Connect with us

Asia

ပါကစ္စတန်နိုင်ငံ အထွေထွေရွေးကောက်ပွဲတွင် အီမရန်ခန်း၏ PTI ပါတီ အနိုင်ရ

ပါကစ္စတန်နိုင်ငံ ခရစ်ကတ်ကစားသမား အကျော်အမော်ဟောင်း အီမရန်ခန်းအား တွေ့ရစဉ် (ဆင်ဟွာ)

အစ္စလာမ်မာဘတ်၊ ဇူလိုင် ၂၈ ရက် (ဆင်ဟွာ)

ပါကစ္စတန်နိုင်ငံ ခရစ်ကတ်ကစားသမား အကျော်အမော်ဟောင်း အီမရန်ခန်း (Imran Khan) ၏ ပါတီဖြစ်သော Pakistan Tehrik-i-Insaf (PTI) သည် အထွေထွေရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့ပြီး အစိုးရအဖွဲ့အတွင်း နေရာ အခိုင်အမာရရှိလာပြီဖြစ်ကြောင်း ရွေးကောက်ပွဲကော်မရှင်က ဇူလိုင်လ ၂၈ ရက်တွင် ကြေညာချက်အရ သိရသည်။

PTI သို့မဟုတ် တရားမျှတမှုအတွက် ပါကစ္စတန်လှုပ်ရှားမှုသည် အစိုးရအဖွဲ့တွင် နေရာ ၁၁၅ နေရာ ရရှိကာ အနိုင်ရရှိခဲ့ပြီး ပါကစ္စတန် ဝန်ကြီးချုပ်ဟောင်း နာဝတ်ဇ် ရှာရှစ်ဖ်၏ Pakistan Muslim League-Nawaz က ၆၄ နေရာနှင့် ပါကစ္စတန် သမ္မတဟောင်း အာဆစ် ဇာဒါရီ၏ Pakistan People Party က ၄၃ နေရာ အသီးသီးရရှိခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.