Connect with us

Asia

ဂူအတွင်းပိတ်မိနေသော ကလေးငယ်များကို ကယ်ထုတ်ရန် မည်မျှကြာမည်ကို အသေအချာ မသိနိုင်သေးကြောင်း ထိုင်းအာဏာပိုင်များက ပြော

ဂူအတွင်း ပိတ်မိနေသော ထိုင်းကလေးငယ်များအတွက် ဆုတောင်းမှုပြုလုပ်နေကြသည့် ၄င်းတို့ ၏ သူငယ်ချင်းများအားတွေ့ ရစဉ်(ဆင်ဟွာ)

ဘန်ကောက် ၊ ဇူလိုင် ၅ ရက်(ဆင်ဟွာ)

ထိုင်းနိုင်ငံမြောက်ပိုင်းရှိ ရေမြုပ်နေသော ဂူတစ်ခုအတွင်း ပိတ်မိနေသည့် ကလေးငယ် ၁၃ ဦးကို ဘေးအန္တရာယ်ကင်းစွာ ဂူပြင်သို့ကယ်ထုတ်ရန် အချိန်မည်မျှကြာအုံးမည်ကို မည်သူမျှ မသိနိုင်သေးကြောင်း ဇူလိုင် ၄ ရက်တွင် ထိုင်းအစိုးရ အဆင့်မြင့်အရာရှိတစ်ဦး၏ ပြောကြားချက်အရ သိရသည်။

အသက် ၁၁ နှစ်မှ ၁၆ နှစ်အတွင်းရှိ ဘောလုံးသမားကလေးငယ် ၁၂ ဦး နှင့် အသက် ၂၅ နှစ်အရွယ် နည်းပြ ဖြစ်သူတို့မှာ ဘန်ကောက်မြို့မှ မြောက်ပိုင်း ၈၆ဝ ကီလိုမီတာအကွာရှိ ချင်းရိုင်ပြည်နယ် မဲဆိုင်ခရိုင်အတွင်းရှိ Tham Luang Khun ဂူအတွင်း ဇွန် ၂၃ ရက် မှ စတင်ပိတ်မိနေခဲ့ပြီးနောက် ၎င်းတို့အား ကယ်ထုတ်ရန် လမ်းကြောင်းအစီအစဉ်များ နှင့် ကယ်ဆယ်ရေးကိရိယာများကို ကယ်ဆယ်ရေးသမားများက ပြင်ဆင်နေခဲ့ကြောင်း သိရသည်။

ဗြိတိန်နိုင်ငံမှ ရေငုပ်ကျွမ်းကျင်အဖွဲ့တစ်ခုသည် ဂူအတွင်း ရေစီးသန်သည့် နေရာတစ်ခုတွင် သုံးကီလိုမီတာအနက်ကို ရေငုပ်ဖြတ်ကျော်ပြီးနောက် ကလေးငယ်များအား အသက်ရှင်လျက် ဘေးကင်းစွာ ရှာဖွေတွေ့ရှိခဲ့ကြောင်း ချင်းရိုင်ပြည်နယ် အုပ်ချုပ်ရေးမှူး Narongsak Osotthanakorn က ဆိုသည်။

ဂူအတွင်း ပိတ်မိနေသော ထိုင်းကလေးငယ်များအားတွေ့ရစဉ်(ဆင်ဟွာ)

ဂူအတွင်း ပိတ်မိနေသော ထိုင်းကလေးငယ်များအားတွေ့ရစဉ်(ဆင်ဟွာ)

ဂူအတွင်း ပိတ်မိနေသော ထိုင်းကလေးငယ်များအားတွေ့ရစဉ်(ဆင်ဟွာ)

ဂူအတွင်း ပိတ်မိနေသော ထိုင်းကလေးငယ်များအားတွေ့ရစဉ်(ဆင်ဟွာ)

သို့သော် ကယ်ဆယ်ရေးသမားများက ကလေးငယ်များကို ဘေးကင်းစွာ ကယ်ထုတ်ရန် အချိန်မည်မျှ ကြာအုံးမည်ကို မခန့်မှန်းနိုင်သေးကြောင်း ပြည်နယ်အုပ်ချုပ်ရေးမှူးက ပြောကြားခဲ့ပြီး ကလေးငယ်များဘေးအန္တရာယ်ကင်းရှင်းရေးအတွက် မည်သည့် စွန့်စားမှုမျိုးကိုမျှ လုပ်ဆောင်မည်မဟုတ်ကြောင်း ဆိုသည်။

ရေတပ်အထူးတပ်ဖွဲ့ရေငုပ်သမားများ နှင့် ဆေးဝန်ထမ်းများသည် ရေမြုပ်နေသော ဂူအတွင်း ကုန်းမြေတစ်ခုပေါ်၌ ပင်ပန်းနွမ်းနယ်နေပုံရသော ကလေးငယ်များကို ရေ ၊ ဆေးဝါး နှင့် လိုအပ်သော ထောက်ပံ့မှုများကို အနီးကပ် လုပ်ဆောင်ပေးခဲ့သည်။

ကလေးများအား ဘေးကင်းစွာ ကယ်ထုတ်ရန်မှာ အခက်အခဲများစွာ ရှိနေသည့်အတွက် ၎င်းတို့အနေဖြင့် အချိန်မည်မျှယူရအုံးမည်ကို မပြောနိုင်သေးကြောင်း ပြည်နယ်အုပ်ချုပ်ရေးမှူးက ဆိုသည်။

ဂူအတွင်းစောင့်ဆိုင်းနေစဉ်ကာလအတွင်း ထိုင်းရေတပ်အထူးတပ်ဖွဲ့က ကလေးငယ်များကို ကယ်ဆယ်ရေးအစီအစဉ်အတွက် အောက်ဆီဂျင်ပိုက်တပ်မျက်နှာဖုံးများကို အသုံးပြု၍ ရေငုပ်နည်းများကို သင်ကြားပေးသွားမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.