Connect with us

North America

အမေရိကန် နိုင်ငံ ကာကွယ်ရေး ဝန်ကြီး က အီရန် နိုင်ငံ အား ဒေသတွင်း လုံခြုံရေး နှင့် တည်ငြိမ်အေးချမ်းရေး ကို ဖျက်ဆီး နေသည် ဟု ဝေဖန်ပြောကြား

အမေရိကန် နိုင်ငံ ကာကွယ်ရေး ဝန်ကြီး James Mattis အား မြင်တွေ့ရစဉ်(ဆင်ဟွာ)

ရီယာ့ဒ် ၊ ဧပြီ ၂၀ ရက် (ဆင်ဟွာ)

ဆော်ဒီအာရေဗျ နိုင်ငံ သို့ သွားရောက်လည်ပတ်နေသည့် အမေရိကန် နိုင်ငံ ကာကွယ်ရေး ဝန်ကြီး James Mattis က အီရန် နိုင်ငံ သည် ဒေသတွင်း လုံခြုံရေး နှင့် တည်ငြိမ်အေးချမ်းရေး ကို ဖျက်ဆီး နေသောကြောင့် အမေရိကန် နိုင်ငံ အနေဖြင့် ဆော်ဒီအာရေဗျ အပါအဝင် အခြားနိုင်ငံများကို အီရန် နိုင်ငံ အား ထိန်းချုပ်ရန် အကူအညီ ပေးသွားမည် ဖြစ်ကြောင်း ဧပြီလ ၁၉ ရက်နေ့ ပြောကြား ခဲ့သည်။

Mattis က ဆော်ဒီအာရေဗျ နိုင်ငံ ဘုရင် Salman နှင့်တွေ့ဆုံခဲ့ပြီးနောက်တွင် သတင်းထောက်များအား “ဤဒေသတွင် ပြဿနာ ဖြစ်ပွားသည့် နေရာတိုင်းတွင် အီရန် နိုင်ငံ ၏ အရိပ်အယောင် ကို မြင်တွေ့ရသည်” ဟုပြောကြား ခဲ့ပြီး အမေရိကန် နိုင်ငံ အနေဖြင့် ဆော်ဒီအာရေဗျ စသည့် နိုင်ငံ များကို ထောက်ခံကူညီပြီး အီရန် နိုင်ငံ ကို ထိန်းချုပ်သွားမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

ဆော်ဒီအာရေဗျ နိုင်ငံပိုင် သတင်းဌာန ၏ ဖော်ပြချက်အရ တွေ့ဆုံဆွေးနွေးမှု အတွင်း နှစ်နိုင်ငံ စလုံးက နှစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကဏ္ဍအသီးသီး ပူးပေါင်းဆောင်ရွက်မှု ကို သဘောတူညီခဲ့ကြပြီး အထူးသဖြင့် အရှေ့အလယ်ပိုင်း ဒေသ အခြေအနေ နှင့် အကြမ်းဖက် တိုက်ဖျက်ရေး စသည့် ကိစ္စရပ် များတွင် တူညီသော သဘောထား အမြင် များရှိကြောင်း ဖော်ပြခဲ့သည်။

၁၉၇၉ ခုနှစ် တွင် အီရန် နိုင်ငံ ၌် Iranian တော်လှန်ရေး ဖြစ်ပွား ခဲ့ပြီးနောက်တွင် အီရန် နိုင်ငံ နှင့် အမေရိကန် နိုင်ငံ တို့သည် သံတမန် ဆက်ဆံရေး ဖျက်တောက် ခဲ့ကြသည်။ပြီးခဲ့သည့် ၁၀ နှစ်သာ ကာလ အတွင်း အမေရိကန် နိုင်ငံ နှင့် အီရန် နိုင်ငံ တို့သည် နျူကလီးယား ကိစ္စရပ် နှင့် ပတ်သက်၍ အပြင်းအထန် ထိပ်တိုက် ရင်ဆိုင်ခဲ့ကြပြီး ၂၀၁၅ ခုနှစ်တွင် အီရန် နျူကလီးယား ပြဿနာ ဘက်စုံသဘောတူညီမှု စာချုပ်ကို ချုပ်ဆို နိုင်ခဲ့သည်။ ယင်းစာချုပ် ချုပ်ဆိုခဲ့ပြီးနောက်ပိုင်းတွင် အမေရိကန်-အီရန် ဆက်ဆံရေး သည် ယေဘုယျ အားဖြင့် ပြန်လည် ကောင်းမွန်လာခဲ့သော်လည်း ယခုနှစ် ဇန်နဝါရီလပိုင်း တွင် အမေရိကန် အစိုးရ သစ် စတင်တာဝန် ထမ်းဆောင် ခဲ့ချိန်မှစ၍ နှစ်နိုင်ငံ ဆက်ဆံရေး သည် ပြန်လည် တင်းမာ လာခဲ့သည်။

ဆော်ဒီအာရေဗျ နိုင်ငံ နှင့် အမေရိကန် နိုင်ငံ တို့၏ မဟာမိတ် ဆက်ဆံရေး သည် နှစ်ပေါင်း ၇၀ ရှိခဲ့ပြီးဖြစ်သော်လည်း သမ္မတ အိုဘာမား တာဝန်ထမ်းဆောင်စဉ် ကာလတွင် နှစ်နိုင်ငံ ဆက်ဆံရေးသည် ဆီးရီးယား နှင့် အီရန် နျူကလီးယား သဘောတူ စာချုပ် တို့ကြောင့် သမိုင်းတစ်လျှောက် အနိမ့်ဆုံး အခြေအနေ သို့ ရောက်ရှိသွားခဲ့ပြီး သမ္မတ ဒေါ်နယ်ထရမ့် တာဝန်ယူပြီး နောက်ပိုင်းမှသာ ပြန်လည် နွေးထွေး လာခဲ့ခြင်းဖြစ်သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.