ရီယာ့ဒ်၊ အောက်တိုဘာ ၁၆ ရက် (ဆင်ဟွာ) ဆော်ဒီအာရေဗျနိုင်ငံသည် ယီမင်နိုင်ငံရှိ IS စစ်သွေးကြွများ နှင့် အာရေဗျကျွန်းဆွယ် ရှိ အယ်ကိုင်ဒါများကို ငွေကြေး နှင့် အခြားထောက်ပံ့မှုများပြုလုပ်ပေးနေသည့် ယီမင်နိုင်ငံ မှ လူပုဂ္ဂိုလ် ၁၁ဦး နှင့် အဖွဲ့အစည်း ၂ခုကို အောက်တိုဘာ ၁၅ ရက်တွင်...
လောစ့်အိန်ဂျလိစ် ၊ အောက်တိုဘာ ၂၆ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ် မှ အသက် ၇၅ နှစ်အရွယ် အမျိုးသားတစ်ဦးကို သက်ငယ်မုဒိန်းမှုဖြင့် ထောင်ဒဏ် နှစ်ပေါင်း ၃၃ဝ ချမှတ်လိုက်ကြောင်း Tulare ခရိုင် အစိုးရရှေ့နေရုံးက အောက်တိုဘာ ၂၅ ရက်တွင် ပြောကြားခဲ့သည်။
အာဖဂန်နစ္စတန်၊ အောက်တိုဘာ ၂၅ ရက် (ဆင်ဟွာ) အာဖဂန်နစ္စတန်နိုင်ငံ မြောက်ပိုင်း Jawzjan ပြည်နယ် Qush Tepa ခရိုင် တွင် တာလီဘန် နှင့် IS စစ်သွေးကြွအဖွဲ့များ အကြား တိုက်ပွဲများ ဆက်လက်ဖြစ်ပွားလျက်ရှိရာ အနည်းဆုံး နှစ်ဘက်စစ်သွေးကြွ ၂၃ဦးအထိသေဆုံးခဲ့ကြောင်း Qush Tepa ခရိုင်...
ဘဂ္ဂဒက်၊ အောက်တိုဘာ ၂၄ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ရက်စ်တေလာဆန် သည် အီရတ်ခေါင်းဆောင်များ နှင့် တွေ့ဆုံဆွေးနွေးရန် ဘဂ္ဂဒက်မြို့သို့ အောက်တိုဘာ ၂၃ ရက်တွင် ကြေညာထားခြင်းမရှိဘဲရောက်ရှိလာခဲ့ကြောင်း အီရတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဋ္ဌာနတာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
ပေကျင်း၊ အောက်တိုဘာ ၂၁ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်၏ အထူးသံတမန်အဖြစ် ဒုတိယဝန်ကြီးချုပ် ကျန်းကောလိသည် ထိုင်းဘုရင်ဟောင်း ဘူမိဘောအဒူယာဒက်၏ ဈာပနအခမ်းအနားသို့ အောက်တိုဘာ ၂၅ ရက်မှ ၂၇ရက်အထိ တက်ရောက်သွားမည်ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဋ္ဌာနပြောရေးဆိုခွင့်ရှိသူ လုခန်က အောက်တိုဘာ ၂၀ ရက်တွင်ပြောကြားခဲ့သည်။ (Xinhua)
နယူးဒေလီ၊ အောက်တိုဘာ ၂၁ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ အနောက်ပိုင်း Maharashtra ပြည်နယ် တွင် အောက်တိုဘာ ၂၁ရက်က ကြွေပြားများ တင်ဆောင်လာသော ကုန်တင်ကားတစ်စီး တိမ်းမှောက်ခဲ့ရာ အနည်းဆုံးလူ ၁၀ဦးသေဆုံးပြီး အခြားလူ ၁၂ဦးဒဏ်ရာရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့ပြောကြားခဲ့သည်။
နယူးဒေလီ၊ အောက်တိုဘာ ၂၀ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ တောင်ပိုင်း Tamil Nadu ပြည်နယ် ၌ နိုင်ငံပိုင် ပို့ဆောင်ရေးအဆောက်အဦတစ်လုံး၏ အစိတ်အပိုင်းတစ်ခု အောက်တိုဘာ ၂၀ ရက်တွင် ပြိုကျရာ အနည်းဆုံးလူ၈ဦးသေဆုံးပြီး ၃ဦးကို ကယ်ဆယ်နိုင်ခဲ့ကြောင်း ရဲတပ်ဖွဲ့ကပြောကြားခဲ့သည်။
ဂျနီဗာ၊ အောက်တိုဘာ ၁၉ ရက် (ဆင်ဟွာ) ၂၀၁၇ ခုနှစ်မှ ၂၀၃၀ ခုနှစ်အတွင်း မွေးကင်းစ ကလေးငယ် ထက်ဝက်ခန့်ဖြစ်သော သန်း ၆၀ နီးပါးသည် အသက် ၅ နှစ် မပြည့်မီ သေဆုံးမှု ဖြစ်ပွားနိုင်ကြောင်း ကုလသမဂ္ဂ အေဂျင်စီများမှ အောက်တိုဘာလ ၁၉ ရက်တွင်...
ကန်ဒါဟာ၊ အောက်တိုဘာ ၁၉ ရက် (ဆင်ဟွာ) အာဖဂန်နစ္စတန်နိုင်ငံ တောင်ပိုင်း ကန်ဒါဟာပြည်နယ် မေဝမ်းခရိုင်၌ ညသန်းခေါင်ယံအချိန်တွင် တာလီဘန်စစ်သွေးကြွတို့၏ တိုက်ခိုက်မှုကြောင့် အာဖဂန်စစ်သား ၄၃ဦးခန့် ကျဆုံးသွားခဲ့ကြောင်း ဒေသခံတာဝန်ရှိသူတစ်ဦးက အောက်တိုဘာ ၁၉ ရက်တွင်ပြောကြားခဲ့သည်။
ကိယတ်ဗ်၊ အောက်တိုဘာ ၁၉ ရက် (ဆင်ဟွာ) ယူကရိန်းနိုင်ငံအရှေ့ပိုင်း Kharkiv မြို့တွင် အောက်တိုဘာ ၁၈ ရက်က လမ်းသွားလမ်းလာများအား ယာဉ်တစ်စီးဖြင့်ဝင်တိုက်မိ၍ အနည်းဆုံးလူ ၅ဦးသေဆုံးပြီး အခြားလူ ၆ဦးဒဏ်ရာရရှိခဲ့ကြောင်း အမျိုးသားရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။