ဘန်ကောက် ၊ စက်တင်ဘာ ၁ ရက် (ဆင်ဟွာ) ရုရှားနိုင်ငံထုတ် ပို့ဆောင်ရေးလေယာဉ်သစ် နှစ်စင်းကို ထိုင်းနိုင်ငံ လေတပ်မှ ဝယ်ယူခဲ့ကြောင်း စက်တင်ဘာ ၁ ရက် ထုတ် ထိုင်းပြည်တွင်း သတင်းစာများက ရေးသားဖော်ပြသည်။
နယူးဒေလီ ၊ စက်တင်ဘာ ၁ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံသို့အလည်အပတ်ရောက်ရှိနေသည့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီသည် အိန္ဒိယ၌ သတ်မှတ် ရက်ထက်ပို၍ ရက်တိုးမြှင့် နေထိုင်သွားရန် ရှိကြောင်း အိန္ဒိယအရာရှိများက စက်တင်ဘာ ၁ ရက်တွင်ပြောကြားသည်။
ဝါရှင်တန်၊ သြဂုတ် ၃၁ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ သည် IS စစ်သွေးကြွအကြမ်းဖက် အဖွဲ့၏ အဓိကခေါင်းဆောင်တစ်ဦးဖြစ်သော Gulmurod Khalimov နှင့်ပတ်သက်၍ သတင်းပေးနိုင်ပါက ဆုကြေးအဖြစ် အမေရိကန်ဒေါ်လာ ၃သန်းအထိ ပေးသွားမည်ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဋ္ဌာနက သြဂုတ် ၃၀ ရက်တွင်ထုတ်ပြန်ခဲ့သည်။
ဒမတ်စကက်၊ သြဂုတ် ၃၁ ရက် (ဆင်ဟွာ) အိုင်အက်စ်၏ ပြောရေးဆိုခွင့်ရှိသူ အဘူ မူဟမ်မတ် အယ်လ်- အတ်နာနီ (Abu Muhammad al-Adnani) သည် သြဂုတ်လ ၃၀ ရက်က ဆီးရီးယား နိုင်ငံ အလက်ပိုမြို့မြောက်ပိုင်း ပြည်နယ်တွင် ဖြစ်ပွားခဲ့သည့် တိုက်ပွဲ အတွင်း သေဆုံးခဲ့ကြောင်း...
လန်ဒန်၊ သြဂုတ် ၃၁ ရက် (ဆင်ဟွာ) အင်္ဂလန်အသင်း ကပ္ပတိန်ဖြစ်သူ ဝိန်းရွန်းနီ က ၎င်းသည် ရုရှားတွင် ကျင်းပမည့် ၂၀၁၈ ကမ္ဘာ့ဖလားပွဲပြီးပါက နိုင်ငံတကာဘောလုံးလောကမှ အနားယူတော့မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
တိုကျို ၊ သြဂုတ် ၃၁ ရက် (ဆင်ဟွာ) ဂျပန်နိုင်ငံတွင် အင်အားပြင်းထန်သော Lionrock တိုင်ဖွန်းမုန်တိုင်း တိုက်ခတ်ခံရပြီး မြေပြိုမှုဖြစ်ပွားခဲ့ရာ နိုင်ငံမြောက်ပိုင်း Iwate စီရင်စု Iwaizumi မြို့ရှိ ဘိုးဘွားရိပ်သာ တစ်ခုအနီး၌ လူသေအလောင်း ၉ လောင်းကို သြဂုတ်လ ၃၁ ရက်က ရှာဖွေတွေ့ရှိခဲ့ကြောင်း...
ကိုလမ်ဘို၊ သြဂုတ် ၃၀ ရက် (ဆင်ဟွာ) သီရိလင်္ကာ သမ္မတ၏ တရားဝင် ဝက်ဘ်ဆိုဒ်သို့ လွန်ခဲ့သည့် ရက်သတ္တပတ်က တရားမဝင် ဝင်ရောက်ကာ အချက်အလက်များ ခိုးယူခဲ့မှုတွင် ဒုတိယမြောက် ကျူးလွန်သူဟု ယူဆရသူအား သီရိလင်္ကာ ရဲတပ်ဖွဲ့က သြဂုတ်လ ၃၀ ရက်က ဖမ်းဆီးမိခဲ့ကြောင်း သိရသည်။
ဂျာကာတာ၊ သြဂုတ် ၃၀ ရက် (ဆင်ဟွာ) အင်ဒိုနီးရှားနိုင်ငံ အနောက်ဂျာဗားပြည်နယ် တွင် သြဂုတ် ၃၀ ရက် က ပုဂ္ဂလိက လေယာဉ်သင်တန်းကျောင်း တစ်ခု မှ လေယာဉ်ငယ်တစ်စီး ပျက်ကျမှုဖြစ်ပွားခဲ့၍ လေယာဉ်ပေါ်ရှိ လူနှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ကာဂျစ္စတန်၊ သြဂုတ် ၃၀ ရက် (ဆင်ဟွာ) ကာဂျစ္စတန်နိုင်ငံ မြို့တော် Bishkek ရှိ တရုတ်သံရုံးအရှေ့တွင် သြဂုတ် ၃၀ ရက်က ကားဗုံးပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့၍ ထိခိုက်ဒဏ်ရာရရှိမှုများရှိခဲ့ကြောင်း အာဏာပိုင်များ နှင့် မျက်မြင်တွေ့ခဲ့သူများက ပြောကြားခဲ့သည်။
မယ်လ်ဘုန်း၊ သြဂုတ် ၃၀ ရက် (ဆင်ဟွာ) အနောက် သြစတြေးလျ (WA) ရှိ သြစတြေးလျနယ်ခြားစောင့်တပ်ဖွဲ့ (ABF) အာဏာပိုင်များသည် အာဖရိကမှရောက်ရှိလာသောကုန်တင်သင်္ဘာတစ်စင်း အတွင်း၌ အမေရိကန်ဒေါ်လာ ၃၄သန်းတန် methamphetamine (ခေါ်) အိုက်စ် (ice) မူးယစ်ဆေးဝါး ၄၅ကီလိုဂရမ်ကို ရှာဖွေတွေ့ရှိခဲ့ကြောင်း သိရသည်။