Connect with us

Asia

အိန္ဒိယ နိုင်ငံ ရှိ ကျောက်တူးဖော်ရေး စခန်း တစ်ခု ပေါက်ကွဲမှု ဖြစ်ပွား လူပေါင်း အနည်းဆုံး ၁၁ ဦး သေဆုံး

၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလ တွင် အိန္ဒိယ နိုင်ငံ ၌ ဖြစ်ပွား ခဲ့သည့် ပေါက်ကွဲမှု တစ်ခု ၌ လူနာ များအား ကယ်ဆယ်ရေး ဆောင်ရွက်နေစဉ်(ဆင်ဟွာ)

နယူးဒေလီ ၊ သြဂုတ် ၄ ရက် (ဆင်ဟွာ)

အိန္ဒိယ နိုင်ငံ Andhra ပြည်နယ် Kurnool မြို့ အနီး ရှိ ကျောက်တူးဖော်ရေး စခန်း တစ်ခု က သြဂုတ်လ ၃ ရက် ညပိုင်းအချိန်တွင် ပေါက်ကွဲမှုဖြစ်ပွား ခဲ့ပြီး လူပေါင်းအနည်းဆုံး ၁၁ ဦး သေဆုံးကာ အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း ပြည်နယ် အစိုးရ အရာရှိ တစ်ဦး ၏ ပြောကြားချက်အရ သိရှိရသည်။

Andhra ပြည်နယ် အစိုးရ အရာရှိ ၏ ဆင်ဟွာသတင်းဌာန သို့ ပြောကြားချက်အရ ပေါက်ကွဲမှု သည် ပုဂ္ဂလိကပိုင် ကျောက်တူးဖော်ရေး စခန်း တစ်ခု တွင် ဖြစ်ပွား ခဲ့ခြင်း ဖြစ်ကြောင်း ၊ ပေါက်ကွဲမှုကြောင့် ကျောက်တုံးကြီး တစ်ခု က လေထဲ လွင့်စင်သွားပြီး အလုပ်သမား တဲ ပေါ်တို့ ကျရောက် ခဲ့ကြောင်း ၊ ထိုစဉ် အလုပ်သမား တဲ အတွင်း၌ အလုပ်သမား ၃၀ ခန့် အနားယူနေကြကြောင်း ၊ ပေါက်ကွဲမှုကြောင့် မီးလောင်မှု ဖြစ်ပွား ခဲ့ပြီး အနီးပတ်ဝန်းကျင်ရှိ ယာဉ်များ မီးလောင်ပျက်စီး သွားခဲ့ကြောင်း ၊ ပေါက်ကွဲမှုကြောင့် အနီးပတ်ဝန်းကျင် ရှိ အဆောက်အဦ နံရံများ အက်ကြောင်းများ ဖြစ်ပေါ်စေခဲ့ကြောင်း သိရှိရသည်။

အိန္ဒိယ နိုင်ငံ သတင်းမီဒီယာ များ၏ သြဂုတ်လ ၄ ရက် ဖော်ပြချက်များအရ ပေါက်ကွဲမှု ဖြစ်ပွား သည့် နေရာ တွင် သေဆုံးသူ ၈ ဦး ကို တွေ့ရှိခဲ့ပြီး လူအများ ကျောက်တုံးကြီး အောက်တွင် ရောက်ရှိနေသေးကြောင်း ၊ Andhra ပြည်နယ် ဝန်ကြီးချုပ် က ဒေသတွင်း အစိုးရ အဖွဲ့အစည်းများအား ကယ်ဆယ်ရေး လုပ်ငန်းတွင် အစွမ်းကုန် ပါဝင်ကြရန် နှင့် အခင်းဖြစ်ပွားရသည့် အကြောင်းရင်း အား စုံစမ်းရန် ညွှန်ကြားထားကြောင်း သိရှိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.