Connect with us

North America

ထရန့်က ရွှေ့ပြောင်း အလုပ်သမားများ ဝင်ရောက်မှု ရပ်တန့်ရန် မက္ကဆီကို ကုန်ပစ္စည်းများအား ကုန်သွယ်ခွန် ၅ ရာခိုင်နှုန်း တိုးမြှင့်သွားမည်ဟု ကြေညာ

အမေရိကန် နိုင်ငံ သမ္မတ ဒေါ်နယ်ထရန့် အား တွေ့ ရစဉ်(ဆင်ဟွာ)

ဝါရှင်တန် ၊ မေ ၃၁ ရက်(ဆင်ဟွာ)

အမေရိကန် နိုင်ငံ သမ္မတ ဒေါ်နယ်ထရန့်က နယ်စပ် ဖြတ်ကျော် ဝင်ရောက်လာသော အထောက်အထားမဲ့ ရွှေ့ပြောင်းအလုပ်သမားများ ရပ်တန့်ရန် ဖိအားပေးမှု အဖြစ် မက္ကဆီကိုမှ တင်သွင်းသော ကုန်ပစ္စည်းများ အားလုံး အပေါ်တွင် ဇွန် ၁၀ ရက်မှ စတင်၍ ကုန်သွယ်ခွန် ၅ ရာခိုင်နှုန်း ထပ်မံ တိုးမြှင့်သွားရန် ပြဌာန်း သွားမည် ဖြစ်ကြောင်း မေ ၃၀ ရက်တွင် ပြောကြားခဲ့သည်။

အဆိုပါ ထုတ်ပြန်ချက်အား မေ ၃၀ ရက် ညနေပိုင်းတွင် ကြေညာခဲ့ပြီး အကယ်၍ အမေရိကန်-မက္ကဆီကို နယ်စပ် အခြေအနေမှာ တိုးတက်မှု မရှိပါက ဇူလိုင်လတွင် ကုန်သွယ်ခွန်အား ၁၀ ရာခိုင်နှုန်း အထိ မြင့်တက်လာလိမ့်မည် ဖြစ်ကြောင်း သမ္မတ ဒေါ်နယ်ထရန့်က ပြောကြားခဲ့သည်။

ထို့အတူ မက္ကဆီကို နိုင်ငံ အနေဖြင့် အမေရိကန် နိုင်ငံ အတွင်းသို့ဖြတ်ကျော် ဝင်ရောက်လာသည့် တရားမဝင် နိုင်ငံခြားသားများ၏ အရေအတွက်ကို သိသိသာသာ လျှော့ချခြင်း သို့မဟုတ် ဖယ်ရှားခြင်း အရေးယူ ဆောင်ရွက်ခြင်း မရှိပါက ကုန်သွယ်ခွန်အား သြဂုတ်လတွင် ၁၅ ရာခိုင်နှုန်း ၊ စက်တင်ဘာလတွင် ၂၀ ရာခိုင်နှုန်း နှင့် အောက်တိုဘာလတွင် ၂၅ ရာခိုင်နှုန်း အထိ တိုးလာနိုင်မည် ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ထည့်သွင်း ဖော်ပြထားသည်။

မက္ကဆီကို နိုင်ငံ ပိုင်နက်မှတဆင့် တရားမဝင် ဖြတ်ကျော် ဝင်ရောက်လာသူများအား သိသိသာသာ ရပ်တန့်ခြင်း မရှိပါက ကုန်သွယ်ခွန် ၂၅ ရာခိုင်နှုန်းမှာ ဆက်လက် ရှိနေမည် ဖြစ်ကြောင်း ၊ အကယ်၍ မက္ကဆီကို နိုင်ငံက ထိရောက်သည့် လုပ်ဆောင်မှုများမှ တစ်ဆင့် တရားမဝင် ရွှေ့ပြောင်းသွားလာမှု အကျပ်အတည်းများ လျှော့ကျသွားပါက ဆုံးဖြတ်ပိုင်ခွင့် အာဏာ နှင့် စီရင်ချက်များဖြင့် ကုန်သွယ်ရေးအား ဖယ်ရှားရန် ဆုံးဖြတ်သွားမည် ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ပြောကြားခဲ့သည်။

အမေရိကန် သမ္မတ ဒေါ်နယ် ထရန့်နှင့် ဒီမိုကရက်တစ်များ အကြားတွင် နိုင်ငံရေး ပြိုင်ဆိုင်မှုတွင် လူဝင်မှု ကြီးကြပ်ရေးသည် ထရန့်၏ သမ္မတ သက်တမ်း စတင်ချိန်ကတည်းက ဖြစ်ပွားခဲ့သည်။အဆိုပါ ကိစ္စရပ် အပေါ်တွင် ထရန့်က မက္ကဆီကိုအား ကုန်သွယ်ခွန် နှင့် အတူ မကြာသေးမီ နှစ်များ အတွင်းထပ်တလဲလဲ ခြိမ်းခြောက်မှုများ ပြုလုပ်ခဲ့ပြီး အမေရိကန် အကောက်ခွန် နှင့် နယ်စပ်ရေးရာ ကာကွယ် စောင့်ရှောက်ရေး ဌာနက အမေရိကန် – မက္ကဆီကို နယ်စပ်တွင် မတ်လ အတွင်း ရွှေ့ပြောင်း အလုပ်သမား ၁၀၃,၀၀၀ ဦးရေကျော်အား ဖမ်းဆီးခြင်းများ ပြုလုပ်ခဲ့ရာ ယင်းမှာ ပြီးခဲ့သည့် ၆ နှစ် အတွင်း အများဆုံး ဖြစ်ကြောင်း သိရသည်။

ထရန့်၏ မက္ကဆီကိုအား ဆန့်ကျင်သော အခွန်ခြိမ်းခြောက်မှု အပေါ် ကောင်းမွန်သည် ဆိုသော်လည်း သမ္မတ ထရန့်က လွှတ်တော်ကို အတည်ပြုရန် တိုက်တွန်းနေသော အမေရိကန် – မက္ကဆီကို – ကနေဒါ ကုန်သွယ်ရေး သဘောတူညီချက်ကို မည်သို့အကျိုးသက်ရောက်နိုင်မည်ကို ရှင်းလင်း ထားခြင်း မရှိကြောင်း သိရသည်။

မက္ကဆီကို နိုင်ငံသည် ၂၀၁၈ ခုနှစ်တွင် အမေရိကန် နိုင်ငံ၏ ဒုတိယ အကြီးဆုံး ပို့ကုန် ဈေးကွက် အဖြစ် တည်ရှိခဲ့ကြောင်း အမေရိကန် နိုင်ငံ ကုန်သွယ်ရေး ကိုယ်စားလှယ်ရုံးမှ သိရသည်။(Xinhua)