Connect with us

North America

အမေရိကန်နိုင်ငံ ဖလော်ရီဒါပြည်နယ်၌ အစုပြုံလိုက် ပစ်ခတ်မှုအတွင်း လူ နှစ်ဦး သေဆုံး ၊ ၂၀ ဦးထက်မနည်း ဒဏ်ရာရရှိ

ဝါရှင်တန် ၊ မေ ၃၁ ရက်(ဆင်ဟွာ)

အမေရိကန်နိုင်ငံ ဖလော်ရီဒါပြည်နယ် Hialeah မြို့ရှိ ကလပ်တစ်ခု၏ ပြင်ပ၌ မေ ၃၀ ရက်အစောပိုင်းက ဖြစ်ပွားခဲ့သော အစုပြုံလိုက် ပစ်ခတ်မှုအတွင်း လူ နှစ်ဦး သေဆုံးကာ ၂၀ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ကြောင်း Miami-Dade ရဲတပ်ဖွဲ့ ညွှန်ကြားရေးမှူး Alfredo Ramirez III က ပြောကြားခဲ့သည်။“သေနတ်နဲ့အကြမ်းဖက်တဲ့ သူရဲဘောကြောင်တဲ့လုပ်ရပ်ဖြစ်ပြီးတော့ အခြားသူတွေကို ပစ်မှတ်ထားတဲ့ အခင်းဖြစ် နေရာမှာ ကျွန်တော် ရှိနေပါတယ်။လူ ၂၀ ဦးကျော် ပစ်ခံရပြီးတော့ ၂ ဦးကတော့ ဝမ်းနည်းဖွယ် သေဆုံးသွားခဲ့ပါတယ်။ဟု Ramirez က တွစ်တာစာမျက်နှာတွင် ရေးသားခဲ့သည်။

တိုက်ခိုက်သူအများအပြားက လူအုပ်စုအတွင်းသို့ ဆင်ခြင်မှု ကင်းမဲ့စွာ ပစ်ခတ်ခဲ့ကြောင်း ၎င်းက ပြောကြားခဲ့သည်။

CNN တွင် ဖော်ပြမှုအရ ပစ္စတိုသေနတ်များ ၊ တိုက်ခိုက်ရေး လက်နက်များနှင့်အတူ အဖြူရောင် Nissan Pathfinder ကားပေါ်မှ လူသုံးဦးက ယင်းနေရာတွင် ဖျော်ဖြေရေးအတွက် စုရုံးနေသည့် လူအုပ်စုအတွင်းသို့ စတင်ပစ်ခတ်ခဲ့ကြောင်း သိရသည်။ (Xinhua)
—————————————————-
(English Version)

2 killed, at least 20 wounded in mass shooting in Florida

WASHINGTON, May 30 (Xinhua) — Two people were killed and at least 20 others wounded in a mass shooting early Sunday outside a club in Hialeah city in the U.S. state of Florida, said Miami-Dade police director Alfredo Ramirez III.

“I am at the scene of another targeted and cowardly act of gun violence, where over 20 victims were shot and 2 have sadly died,” Ramirez said in a tweet.
He said several attackers “shot indiscriminately into a crowd.”According to CNN, three people got off a white Nissan Pathfinder with assault weapons and handguns and started firing into the crowd that was gathered for a concert at the venue. Enditem