Connect with us

North America

ဗာဂျီးနီးယားကမ်းခြေ သေနတ်ပစ်ခတ်မှုအတွင်း အနည်းဆုံး လူ ၁၃ ဦးသေဆုံး၊ ၆ ဦး ဒဏ်ရာရ

အမေရိကန်နိုင်ငံ ဗာဂျီးနီးယားကမ်းခြေတွင် ရဲကားနှင့် ကယ်ဆယ်ရေးကားများအား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ဝါရှင်တန်၊ ဇွန် ၁ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံ ဗာဂျီးနီးယားကမ်းခြေတွင် မေလ ၃၁ ရက်က သေနတ်ပစ်ခတ်မှုဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၁၃ ဦးသေဆုံးပြီး ၆ ဦး ဆေးရုံတင်လိုက်ရကြောင်း ဒေသခံရဲတပ်ဖွဲ့က သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။

သေနတ်သမားမှာ အလုပ်သမားတစ်ဦးဖြစ်ပြီး သေဆုံးသွားခဲ့ကြောင်း ဗာဂျီးနီးယားကမ်းခြေရဲချုပ် ဂျင်မ်ဆာဗီရာ (Jim Cervera) က ပြောခဲ့သည်။

အဆိုပါ ပစ်ခတ်မှုမှာ အမေရိကန်နိုင်ငံ အရှေ့ပိုင်း ဗာဂျီးနီးယားပြည်နယ် ဗာဂျီးနီးယားကမ်းခြေတွင် မေလ ၃၁ ရက် နေ့လယ်ပိုင်းက ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

“ဒါကတော့ ဗာဂျီးနီးယားကမ်းခြေသမိုင်းမှာ ဝမ်းနည်းစရာအကောင်းဆုံးနေ့ပါပဲ” ဟု မြို့တော်ဝန် Bobby Dwyer က ပြောကြားခဲ့သည်။

“သေဆုံးခဲ့တဲ့ထဲမှာပါဝင်တဲ့လူတွေက ကျွန်တော်တို့ မိတ်ဆွေတွေ၊ အလုပ်သမားတွေ၊ အိမ်နီးချင်းတွေနဲ့ လုပ်ဖော်ကိုင်ဖက်တွေ ဖြစ်ပါတယ်” ဟု ၎င်းက ဆိုသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.