖွယ်တစ်ခုဖြစ်ကြောင်း” ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။
“ကမ္ဘောဒီးယား အထိမ်းအမှတ်နေရာများက ကမ္ဘာ့အမွေအနှစ်အဆင့်ဝင်လာသော ကမ္ဘောဒီးယားနိုင်ငံ၏ ပထမဆုံး ခေတ်သစ် ဂန္ထဝင်မဟုတ်သော ရှေးဟောင်းသုတေသနအမွေအနှစ်ကို ကိုယ်စားပြုခြင်းဖြစ်ကြောင်း” ထုတ်ပြန်ချက်အရ သိရသည်။
အမည်စာရင်းထည့်သွင်းခြင်းခံရသော ကမ္ဘောဒီးယား အထိမ်းအမှတ်နေရာများတွင် Kampong Chhnang နှင့် Kampong Speu ပြည်နယ်များကြားရှိ M-13 အကျဉ်းထောင်ဟောင်း၊ မြို့တော် ဖနွမ်းပင်တွင်ပင် တည်ရှိသော Tuol Sleng Genocide Museum and Choeung Ek Genocidal စင်တာတို့ ပါဝင်ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။
“ကမ္ဘောဒီးယား အထိမ်းအမှတ်နေရာများ” အား ယူနက်စကို စာရင်းထည့်သွင်းခြင်းသည် ရုပ်ပိုင်းဆိုင်ရာနေရာများကိုသာ ဂုဏ်ပြုခြင်းမဟုတ်ဘဲ ကမ္ဘောဒီးယားနိုင်ငံ၏ နာကျင်ဖွယ်သမိုင်းကြောင်းကိုလည်း အသိအမှတ်ပြုခြင်းလည်း ဖြစ်ကြောင်း ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးချုပ် ဟွန်မန်နက်က ပြောကြားခဲ့သည်။
“ဒီနေရာတွေက နိုင်ငံတစ်နိုင်ငံအနေနဲ့ မေ့ပျောက်လိုက်ခြင်းမျိုးမဟုတ်သလို အမှတ်ရခြင်းဖြင့် ဒီလိုအောက်မေ့ဖွယ်အဖြစ်အပျက်တွေကို ငြိမ်းချမ်းရေးအတွက် အားအင်အဖြစ် အသွင်ပြောင်းလဲကာ ကြေကွဲဝမ်းနည်းမှုကနေ ဘယ်လိုရှင်သန်လာနိုင်ခဲ့လဲဆိုတာ လူသားမျိုးနွယ်တွေကို စံနမူနာပေးလိုက်တာ ဖြစ်ပါတယ်” ဟု ယင်းနေရာများ ယူနက်စကိုစာရင်းဝင်ပြီးနောက် မိန့်ခွန်း၌ ဟွန်မန်နက်က ထည့်သွင်းပြောကြားခဲ့သည်။ (Xinhua)
……………………………………..
(English Version)
Cambodian Memorial Sites inscribed on UNESCO’s World Heritage List
PHNOM PENH, July 12 (Xinhua) — Cambodian Memorial Sites have been inscribed on the UNESCO World Heritage List, bringing the country’s tangible heritage properties on the prestigious list to five, said a statement from the Ministry of Culture and Fine Arts released Friday midnight.
The inscription was made on Friday during the World Heritage Committee’s 47th session in Paris, France, the statement said.
“This historic inscription marks another moment of national pride for Cambodia, following the successful listing of national iconic and historical sites such as the ancient temple complexes of Angkor in 1992, Preah Vihear Temple in 2008, Sambor Prei Kuk archaeological site in 2017, and Koh Ker archaeological site in 2023,” the statement said.
“The Cambodian Memorial Sites represent Cambodia’s first modern, non-classical archaeological heritage to receive World Heritage status,” it added.
The inscribed Cambodian Memorial Sites included the former M-13 prison, located between Kampong Chhnang and Kampong Speu provinces, Tuol Sleng Genocide Museum and Choeung Ek Genocidal Center, both in the capital Phnom Penh, the statement said.
Cambodian Prime Minister Hun Manet said the inscription of “Cambodian Memorial Sites” not only honors the physical sites, but also recognizes Cambodia’s painful history.
“These sites offer humanity an example of how a nation can rise from tragedy, not by forgetting, but by remembering and transforming those memories into a force for peace,” he said in a speech after the sites were inscribed.
Photo: Artists perform during the celebration of the inscription of the Koh Ker archaeological site on the United Nations Educational, Scientific and Cultural Organization (UNESCO)’s World Heritage List in Phnom Penh, Cambodia on Sept. 20, 2023. (Photo by Phearum/Xinhua)