Connect with us

North America

အိမ်ဖြူတော်အနီး၌ အမေရိကန်လျှို့ဝှက်ထောက်လှမ်းရေးသမားများက အမျိုးသားတစ်ဦးအား ပစ်ခတ်ဖမ်းဆီး

အမေရိကန်နိုင်ငံသမ္မတအိမ်ဖြူတော်အနီးတွင် တာဝန်ထမ်းဆောင်နေသော လုံခြုံရေးတပ်ဖွဲ့ ဝင်များအားတွေ့ ရစဉ်(ဆင်ဟွာ)

ဝါရှင်တန် ၊ ဇွန် ၃ ရက်(ဆင်ဟွာ)

အမေရိကန်နိုင်ငံ သမ္မတအိမ်ဖြူတော်အနီးတွင် ဇွန် ၂ ရက် ညပိုင်းက အမျိုးသားတစ်ဦးအား အမေရိကန်လျှို့ဝှက်ထောက်လှမ်းရေးသမားများက သေနတ်ဖြင့် ပစ်ခတ်ဖမ်းဆီးခဲ့ကြောင်း အခင်းဖြစ်နေရာသို့ရောက်ရှိနေသော ဆင်ဟွာသတင်းထောက်တစ်ဦးက သတင်းပေးပို့ခဲ့သည်။

အမေရိကန်သမ္မတဒေါ်နယ်ထရမ့်သည် ပြည်ပခရီးစဉ်တစ်ခုအတွက် အိမ်ဖြူတော်တောင်ဘက်မြက်ခင်းပြင်အခြမ်းမှ ထွက်ခွာသွားပြီးနောက်မကြာမီမှာပင် ယင်းအမျိုးသားသည် အိမ်ဖြူတော်မြောက်ဘက်ဂိတ်အခြမ်းမှ အထဲသို့ဝင်ရောက်ခဲ့ခြင်းဖြစ်သည်။လျှို့ဝှက်ထောက်လှမ်းရေးသမားများက သေနတ်ဖြင့် ပစ်ခတ်မှုမပြုလုပ်မီ ကြိုတင်သတိပေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။ အပစ်ခံရသော အမျိုးသား၏ အခြေအနေကို ရှင်းရှင်းလင်းလင်း မသိရှိရသေးပေ။(Xinhua)