Connect with us

North America

လွန်ခဲ့သော နှစ် ၁၀၀ ကျော်က အစုပြုံလိုက်သတ်ဖြတ်မှုတွင် မြို့တော်အစိုးရ၏အခန်းကဏ္ဍအတွက် အမေရိကန်မြို့တော်ဝန်တောင်းပန်

ဟူစတန်၊ဇွန် ၁ ရက်(ဆင်ဟွာ)

အမေရိကန်နိုင်ငံ Oklahoma ပြည်နယ် Tulsa မြို့ မြို့တော်ဝန်က လွန်ခဲ့သော နှစ်ပေါင်း ၁၀၀ ကျော်တွင် ဖြစ်ပွားခဲ့သော လူမည်း ရာပေါင်းများစွာ သတ်ဖြတ်ခံခဲ့ရခြင်းအတွက် မေ ၃၁ ရက်၌ ကြေညာချက်တစ်စောင်ထုတ်ပြန်ကာ အဆိုပါ အစုပြုံလိုက်သတ်ဖြတ်မှုတွင် မြို့တော်အစိုးရ၏အခန်းကဏ္ဍအတွက် တောင်းပန်စကား ဆိုခဲ့ကြောင်း သိရသည်။“Tulsa မြို့တော်အစိုးရဟာ ၁၉၂၁ ခုနှစ်က ညတစ်ညမှာ ဖြစ်ပွားခဲ့တဲ့ ထိတ်လန့်တုန်လှုပ်ဖွယ် Tulsa မြို့ မျိုးနွယ်စုအစုပြုံလိုက်သတ်ဖြတ်မှုမှာ Tulsa မြို့သား လူမည်းတွေကို အကာအကွယ်ပေးဖို့ ပျက်ကွက်ခဲ့ပါတယ် ” ဟု မြို့တော်ဝန် G.T. Bynum က အွန်လိုင်းမှတဆင့် ကြေညာချက်တစ်စောင်ထုတ်ပြန်ခဲ့သည်။

“ ၁၉၂၁ ခုနှစ်မှာ ဖြစ်ပွားခဲ့တဲ့ သတ်ဖြတ်မှုမှာ မြို့တော်အစိုးရရဲ့ အကာအကွယ်ပေးဖို့ ပျက်ကွက်ခဲ့မှုနဲ့ အဲဒီဆိုးရွားတဲ့အဖြစ်အပျက်ကာလမှာ မျိုးနွယ်စုအစုပြုံလိုက်သတ်ဖြတ်မှုအတွင်း သေဆုံးသွားခဲ့ရသူတွေကို မှန်ကန်စွာ မလုပ်ဆောင်ပေးနိုင်ခဲ့တဲ့အပေါ် Tulsa မြို့ မြို့တော်ဝန်တစ်ယောက်အနေနဲ့ ကျွန်တော်တောင်းပန်ပါတယ် ၊ သေဆုံးသူတွေထဲမှာ အမျိုးသား ၊ အမျိုးသမီး ၊ ကလေးငယ်တွေဟာ သူတို့မြို့တော်အစိုးရဆီကနေ ပိုမိုကောင်းမွန်တဲ့ အကာကွယ်တွေရဖို့ ထိုက်တန်ပါတယ် ၊ သူတို့ဘာမှ မရခဲ့တဲ့အတွက် ကျွန်တော်သိပ်ကို ဝမ်းနည်းစိတ်မကောင်းဖြစ်ရပါတယ်” ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

တနင်္လာနေ့တွင်ကျရောက်သော Tulsa Race Massacre မျိုးနွယ်စုအစုပြုံလိုက်သတ်ဖြတ်ခံရခြင်း နှစ် ၁၀၀ ပြည့်အထိမ်းအမှတ်တွင် သေဆုံးသွားသူများအတွက် ဂုဏ်ပြုခြင်းအခမ်းအနားများ ကျင်းပပေးခြင်းနှင့်အတူ Tulsa မြို့၌ အောက်မေ့ဖွယ်အခမ်းအနားများ ကျင်းပခဲ့သည်။

၁၉၂၁ ခုနှစ် မေ ၃၁ ရက် ညက လူဖြူအုပ်စုကြီးသည် Tulsa မြို့မြောက်ပိုင်း Greenwood ရပ်ကွက် အနီးအနားတစ်ဝိုက်တွင် လူမည်းများအား တိုက်ခိုက်မှုပြုလုပ်ခဲ့သည်။၂၄ နာရီမပြည့်မီ Black Wall Street ဟုလူသိများသည့် နေရာအား လူဖြူအုပ်ကြီးက မီးတင်ရှို့ခဲ့ရာ လူနေအိမ်များ ပြာကျသွားပြီး ဒေသခံ တစ်သောင်းကျော် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရသည်။

ယင်းဖြစ်စဉ်အတွင်း သေဆုံးသူအရေအတွက် အတိအကျကို မှတ်တမ်းတင်နိုင်ခဲ့ခြင်းမရှိပါ ။ သို့သော် ခန့်မှန်းခြေ လူပေါင်း ၃၀၀ သေဆုံးခဲ့ရသည်ဟု ဆိုသည်။ သေဆုံးသူများကို ယင်းမြို့တော်အတွင်း အစုအပြုံလိုက်မြှုပ်နှံထားဖွယ်ရှိကြောင်း သမိုင်းပညာရှင်များက ယုံကြည်နေကြသည်။(Xinhua)

——————————————————
(English Version)

U.S. mayor apologizes for city’s role in massacre 100 years ago

HOUSTON, May 31 (Xinhua) — The mayor of Tulsa, a city in the U.S. state of Oklahoma, where hundreds of Black people were killed 100 years ago, issued a statement on Monday, apologizing for the city’s role in the massacre.

“Tulsa’s city government failed to protect Black Tulsans from murder and arson on the night of the 1921 Tulsa Race Massacre, and from discrimination in subsequent decades,” G.T. Bynum wrote in the statement posted online.

“As the Mayor of Tulsa, I apologize for the city government’s failure to protect our community in 1921 and to do right by the victims of the Race Massacre in its aftermath. The victims – men, women, young children – deserved better from their city, and I am so sorry they didn’t receive it,” read the statement.

The city of Tulsa is commemorating the 1921 Tulsa Race Massacre centennial on Monday with events and ceremonies to honor the victims.

On the night of May 31, 1921, a white mob descended the prosperous, all-black neighborhood of Greenwood in north Tulsa. In less than 24 hours, the mob burned what had been known as “Black Wall Street” to the ground leaving more than 10,000 residents homeless.

The exact death toll was not recorded, but an estimated 300 people died in the tragedy. Historians believed that mass graves could be located within the city where digging is conducted. Enditem
The White House Visitor Center in Washington D.C., the United States, March 16, 2020. (Xinhua/Liu Jie)