အစ္စလာမ်မာဘတ်၊ သြဂုတ် ၅ ရက် (ဆင်ဟွာ) ပါကစ္စတန်နိုင်ငံ အနောက်မြောက်ပိုင်း Kohat ခရိုင်တွင် သြဂုတ် ၄ရက် ညနေပိုင်းတွင် ယာဉ်မတော်တဆမှုတစ်ခု ဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၁၄ဦးသေဆုံးပြီး အခြားလူ ၃၀ဦးကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ပြည်တွင်းသတင်း နှင့် ရဲတပ်ဖွဲ့ကပြောကြားခဲ့သည်။
တိုကျို၊ သြဂုတ် ၅ ရက် (ဆင်ဟွာ) ဂျပန်နိုင်ငံ တိုကျိုမြို့အနီး ခါနာဂါဝါစီရင်စု၊ ဆာဂါမီဟာရာမြို့ ရှိ နွေရာသီပွဲတော်တစ်ခု တွင် သြဂုတ် ၄ရက် ညနေပိုင်းက မီးဖိုတစ်ခု၏ ဓါတ်ငွေ့အိုးတစ်လုံး ပေါက်ကွဲခဲ့ရာ လူ ၉ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံရဲတပ်ဖွဲ့ကပြောကြားခဲ့သည်။
ကာရေကပ်စ် ၊ သြဂုတ် ၅ ရက်(ဆင်ဟွာ) သြဂုတ်လ ၄ ရက်က ဗင်နီဇွဲလား သမ္မတ Maduroအား မောင်းသူမဲ့လေယာဉ်ဖြင့် တိုက်ခိုက်မှု ဖြစ်ပွား ခဲ့သော်လည်း သမ္မတ Maduroမှာ ဘေးကင်းလုံခြုံခဲ့ကြောင်း သတင်းနှင့်ဆက်သွယ်ရေးဝန်ကြီး ဌာန ဝန်ကြီးJorge Rodriguezက ယင်းနေ့တွင် အတည်ပြုပြောကြားခဲ့သည်။
ဂါဇီ၊ သြဂုတ် ၅ ရက် (ဆင်ဟွာ) အာဖဂန်နစ္စတန်နိုင်ငံ အရှေ့ပိုင်း ဂါဇီပြည်နယ် တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက သြဂုတ် ၃ရက်တွင်ပြုလုပ်သော စစ်သွေးကြွရှင်းလင်းရေးစစ်ဆင်မှုအတွင်း အနည်းဆုံး စစ်သွေးကြွ ၂၈ ဦး ကို သုတ်သင်နိုင်ခဲ့ကြောင်း ဒေသခံတာဝန်ရှိသူ တစ်ဦး က သြဂုတ် ၄ရက် ကပြောကြားခဲ့သည်။
ကာရေကပ်စ် ၊ သြဂုတ် ၅ ရက်(ဆင်ဟွာ) ဗင်နီဇွဲလားနိုင်ငံသမ္မတ Nicolas Maduro သည် သြဂုတ် ၄ ရက်က ၈၁ နှစ်မြောက် ဘိုလီးဗီးယားအမျိုးသားအစောင့်တပ် အောက်မေ့ဖွယ်အခမ်းအနား၌ မိန့်ခွန်းပြောကြားနေစဉ် မျှော်လင့်မထားသော ဆန္ဒပြနှောင့်ယှက်မှုတစ်ခုနှင့်ကြုံတွေ့ခဲ့ရသဖြင့် မိန့်ခွန်းပြောကြားနေမှုကို ရုတ်တရက် ရပ်နားလိုက်ရကြောင်း သိရသည်။
နယူးဒေလီ ၊ သြဂုတ် ၄ ရက် (ဆင်ဟွာ) အိန္ဒိယ နိုင်ငံ Andhra ပြည်နယ် Kurnool မြို့ အနီး ရှိ ကျောက်တူးဖော်ရေး စခန်း တစ်ခု က သြဂုတ်လ ၃ ရက် ညပိုင်းအချိန်တွင် ပေါက်ကွဲမှုဖြစ်ပွား ခဲ့ပြီး လူပေါင်းအနည်းဆုံး ၁၁...
စင်ကာပူ၊ သြဂုတ် ၄ ရက် (ဆင်ဟွာ) စင်ကာပူနိုင်ငံသို့ ရောက်ရှိနေသော တရုတ်နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိနှင့် ဗီယက်နမ်နိုင်ငံ ဒုတိယ ဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး Pham Binh Minh တို့သည် သြဂုတ်လ ၃ ရက်တွင် စင်ကာပူနိုင်ငံ၌ တွေ့ဆုံကာ ပင်လယ်ရေကြောင်းဆိုင်ရာ ကိစ္စရပ်များအား သင့်တင့်လျောက်ပတ်စွာ...
ကဘူးလ် ၊ သြဂုတ် ၄ ရက် (ဆင်ဟွာ) အာဖဂန်နစ္စတန် နိုင်ငံ အရှေ့ပိုင်း Paktia ပြည်နယ် အများပြည်သူ ကျန်းမာရေး ဌာန တာဝန်ရှိသူ က ပြည်နယ်အတွင်းရှိ ရှီးအိုက် ဘာသာ ဗလီကျောင်း တစ်ခု က အသေခံ ဗုံးခွဲ တိုက်ခိုက်မှု ခံခဲ့ရသဖြင့်...
မော်စကို၊ သြဂုတ် ၄ ရက် (ဆင်ဟွာ) ရုရှားနိုင်ငံ Krasnoyarsk ဒေသတွင် ရဟတ်ယာဉ်တစ်စင်း ပျက်ကျသွားခဲ့ရာ ရဟတ်ယာဉ်ပေါ် လိုက်ပါသွားသူ ၁၈ ဦးလုံးသေဆုံးသွားခဲ့ကြောင်း သြဂုတ်လ ၄ ရက်တွင် ရုရှားမီဒီယာက သတင်းဖော်ပြခဲ့သည်။ (Xinhua)
အန်ကာရာ ၊ သြဂုတ် ၄ ရက် (ဆင်ဟွာ) တူရကီ နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီး Mevlüt Çavuşoğlu က တူရကီ နိုင်ငံ အနေဖြင့် အမေရိကန် နိုင်ငံ နှင့် သံတမန်ရေးနည်းလမ်း ဖြင့် လက်ရှိဖြစ်ပွား နေသည့် အငြင်းပွားမှု ကို ဖြေရှင်းသွားလိုကြောင်း...