ဝါရှင်တန်၊ အောက်တိုဘာ ၁ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ ကန်းဆက်ပြည်နယ်၌ စက်တင်ဘာလ ၃၀ ရက်တွင် အမျိုးသား တစ်ဦးက အမျိုးသမီး တစ်ဦးအား မီးရှို့ခဲ့ရာ အဆိုပါ အမျိုးသမီး သေဆုံးသွားခဲ့ပြီး ရဲအရာရှိ သုံးဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံ မီဒီယာက သတင်းတင်ပြထားသည်။
အော့တဝါ ၊ အောက်တိုဘာ ၁ ရက်(ဆင်ဟွာ) မရိကန်နိုင်ငံ လောစ့်အိန်ဂျလိစ်မြို့မှ ပြင်သစ်နိုင်ငံ ပါရီမြို့သို့ပျံသန်းလာသော ပြင်သစ်လေကြောင်းလိုင်းမှ လေယာဉ်တစ်စင်းသည် အတ္တလန္တိတ်သမုဒ္ဒရာပေါ်တွင် ဖြတ်ကျော်ပျံသန်းစဉ် စက်ပိုင်းဆိုင်ရာ ချွတ်ယွင်းမှုတစ်ခုကြောင့် ကနေဒါနိုင်ငံ၌ စက်တင်ဘာလ ၃ဝရက်က အရေးပေါ် ဆင်းသက်ခဲ့ရကြောင်း CTV သတင်းဌာနက သတင်းဖော်ပြခဲ့သည်။
ဝါရှင်တန် ၊ စက်တင်ဘာ ၃၀ ရက် (ဆင်ဟွာ) အမေရိကန် နိုင်ငံ ဂျော်ဂျီယာ ပြည်နယ်တွင် စက်တင်ဘာ ၂၉ ရက်နေ့၌ ရဲတပ်ဖွဲ့ဝင် အား တိုက်ခိုက်မှု ဖြစ်ပွားခဲ့ရာ အမျိုးသမီး ရဲတပ်ဖွဲ့ဝင် တစ်ဦး သေဆုံးခဲ့ပြီး အခြားရဲတပ်ဖွဲ့ဝင် တစ်ဦး သေဆုံးခဲ့ကာ ရဲတပ်ဖွဲ့ မှ...
ဝါရှင်တန်၊ စက်တင်ဘာ ၂၉ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံသို့ အလည်အပတ် ရောက်ရှိနေသော တရုတ်နိုင်ငံ ဒုတိယ ဝန်ကြီးချုပ် လျူယန်တုံက နှစ်နိုင်ငံ အားထုတ်လုပ်ဆောင်မှုများနှင့်အတူ ပထမဆုံးအကြိမ် လူမှုရေးနှင့် ပြည်သူအချင်းချင်း ဆွေးနွေးမှုဖြင့် ခိုင်မာသော ရလဒ်များ ရယူနိုင်ခဲ့ကြောင်း စက်တင်ဘာလ ၂၈ ရက်က ပြောကြားခဲ့သည်။
ဝါရှင်တန် ၊ စက်တင်ဘာ ၂၇ ရက် (ဆင်ဟွာ) အမေရိကန် နိုင်ငံ ဘဏ္ဍာရေး ဝန်ကြီးဌာန က စက်တင်ဘာ ၂၆ ရက်နေ့၌ မြောက်ကိုရီးယား နိုင်ငံ ၏ လူအစုလိုက် အပြုံလိုက် သေစေနိုင်သော လက်နက် ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ရာတွင် ထောက်ခံအားပေး ခဲ့သည့် မြောက်ကိုရီးယား...
ဝါရှင်တန်၊ စက်တင်ဘာ ၂၆ ရက် (ဆင်ဟွာ) ရဲအရာရှိဟောင်းတစ်ဦးသည် အိမ်ဖြူတော်အနီး အပေါ့သွားနေစဉ် ရဲတပ်ဖွဲ့က ၎င်းအား တားဆီးခဲ့ပြီးနောက် ၎င်း၏ ကားအတွင်း၌ တိုက်ခိုက်ရေးလက်နက်များအပါအဝင် အနည်းဆုံး လက်နက် ၉မျိုးကို ရှာဖွေတွေ့ရှိခဲ့ကြောင်း ဝါရှင်တန်ဒီစီ ရဲတပ်ဖွဲ့က စက်တင်ဘာ ၂၅ ရက်တွင် အတည်ပြုပြောကြားခဲ့သည်။
ဝါရှင်တန် ၊ စက်တင်ဘာ ၂၆ ရက် (ဆင်ဟွာ) အမေရိကန် နိုင်ငံ အိမ်ဖြူတော် က စက်တင်ဘာ ၂၅ ရက်နေ့၌ အမေရိကန် နိုင်ငံ အနေဖြင့် မြောက်ကိုရီးယား နိုင်ငံ အား စစ်ကြေညာခြင်း မပြုလုပ်ခဲ့ကြောင်း ငြင်းဆိုချက် ထုတ်ပြန်ခဲ့သည်။
ဝါရှင်တန်၊ စက်တင်ဘာ ၂၅ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့် က အရှေ့အာရှ တွင် မြောက်ကိုရီးယားနိုင်ငံ၊ လက်တင်အမေရိကတွင် ဗင်နီးဇွဲလားနိုင်ငံ နှင့် အာဖရိကအလယ်ပိုင်းတွင် ချဒ်နိုင်ငံ မှ ခရီးသွားများအပေါ် ပြည်ဝင်ခွင့်အား စက်တင်ဘာ ၂၃ ရက်တွင် ပိတ်ပင်တားမြစ်ခဲ့ကြောင်း သိရသည်။
ဝါရှင်တန် ၊ စက်တင်ဘာ ၂၅ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ တန်နက်ဆီပြည်နယ်ရှိ ခရစ်ယာန်ဘုရားရှိခိုးကျောင်းဝင်း တစ်ခုအတွင်း စက်တင်ဘာလ ၂၄ ရက်က သေနတ်ပစ်ခတ်မှုဖြစ်ပွားရာ အနည်းဆုံး လူ ၁ ဦးသေဆုံးပြီး အများအပြားထိခိုက်ဒဏ်ရာရခဲ့ကြောင်း သိရသည်။
မက္ကဆီကို စီးတီး၊ စက်တင်ဘာ ၂၄ ရက် (ဆင်ဟွာ) မက္ကဆီကို နိုင်ငံ အရှေ့တောင်ပိုင်း တွင် စက်တင်ဘာ ၂၃ ရက် က ရစ်ချ်တာစကေး ၆.၁ ပမာဏရှိ ငလျင်ပြင်းတစ်ခု လှုပ်ခတ်ခဲ့ကြောင်း မက္ကဆီကိုနိုင်ငံ အမျိုးသားငလျင်တိုင်းတာရေးဋ္ဌာနကပြောကြားခဲ့သည်။