Connect with us

North America

ကယ်လီဖိုးနီးယားပြည်နယ် ဆန်ဟိုဆေးမြို့၌ အစုပြုံလိုက်ပစ်ခတ်မှုဖြစ်ပွားရာ လူ ၈ ဦး နှင့် သေနတ်သမား သေဆုံး

ဆန်ဖရန်စစ္စကို ၊ မေ ၂၇ ရက်(ဆင်ဟွာ)

အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ် ဆန်ဟိုဆေး (San Jose) မြို့လယ်ခေါင်၏ မြောက်ဘက်ခြမ်း မြို့ပတ်ကားရထားပို့ဆောင်ရေးအာဏာပိုင်အဖွဲ့(VTA) ကားဝင်း၌ မေ ၂၆ ရက် နံနက်ပိုင်းက အစုပြုံလိုက်သေနတ်ပစ်ခတ်မှုတစ်ခုဖြစ်ပွားခဲ့ရာ သေနတ်သမားအပါအဝင် လူ ၉ ဦးသေဆုံးသွားကြောင်း နှင့် အနည်းဆုံး လူတစ်ဦး ဒဏ်ရာရသွားကြောင်း ဒေသဆိုင်ရာအာဏာပိုင်များ၏ ပြောကြားချက်အရ သိရသည်။အခင်းဖြစ်နေရာ၌ လူ ၈ ဦးသေဆုံးသွားကြောင်း နှင့် လူတစ်ဦးအား ဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြောင်း ၊ အခြားလူများ၏ အခြေအနေကို အသေးစိတ်မသိရှိရသေးကြောင်း Santa Clara နယ်ခံရဲတပ်ဖွဲ့မှူးရုံးက အတည်ပြုခဲ့သည်။ သေနတ်သမားမှာလည်း အခင်းဖြစ်နေရာတွင် သေဆုံးသွားကြောင်း သိရသည်။

အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ် San Jose မြို့တွင် မေ ၂၆ ရက်က အစုပြုံလိုက်ပစ်ခတ်မှုဖြစ်ပွားရာ နေရာအနီးအနားမှ မိသားစုဝင်များ နှင့် VTA ဝန်ထမ်းများအား ပြန်လည်ပေါင်းစည်းရေးစင်တာသို့ ရဲတပ်ဖွဲ့ဝင်များ နှင် စုံစမ်းစစ်ဆေးရေး အရာရှိများ လိုက်ပါပို့ဆောင်ပေးစဉ်(ဆင်ဟွာ)

အဆိုပါ သေနတ်သမားသည် အသက် ၅၇ နှစ်အရွယ် VTA ကားရထားပြုပြင်ထိန်းသိမ်းရေးအလုပ်သမားတစ်ဦးဖြစ်သည်ဟု တရားဥပဒေစိုးမိုးရေးအရာရှိများက အတည်ပြုခဲ့ပြီး ၎င်း၏ စိတ်ပိုင်းဆိုင်ရာ မည်သို့ရှိသည်ကို မသိရှိရသေးကြောင်း ဆိုသည်။

အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ် San Jose မြို့တွင် မေ ၂၆ ရက်က အစုပြုံလိုက်ပစ်ခတ်မှုဖြစ်ပွားရာ နေရာအနီးရှိ မိသားစုဝင်များ နှင့် VTA ဝန်ထမ်းများ ပြန်လည်ပေါင်းစည်းရေးစင်တာထဲသို့ ဝင်ရောက်သွားကြစဉ်(ဆင်ဟွာ)

အဆိုပါ ပစ်ခတ်မှုသည် အမှတ် ၁၀၁ Younger လမ်းပေါ်ရှိ အဆောက်အဦ၌ ဖြစ်ပွားခဲ့ကြောင်းနှင့် သေဆုံးသူအချို့မှာ VTA ဝန်ထမ်းများဖြစ်ကြောင်း နယ်မြေခံ ရဲအရာရှိများ နှင့် VTA အရာရှိများက အတည်ပြုခဲ့သည်။

VTA ကားဝင်း၌ သေနတ်ပစ်ခတ်မှုနှင့်ပတ်သက်၍ နံနက် ၆ နာရီ ၃၅ မိနစ်တွင် ဆန်ဂျိုးရဲတပ်ဖွဲ့သည် ၉၁၁ ဖုန်းခေါ်ဆိုမှုကို လက်ခံရရှိခဲ့ပြီး တပ်ဖွဲ့ဝင်များက အခင်းဖြစ်နေရာသို့ သွားရောက်ခဲ့သည်။ သေနတ်သမားမှာ နံနက် ၈ နာရီ ၁၀ မိနစ်တွင် သေဆုံးသွားကြောင်း အတည်ပြုခဲ့သည်။

အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ် San Jose မြို့တွင် မေ ၂၆ ရက်က အစုပြုံလိုက်ပစ်ခတ်မှုဖြစ်ပွားရာနေရာတွင် ရဲကားတစ်စီးရပ်ထားစဉ်(ဆင်ဟွာ)

ပြည်ထောင်စုစုံစမ်းစစ်ဆေးရေးဗျူရို(FBI) ကလည်း အခင်းဖြစ်ပွားရာ မြို့ပတ်ရထားဝင်းသို့ရောက်ရှိလာခဲ့ကြောင်း နှင့် စုံစမ်းစစ်ဆေးရေးကို လုပ်ဆောင်ခဲ့ကြောင်း ဒေသတွင်းမီဒီယာက ဖော်ပြခဲ့သည်။

“ ဒါဟာကျွန်တော်တို့မြို့အတွက် ထိတ်လန့်ခြောက်ခြားဖွယ် နေ့ရက်တစ်ရက်ပါ ၊ VTA မိသားစုဝင်တွေအတွက် ပူးဆွေးသောကဖြစ်ရတဲ့ နေ့ရက်တစ်ရက်ပါပဲ ” ဟု ဆန်ဟိုဆေးမြို့ မြို့တော်ဝန် Sam Liccardo က ဆိုသည်။

အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ် San Jose မြို့တွင် မေ ၂၆ ရက်က အစုပြုံလိုက်ပစ်ခတ်မှု ဖြစ်ပွားပြီးနောက် အခင်းဖြစ်နေရာ၌ ရဲတပ်ဖွဲ့ဝင်များ နှင် စုံစမ်းစစ်ဆေးရေး အရာရှိများအား တွေ့ရစဉ်(ဆင်ဟွာ)

“ မိသားစုဝင်တွေနဲ့ လုပ်ဖော်ကိုင်ဖက်တွေအတွက် ကျွန်တော်တို့ ဝမ်းနည်းကြေကွဲရပါတယ် ဘာကြောင့်လဲဆိုတော့ အခုသေဆုံးသွားသူတွေဟာ သူတို့ချစ်ခင်ရသူတွေ သူတို့မိတ်ဆွေသူငယ်ချင်းတွေမို့ သိပ်ကိုခံစားနေကြရမယ်ဆိုတာ ကျွန်တော်တို့သိပါတယ်” ဟု ဆက်လက်ပြောကြားခဲ့သည်။

အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ် San Jose မြို့တွင် မေ ၂၆ ရက်က အစုပြုံလိုက်ပစ်ခတ်မှု ဖြစ်ပွားပြီးနောက် အခင်းဖြစ်နေရာ၌ ရဲတပ်ဖွဲ့ဝင်များ နှင် စုံစမ်းစစ်ဆေးရေး အရာရှိများအား တွေ့ရစဉ်(ဆင်ဟွာ)

အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ် San Jose မြို့တွင် မေ ၂၆ ရက်က အစုပြုံလိုက်ပစ်ခတ်မှု ဖြစ်ပွားပြီးနောက် အခင်းဖြစ်နေရာ၌ ရဲတပ်ဖွဲ့ဝင်များ နှင် စုံစမ်းစစ်ဆေးရေး အရာရှိများအား တွေ့ရစဉ်(ဆင်ဟွာ)

တစ်ဦးနှင့်တစ်ဦး အပြန်အလှန်ကြည့်ရှုစောင့်ရှောက်ရန်အတွက် အခင်းဖြစ်နေရာအနီးရှိ အဆောက်အဦတစ်လုံးကို မိသားစုဝင်များ နှင့် VTA ဝန်ထမ်းများအတွက် ပြန်လည်ပေါင်းစည်းရေးစင်တာ(ယာယီခိုလှုံရာနေရာ) အဖြစ် ပြင်ဆင်ဆောင်ရွက်ပေးခဲ့ကြောင်း နယ်မြေခံရဲအရာရှိများက ဆိုသည်။ VTA မြို့ပတ်ကားရထားပြေးဆွဲမှုကို ညနေပိုင်းတွင် ရပ်ဆိုင်းထားပြီး နောက်ထပ်ညွှန်ကြားချက် တစ်စုံတစ်ရာ မထွက်မလာမချင်း ရပ်ဆိုင်းထားမည်ဖြစ်ကြောင်း သိရသည်။(Xinhua)
…………………………………………
(English Version)
Eight people killed, suspect dead in mass shooting in San Jose, U.S. California

SAN FRANCISCO, May 26 (Xinhua) — Nine people including the suspect were dead and at least one person was injured Wednesday morning after a shooting at a Valley Transportation Authority (VTA) yard north of downtown San Jose in the U.S. state of California, according to the local authorities.

The Santa Clara County Sheriff’s Office confirmed that eight people died at the scene and one person was taken to a hospital, with no details on their conditions. The gunman also died at the scene.

Law enforcement officials identified the gunman as Samuel Cassidy, a 57-year-old VTA maintenance worker, whose motivation remained unknown.

Sheriff’s officials and VTA officials confirmed that the shooting occurred at the facility at 101 Younger Avenue, and some of the victims were VTA employees.

At about 6:35 a.m., San Jose police received multiple 911 calls about gunfire at the VTA yard, and units responded to the scene. The shooter was confirmed dead at about 8:10 a.m.

The FBI also responded to the scene at the light-rail facility and was actively engaged in the investigation, according to local media reports.

“This is a horrific day for our city, and it’s a tragic day for the VTA family,” San Jose Mayor Sam Liccardo said. “Our heart pains for the families and the co-workers because we know that so many are feeling deeply this loss of their loved ones and their friends.”

A reunification center for VTA employees and families was set up at the County Building near the scene for those who may be looking for each other, sheriff’s officials said.

VTA light rail service was suspended at noon until further notice.

(1,5,6,7) Police and investigators work at the scene of a mass shooting in San Jose, California, the United States, on May 26, 2021. (Photo by Dong Xudong/Xinhua)

(2) Police escort people to a reunification center for VTA employees and families near the scene of a mass shooting in San Jose, California, the United States, on May 26, 2021. (Photo by Dong Xudong/Xinhua)

(3) People enter a reunification center for VTA employees and families near the scene of a mass shooting in San Jose, California, the United States, on May 26, 2021. (Photo by Dong Xudong/Xinhua)

(4) A police vehicle is seen near the scene of a mass shooting in San Jose, California, the United States, on May 26, 2021.