Connect with us

North America

ရုရှား နိုင်ငံ က တိရစ္ဆာန်များ အတွက် COVID-19 ရောဂါ ကာကွယ်ဆေး တီထွင်ထုတ်လုပ်

ပေကျင်း ၊ ဇွန် ၁ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံ The Wall Street Journal က “ရုရှား နိုင်ငံ သည် တိရစ္ဆာန်များ အတွက် COVID-19 ရောဂါ ကာကွယ်ဆေး တီထွင်ထုတ်လုပ်” ဟူသည့် သတင်းဆောင်းပါးတစ်ပုဒ် ရေးသားဖော်ပြခဲ့သည်။ရုရှားနိုင်ငံအရာရှိတစ်ဦး က ၎င်းတို့အနေဖြင့် Carnivac-Cov အမည်ပေးထားသည့် တိရစ္ဆာန်များ အတွက် ကာကွယ်ဆေးတစ်မျိုး ထုတ်လုပ်ခဲ့ကြောင်း ၊ ယခင်စမ်းသပ်မှုများအရ ကာကွယ်ဆေးသည် ခွေး ၊ ကြောင် ၊ မြေခွေး နှင့် မြွေပါမွေးရှည် (Mink) တို့၏ ခန္ဓာကိုယ်ထဲမှ COVID-19 ရောဂါပိုး ခုခံအား ထွက်လာစေရန် ထုတ်လုပ်ထားခြင်းဖြစ်ကြောင်း ဆောင်းပါးတွင် ဖော်ပြထားသည်။

တစ်ကမ္ဘာလုံးအတိုင်းအတာအရ တိရစ္ဆာများတွင် COVID-19 ရောဂါ ကူးစက်ခံရသည့် ဖြစ်ရပ်အမျိုးရှိခဲ့ကြောင်း ၊ ခွေး ၊ ကြောင် နှင့် မျောက်တို့၌ ကူးစက်ခံရမှုများ တွေ့ရှိခဲ့ကြောင်း ၊ အထူးသဖြင့် မြွေပါမွေးရှည် မွေးမြူရေးစခန်းတွင် အတိုင်းအတာကြီးမားစွာ ကူးစက်မှုဖြစ်ပွားခဲ့ပြီး ရောဂါပိုး ဗီဇပြောင်းလဲမှု ဖြစ်ပွားမည်ကို စိုးရိမ်ရသောကြောင့် ဒိန်းမတ်နိုင်ငံသည် ယခင်နှစ်က မြွေပါမွေးရှည် အကောင်ရေပေါင်းသန်းနှင့်ချီ၍ သုပ်သင်ရှင်းလင်းခဲ့ရကြောင်း ဆက်လက်ဖော်ပြထားသည်။

ဆောင်းပါးအရ ရုရှားနိုင်ငံ တိရစ္ဆာန် နှင့် သစ်ပင်များ ရှင်သန်ကြီးထွားရေး ကြီးကြပ်မှုဌာန က ရုရှားနိုင်ငံ မော်စကို အပါအဝင် ဒေသအများရှိ နိုင်ငံပိုင် နှင့် ပုဂ္ဂလိကပိုင် ဆေးဝါးကုသရေးနေရာများသို့ ကာကွယ်ဆေး အလုံးရေပေါင်း ၁၇,၀၀၀ ကို ခွဲဝေပေးခဲ့ကြောင်း ၊ အိမ်မွေးတိရစ္ဆာန်ပိုင်ရှင်များနှင့် မွေးမြူရေးခြံ ပိုင်ရှင်များအနေဖြင့် ကာကွယ်ဆေး အပေါ် တစ်နေ့တစ်ခြား ပိုမိုစိတ်ဝင်စားလာခဲ့ကြောင်း သိရသည်။

အဆိုပါကာကွယ်ဆေးအား နှစ်ကြိမ် ထိုးနှံရမည်ဖြစ်ပြီး ၂၁ ရက်ခြား၍ ဒုတိယတစ်လုံးကို ထိုးနှံပေးရမည်ဖြစ်ကြောင်း ၊ ကုန်ကျစရိတ်အနေဖြင့် အမေရိကန်ဒေါ်လာ ၇ ဒေါ်လာခန့်ရှိကြောင်း ၊ ရုရှားနိုင်ငံက မတ်လတွင် ယင်းကာကွယ်ဆေးကို ခွင့်ပြုပေးခဲ့ခြင်းဖြစ်ပြီး ယခင်စမ်းသပ်မှုများအရ ယင်းကာကွယ်ဆေးသည် ဘေးဥပါဒ်မရှိကြောင်း နှင့် ကာကွယ်ဆေးထိုးနှံမှုခံယူခဲ့သည့် တိရစ္ဆာန်တိုင်း ခုခံအား ပေါ်ထွက်လာခဲ့ကြောင်း သိရှိရသည်။

ယင်းကာကွယ်ဆေးအမျိုးအစား သည် လူသားတွင် အသုံးပြုသော ကာကွယ်ဆေး နှင့် သဘောတရားခြင်း တူညီပြီး Inactivated ကာကွယ်ဆေးမျိုးဖြစ်ကာ အန္တရာယ်မရှိကြောင်း နှင့် ခုခံအားစနစ်တွင် သီးခြား ခုခံအားများ ပေါ်ထွက်စေနိုင်ကြောင်း သိရသည်။ရုရှားနိုင်ငံ ကျန်းမာရေးအရာရှိ က Carnivac-Cov ကာကွယ်ဆေးသည် တိရစ္ဆာန် ခန္ဓာကိုယ်တွင် ခုခံအားကို အနည်းဆုံး ၆ လ ထိန်းသိမ်းပေးထားနိုင်ကြောင်း ပြောကြားခဲ့သည်။ (Xinhua)

——————————————————
(Chinese Version)

(社会)俄罗斯推出动物新冠疫苗

新华社北京5月31日电《参考消息》5月31日刊登美国《华尔街日报》网站文章《俄罗斯推出动物新冠疫苗》。文章摘要如下:
俄罗斯官员说,他们推出了一款名为Carnivac-Cov的动物疫苗。此前试验显示,疫苗能在狗、猫、狐狸和水貂体内产生新冠病毒抗体。
世界范围内已有多个物种感染的记录,包括狗、猫和猿。尤其是在水貂养殖厂,已出现过大规模感染。由于担心病毒产生新变异,丹麦去年捕杀了数以百万计的水貂。

俄罗斯联邦动植物卫生监督局表示,已向包括莫斯科在内多个地区的公立和私营诊所分发了1.7万剂疫苗。该机构说,宠物主人以及放养动物的饲养者和所有者都对疫苗表现出越来越大的兴趣。

该疫苗分两剂接种,间隔21天,全程费用500卢布(约合7美元)。莫斯科3月份批准了这款疫苗,此前的试验表明它是无害的,所有接种动物都产生了免疫反应。

该疫苗基于与人用疫苗类似的原理,其中含有的灭活病毒不具危险性,但会引发免疫系统产生专门的抗体。
俄罗斯卫生官员说,接种Carnivac-Cov疫苗的动物体内产生的病毒中和抗体至少能保持6个月。(完)

Photo
1月18日,在白俄罗斯首都明斯克,一名女子抱着宠物狗参加活动。 当日,一场名为“回家之路”的动物关爱活动在明斯克举行,人们在活动上为一些接种过疫苗、卫生健康的流浪动物寻找爱心主人。 新华社发(任科夫摄)