ကိုင်ရို၊ အောက်တိုဘာ ၁၀ ရက် (ဆင်ဟွာ) အီဂျစ်နိုင်ငံ က ၎င်း၏နယ်မြေပိုင်နက်အတွင်း ပြည်ပနိုင်ငံများမှ စစ်အခြေစိုက်စခန်းများ လာရောက် ဖွင့်လှစ်နိုင်ခြေများအား လက်ခံသွားမည်မဟုတ်ကြောင်း အောက်တိုဘာ ၁၀ ရက် က ထုတ်ပြန်ခဲ့ကြောင်း နိုင်ငံပိုင် Ahram အွန်လိုင်း သတင်းဋ္ဌာနက ဖော်ပြခဲ့သည်။
ကိုပင်ဟေဂင် ၊ အောက်တိုဘာ ၁၁ ရက်(ဆင်ဟွာ) ဗြိတိန်နိုင်ငံသည် အီးယူမှ ထွက်ခွာသွားမည်ဖြစ်သော်လည်း အီးယူဆီသို့တစ်ဖန် ပြန်၍ ဦးလှည့်တော့မည်မဟုတ်ကြောင်း ဗြိတိန်နိုင်ငံဝန်ကြီးချုပ် ထရီဇာမေက အောက်တိုဘာလ ၁ဝ ရက်တွင်ပြောကြားလိုက်သည်။
ကုလသမဂ္ဂ ၊ အောက်တိုဘာ ၁၁ ရက်(ဆင်ဟွာ) ဟေတီနိုင်ငံ၌ ဟာရီကိန်းမုန်တိုင်းဒဏ်ခံရပြီးနောက် ပြည်သူ ၁.၄ သန်းမှာ အရေးပေါ်ထောက်ပံ့ကူညီမှုများလိုအပ်နေကြောင်း ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် ဘန်ကီမွန်းက အောက်တိုဘာလ ၁ဝ ရက်တွင် သတင်းသမားများအားပြောကြားလိုက်သည်။
မနီလာ၊ အောက်တိုဘာ ၁၀ ရက် (ဆင်ဟွာ) ဖိလစ်ပိုင်နိုင်ငံ အစိုးရ က သမ္မတ ရိုဒရီကို ဒူတာတေးအား “ကွင်းဆက်လူသတ်သမားသမ္မတ” အဖြစ် ဖော်ပြခဲ့သည့် ပြင်သစ်နေ့စဉ်သတင်းစာ၏ ရေးသားမှုအား တာဝန်မဲ့သည့်အရေးအသားတစ်ခု အဖြစ် အောက်တိုဘာ ၉ ရက် က ညွှန်းဆိုပြောကြားခဲ့သည်။
ဘန်ကောက်၊ အောက်တိုဘာ ၁၀ ရက် (ဆင်ဟွာ) ထိုင်းဘုရင် ဘူမိဘောလ် အဒူယာဒတ်သည် သွေးပေါင်ကျပြီး သွေးခုန်နှုန်း မြန်နေသည့်အတွက် ကျန်းမာရေး အခြေအနေ စိုးရိမ်ဖွယ်ရှိနေကြောင်း သိရသည်။
ဆိုးလ်၊ အောက်တိုဘာ ၁၀ ရက် (ဆင်ဟွာ) ဆမ်ဆောင်း အီလက်ထရောနစ်ပစ္စည်း ထုတ်လုပ်ရေး လုပ်ငန်းက Galaxy Note 7 ဖုန်းများအား ဘက်ထရီပြဿနာ ကြောင့် အသစ်ပြန်လဲပေးခဲ့သော်လည်း အချို့ Galaxy Note 7 ဖုန်းများ၌ မီးလောင်မှုများ ဆက်လက် ဖြစ်ပွားနေ၍ ၎င်း၏ Note...
ဟိုချီမင်း စီးတီး၊ အောက်တိုဘာ ၁၀ ရက် (ဆင်ဟွာ) ဗီယက်နမ်နိုင်ငံ တောင်ပိုင်း Binh Duong ပြည်နယ်က ကိုယ်ဝန်ဆောင် တစ်ဦးနှင့် ဟိုချီမင်း စီးတီးရှိ အမျိုးသမီး တစ်ဦးတွင် ဇီကာဗိုင်းရပ်စ် ကူးစက်ခံရကြောင်း တွေ့ရှိခဲ့ပြီး နိုင်ငံအတွင်း ဇီကာ ဗိုင်းရပ်စ် ကူးစက်ခံရသူ ငါးဦးအထိ ရှိလာပြီ...
နယူးဒေလီ၊ အောက်တိုဘာ ၉ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ ဒေလီ အင်ဒရီနာ ဂန္ဒီ အပြည်ပြည်ဆိုင်ရာ လေဆိပ်ရှိ ကုန်ပစ္စည်းသိုလှောင်ရာ နေရာ၌ အောက်တိုဘာလ ၉ ရက် ရေဒီယို သတ္တိကြွပစ္စည်း ယိုစိမ့်မှု တစ်ရပ် ဖြစ်ပွားကြောင်း မီးသတ် အရာရှိများက ပြောကြားခဲ့သည်။
လော့စ်အိန်ဂျလိစ်၊ အောက်တိုဘာ ၉ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ် တောင်ပိုင်း Palm Springs မြို့၌ အောက်တိုဘာလ ၈ ရက် ဒေသစံတော်ချိန် နေ့လည်ပိုင်းက သေနတ်ပစ်ခတ်မှု ဖြစ်ပွားရာ ရဲအရာရှိ နှစ်ဦးသေဆုံးပြီး တစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ သေနတ်သမားအား မဖမ်းမိသေးကြောင်း သိရသည်။
ဂျကာတာ၊ အောက်တိုဘာ ၉ ရက် (ဆင်ဟွာ) အင်ဒိုနီးရှားနိုင်ငံ အနောက်ပိုင်းတွင် လှေ တစ်စီး နစ်မြုပ်ခဲ့ပြီးနောက် သေဆုံးသူ ၇ ဦး၏ ရုပ်အလောင်းများအား ဆယ်ယူရရှိခဲ့ကြောင်း သဘာဝဘေး အေဂျင်စီ အရာရှိတစ်ဦးက အောက်တိုဘာလ ၉ ရက်၌ ပြောကြားခဲ့သည်။