ဟူစတန် ၊ ဧပြီ ၁၃ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံ ဟူစတန်မြို့၌ ဧပြီ ၁၃ ရက်က ၃၂ ကြိမ်မြောက် ဟူစတန်ကားအလှဆင်ချီတက်ပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဝါရှင်တန်၊ ဧပြီ ၁၃ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ ဘဏ္ဍာရေးဝန်ကြီးဌာနက ဗင်နီဇွဲလား နှင့် ကျူးဘားနိုင်ငံအပေါ် ဖိအားပေးမှုများကို မြှင့်တင်ရန် ရေနံကုမ္ပဏီ ၄ခု နှင့် ၎င်းတို့၏ သင်္ဘော ၉စီး အပေါ် ပိတ်ဆို့တားမြစ်မှုများ ပြုလုပ်ကြောင်း ဧပြီ ၁၂ ရက်ကကြေညာခဲ့သည်။
ဝါရှင်တန်၊ ဧပြီ ၁၃ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ သမ္မတ အိမ်ဖြူတော်အပြင်ဘက်တွင် ဧပြီ ၁၂ ရက် နေ့လည်ပိုင်းက အမျိုးသားတစ်ဦး ၎င်း၏ ဂျာကင်အင်္ကျီအား မီးရှို့ခဲ့ကြောင်း အမေရိကန် လျှို့ဝှက်ထောက်လှမ်းရေးအဖွဲ့၏ ပြောကြားချက်အရ သိရသည်။
ချီကာဂို၊ ဧပြီ ၁၁ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ ချီကာဂိုမြို့ မြို့လယ်ခေါင် အနီးရှိ လမ်းမတစ်ခုပေါ်တွင် ဧပြီ ၁၀ ရက်က ပစ်ခတ်မှုတစ်ခုဖြစ်ပွားခဲ့ရာ လူ ၂ဦးသေဆုံးပြီး အခြားလူ တစ်ဦး ဒဏ်ရာ အပြင်းအထန်ရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့၏ပြောကြားချက်ကိုကိုးကား၍ ပြည်တွင်း သတင်း၌ဖော်ပြခဲ့သည်။
ဝါရှင်တန် ၊ ဧပြီ ၉ ရက်(ဆင်ဟွာ) အမေရိကန်ဒီမိုကရက်တစ်အမတ် Eric Swalwell သည် လက်ရှိသမ္မတဒေါ်နယ်ထရမ့်အား ဖယ်ရှားရန် ကိုယ်စားလှယ်များလောင်းများစွာ အကြိတ်အနယ်ပါဝင်ယှဉ်ပြိုင်ကြမည့် သမ္မတရွေးကောက်ပွဲတွင် ၎င်းအနေဖြင့် ပါဝင်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း ဧပြီ ၈ ရက်တွင် ထုတ်ဖော်ပြောကြားခဲ့သည်။
ဝါရှင်တန် ၊ ဧပြီ ၉ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနဝန်ကြီး မိုက်ပွန်ပီယိုက ဆော်ဒီဂျာနယ်လစ်ဂျာမဲလ်ခါရှော့ဂီ(Jamal Khashoggi) သေဆုံးမှုနှင့်ပတ်သက်၍ ဆော်ဒီအာရေးဗျနိုင်ငံသား ၁၆ ဦးအား အမေရိကန်နိုင်ငံသို့ပြည်ဝင်ခွင့် ပိတ်ပင်ရန် အမိန့်ထုတ်ပြန်ခဲ့ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးက ဧပြီ ၈ ရက်တွင်ကြေညာချက်ထုတ်ပြန်ခဲ့သည်။
ဟူစတန်၊ ဧပြီ ၃ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံ တက္ကဆက်ပြည်နယ်တွင် ဧပြီ ၂ ရက်က ဓာတုစက်ရုံတစ်ခု မီးလောင်မှု ဖြစ်ပွားရာ လူ ၁ ဦး သေဆုံးပြီး ၃ ဦး ဒဏ်ရာရခဲ့ကြောင်း သိရသည်။
ဆန်ဖရန်စစ္စကို ၊ ဧပြီ ၃ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံ အလက်စကာပြည်နယ် Aleutian ကျွန်းများတွင် ဧပြီ ၂ ရက်က ပြင်းအား ၆.၅ အဆင့်ရှိ ငလျင်တစ်ခုလှုပ်ခတ်သွားကြောင်း သိရသည်။
ဝါရှင်တန်၊ ဧပြီ ၂ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ မြောက်ပိုင်း Dakota ပြည်နယ် Mandan မြို့တွင် ဖြစ်ပွားခဲ့သော လူသတ်မှုတစ်ခု၌ လူ ၄ဦးသေဆုံးခဲ့ကြောင်း ဒေသခံရဲတပ်ဖွဲ့က ဧပြီ ၁ရက်တွင်ပြောကြားခဲ့သည်။
လော့စ်အိန်ဂျလိစ်၊ ဧပြီ ၁ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ အရီဇိုးနားပြည်နယ် ယူမားမြို့ အနီးတွင် စစ်ရဟတ်ယာဉ်တစ်စင်း ပျက်ကျခဲ့ရာ မရိန်းတပ်ဖွဲ့ဝင် လေယာဉ်မှူး ၂ ဦးသေဆုံးခဲ့ကြောင်း အမေရိကန်မရိန်းတပ်ဖွဲ့လေတပ်စခန်းက မတ် ၃၁ရက်တွင် ကြေညာချက်ထုတ်ပြန်ခဲ့သည်။