Connect with us

North America

အမေရိကန်နိုင်ငံ ဖလော်ရီဒါပြည်နယ် အဆောက်အအုံပြိုကျမှုတွင် သေဆုံးသူအရေအတွက် ၅၄ ဦးထိမြင့်တက်လာသော်လည်း ကယ်ဆယ်ရေးအဆုံးသတ်

ဝါရှင်တန် ၊ ဇူလိုင် ၈ ရက်(ဆင်ဟွာ)

အမေရိကန်နိုင်ငံ ဖလော်ရီဒါပြည်နယ် Surfside မြို့ ရှိ ၁၂ ထပ် တိုက် လူနေအဆောက်အအုံ တစ်စိတ်တစ်ပိုင်းပြိုကျမှုတွင် သေဆုံးသူ အရေအတွက်သည် ဇူလိုင် ၇ ရက်တွင် ၅၄ ဦးထိ မြင့်တက်လာခဲ့ကြောင်း Miami-Dade ကောင်တီ မြို့တော်ဝန် Daniella Levine Cava က သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။လူ ၈၆ ဦးမှာ ပျောက်ဆုံးနေဆဲ ဖြစ်ကြောင်း ၊ ည ၇ နာရီ ၁၅ မိနစ်(ဂရင်းနစ်စံတော်ချိန် ၂၃၁၅)တွင် သေဆုံးသူများအတွက် ငြိမ်သက်ခြင်း အခမ်းအနားတစ်ခုပြုလုပ်ပြီးနောက် ညသန်းခေါင်အချိန်တွင် ၁၄ ရက်ကြာ ရှာဖွေရေးကြိုးပမ်းအားထုတ်မှုကို အဆုံးသတ်ခဲ့ပြီး ကယ်ဆယ်ရေးမှ ပြန်လည်ထူထောင်ရေးအဖြစ်သို့ ပြောင်းလဲသွားမည် ဖြစ်ကြောင်း မြို့တော်ဝန် Daniella Levine Cava က ဆိုသည်။

အမေရိကန်နိုင်ငံ ဖလော်ရီဒါပြည်နယ် Miami-Dade ကောင်တီတွင် ဇူလိုင် ၆ ရက်က ပြိုကျမှုဖြစ်ပွားခဲ့သည့် လူနေအဆောက်အအုံအနီးတွင် ယာယီအောက်မေ့ဖွယ်အမှတ်တရတစ်ခုပြုလုပ်ထားသည်ကို တွေ့ရစဉ်(ဆင်ဟွာ)

ရှာဖွေကယ်ဆယ်ရေးအဖွဲ့က ပျောက်ဆုံးနေသူများအနေဖြင့် အပျက်အစီးများကြားတွင် အသက်ရှင်ရန် အခွင့်အလမ်းမရှိတော့ကြောင်း ကောက်ချက်ချခဲ့သည်ဟု Miami-Dade ကောင်တီ လက်ထောက်မီးသတ်အကြီးအကဲ Raide Jadallah က မိသားစုဝင်များနှင့် ဇူလိုင် ၇ ရက် အစောပိုင်းက သီးသန့်တွေ့ဆုံစဉ် ပြောကြားခဲ့သည်။

အရေးပေါ်အဖွဲ့များသည် အနံ့ခံခွေးများ နှင့် အသံဖမ်းကိရိယာများအား ဖယ်ရှားသွားမည် ဖြစ်သော်လည်း သေဆုံးသူများ၏ ရုပ်အလောင်းများကို အပျက်အစီးများတွင် ဆက်လက် ရှာဖွေသွားမည် ဖြစ်ကြောင်း ၎င်းက ထည့်သွင်း ပြောကြားခဲ့သည်။

ဖလော်ရီဒါပြည်နယ်အုပ်ချုပ်ရေးမှူး Ron DeSantis ဇူလိုင် ၇ ရက် နံနက်ပိုင်းတွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် အဆောက်အအုံ၏ တည်ဆောက်မှုအပိုင်း သို့မဟုတ် ထိန်းသိမ်းမှုအပိုင်းတွင် အားနည်းချက် ရှိ/မရှိဆိုသည်ကို ရှင်းရှင်းလင်းရှင်း မသိရှိရသေးကြောင်း ၊ အဆောက်အဦပြိုကျမှု ဂယက်ကြောင့် လက်ရှိတွင် ပြည်နယ်စည်းမျဉ်းအသစ်များအတွက် မသေချာမရေရာမှုများဖြစ်ပေါ်နေကြောင်း ပြောကြားခဲ့သည်။
“ကျွန်တော်တို့ ဒါတွေနဲ့ ပတ်သက်လို့ အကောင်းဆုံးအဖြေ ရဖို့ လိုတယ်လို့ ထင်ပါတယ်။”၎င်းက ပြောကြားခဲ့သည်။

အဆိုပါ ပြိုကျမှုသည် ဇွန် ၂၄ ရက် ဒေသစံတော်ချိန် နံနက် ၁ နာရီ ၁၅ မိနစ်(ဂရင်းနစ်စံတော်ချိန် ၀၅၁၅)တွင် မိုင်ယာမီကမ်းခြေ၏ မြောက်ဘက် ၉ ဒသမ ၆ ကီလိုမီတာအကွာရှိ ကမ်းခြေမြို့၌ Champlain Towers South ကွန်ဒိုမီယံတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ပြိုကျမှုဖြစ်ပွားချိန်မှစ၍ မိုင်ယာမီဧရိယာရှိ အဆောက်အအုံအများအပြားကို ကြံ့ခိုင်မှု စစ်ဆေးခဲ့ကြောင်း ဒေသတွင်းမီဒီယာများ၏ ဖော်ပြမှုအရ သိရသည်။ (Xinhua)

—————————————————-
(English Verion)

Rescue ends in U.S. Florida building collapse as death toll rises to 54

WASHINGTON, July 7 (Xinhua) — The death toll in the partial collapse of a 12-story residential building in Surfside of U.S. state Florida has risen to 54 on Wednesday, Miami-Dade Mayor Daniella Levine Cava told a news conference.

The mayor said 86 people remain unaccounted for, and the 14-day search effort would switch from rescue to recovery at midnight after a ceremony and moment of silence for the victims at 7:15 p.m. (2315 GMT).

The search and rescue team concluded there was “no chance of life” in the rubble, Miami-Dade Assistant Fire Chief Raide Jadallah told families at a private briefing earlier on Wednesday.
Emergency teams would remove rescue dogs and sound devices but would continue to search through the rubble for the bodies of victims, Jadallah added.

Florida Governor Ron DeSantis said at a news conference on Wednesday morning that it was unclear whether flaws in the structure were unique to the building, its construction or maintenance. Implications of the collapse for new state regulations were also uncertain at the moment.
“I think we need to get those definitive answers,” he said.

The collapse occurred around 1:15 a.m. (0515 GMT) on June 24 at the Champlain Towers South condominium in the beachside town that sits around 9.6 km north of Miami Beach.
Since the collapse, multiple Miami-area buildings have been evacuated, local media reported. ■

Photo 1 – The site of the collapsed residential building is seen in Miami-Dade County, Florida, the United States, on July 6, 2021. (Photo by Monica McGivern/Xinhua)
Photo 2 – A makeshift memorial is seen near the site of the collapsed residential building in Miami-Dade County, Florida, the United States, on July 6, 2021. (Photo by Monica McGivern/Xinhua)