Connect with us

Africa & Middle East

အီရတ်အရှေ့ပိုင်းတွင် ဗုံးပေါက်ကွဲမှုကြောင့် IS စစ်သွေးကြွအဖွဲ့၏ အရက်စက်ဆုံး လူသတ်သမား သေဆုံး

IS စစ်သွေးကြွအဖွဲ့ဝင်တစ်ချို့အားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

ဘဂ္ဂဒက်၊ နိုဝင်ဘာ ၁၅ ရက် (ဆင်ဟွာ)

လူပေါင်းများစွာ ကို ကွပ်မျက်ခဲ့သော IS စစ်သွေးကြွအဖွဲ့ မှ အစွန်းရောက်အဖွဲ့ဝင်တစ်ဦး သည် အီရတ်နိုင်ငံ အရှေ့ပိုင်း Diyala ပြည်နယ်တွင် ဗုံးပေါက်ကွဲမှုတစ်ခုကြောင့် သေဆုံးခဲ့ကြောင်း ပြည်နယ်ဆိုင်ရာ တာဝန်ရှိသူတစ်ဦးက နိုဝင်ဘာ ၁၄ ရက်တွင်ပြောကြားခဲ့သည်။

Al-Sayaf (ခေါ်) Abu Yaqoub အမည်ရှိ အစွန်းရောက်အကြမ်းဖက်သမားသည် Diyala ပြည်နယ် နှင့် Salahudin ပြည်နယ် အကြားနယ်စပ် အနီး ရွာတစ်ခုရှိ ပုန်းခိုရာနေရာတစ်ခု၌ရှိနေစဉ် ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့၍ သေဆုံးခဲ့ပြီး ၎င်းဘေးမှ လူ၂ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း Diyala ပြည်နယ်ကောင်စီ လုံခြုံရေးကောင်စီ အကြီးအကဲ Sadiq al-Husseini က ဆင်ဟွာသို့ပြောကြားခဲ့သည်။

Husseini က Abu Yaqoub သည် Diyala မှ ဒေသခံတစ်ဦးဖြစ်ပြီး ၎င်းသည် ၂၀၁၄ခုနှစ်ကတည်းက လုံခြုံရေးတပ်ဖွဲ့ဝင်များ နှင့် အပြစ်မဲ့ပြည်သူများစွာကို သတ်ဖြတ်မှုဖြင့် အလိုရှိနေသည့် အလွန်အရေးကြီးသည့် ရာဇဝတ်သားတစ်ဦးဖြစ်ကြောင်း ပြောကြားခဲ့သည်။

Diyala ပြည်နယ်တွင် စစ်ဘက်စစ်ဆင်ရေးများစွာ ထပ်ခါထပ်ခါပြုလုပ်ခဲ့သော်လည်း အီရန်နှင့် ကပ်လျက် နယ်စပ်အနီးတွင် IS စစ်သွေးကြွအကြွင်းအကျန်များ ပုန်းအောင်းနေဆဲဖြစ်ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.