ရီယိုဒီဂျနေရို ၊ ဇူလိုင် ၁၄ ရက် (ဆင်ဟွာ) ဘရာဇီးနိုင်ငံ လုံခြုံရေးတပ်ဖွဲ့ဝင်များက နေ့တွက် စရိတ်များ အချိန်မီရရှိရေးနှင့် ပိုမိုကောင်းမွန်သော တည်ခိုနေထိုင်ရေး အစီအစဉ်များ ဆောင်ရွက်ပေးရေး အတွက် ရီယိုဒီဂျနေရိုမြို့အနောက်ဖက်၌ ဇူလိုင်လ ၁၃ ရက်က ဆန္ဒပြ တောင်းဆိုခဲ့ကြကြောင်း သိရသည်။
ဖနွမ်းပင်၊ ဇူလိုင် ၁၃ ရက် (ဆင်ဟွာ) ကမ္ဘောဒီးယားနိုင်ငံ၏ ထင်ရှားသည့် နိုင်ငံရေး လေ့လာသုံးသပ်သူ Kem Ley အသတ်ခံရမှုတွင် လူသတ်သမား အဖြစ် သံသယ ရှိသူ ကမ္ဘောဒီးယား အမျိုးသား တစ်ဦးအား ဖမ်းဆီးထားပြီး ပြစ်မှုထင်ရှားပါက ၎င်းသည် တစ်သက် တစ်ကျွန်း ပြစ်ဒဏ် ချမှတ်ခံရနိုင်ကြောင်း...
ဆိုးလ် ၊ ဇူလိုင် ၁၃ ရက် (ဆင်ဟွာ) ၂ဝ၁၆ ခုနှစ် ဇွန်လတွင် တောင်ကိုးရီးယား လူငယ်များကြား အလုပ်လက်မဲ့နှုန်းသည် လွန်ခဲ့သော ၁၇ နှစ်အတွင်း ဇွန်လ၏ အမြင့်ဆုံး အလုပ်လက်မဲ့ စံချိန်ဖြစ်ကြောင်း တောင်ကိုးရီးယားနိုင်ငံအစိုးရက ဇူလိုင် ၁၃ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။
ဝါရှင်တန်၊ ဇူလိုင် ၁၃ ရက် (ဆင်ဟွာ) အမေရိကန် လွှတ်တော် အဆောက်အအုံ ပတ်ဝန်းကျင်၌ သေနတ်သမားတစ်ဦး ရောက်ရှိနေကြောင်း သတင်းရရှိခဲ့၍ ဇူလိုင်လ ၁၂ ရက်က လွှတ်တော်အဆောက်အအုံ အဝင်အထွက်များအား အရေးပေါ် ပိတ်ခဲ့ရကြောင်း သိရသည်။
ရာဘက်၊ ဇူလိုင် ၁၃ ရက် (ဆင်ဟွာ) မော်ရိုကို အာဏာပိုင်များက ၎င်းတို့သည် နိုင်ငံ၏ အရှေ့မြောက်ပိုင်းရှိ Nador မြို့၌ မှောင်ခိုတင်ပို့မည့် ဆေးခြောက် ၁၃ တန်နီးပါးကို တားဆီးနိုင်ခဲ့ကြောင်း ပြောကြားခဲ့သည်။
အစ္စလာမ်မာဘတ်၊ ဇူလိုင် ၁၂ ရက် (ဆင်ဟွာ) ပါကစ္စတန်နိုင်ငံ လူမျိုးစု ဒေသတစ်ခု၌ အဆင့်မြင့် နိုင်ငံရေးသမား ခေါင်းဆောင် တစ်ဦးအား အမည်မသိ သေနတ်သမား တစ်ဦးက လုပ်ကြံ သတ်ဖြတ်ခြင်း ခံရကြောင်း ဒေသဆိုင်ရာ တာဝန်ရှိမျာက ဇူလိုင်လ ၁၂ ရက် တွင် ပြောကြားခဲ့သည်။
မက်ဒရစ် ၊ ဇူလိုင် ၁၂ ရက် (ဆင်ဟွာ) ယူရို ၂ဝ၁၆ ဗိုလ်လုပွဲတွင် ရရှိခဲ့သော ဒူးဒဏ်ရာကြောင့် ပေါ်တူဂီ တိုက်စစ်မှူး ခရစ်စတီယာနို ရော်နယ်ဒိုသည် လာမည့် ဘောလုံးရာသီတွင် ရီယဲလ်မက်ဒရစ်အသင်း၏ ဗွေဆော်ဦးပွဲစဉ်များနှင့် လွဲချော်ရန် သေချာသလောက် ရှိနေပြီဖြစ်ကြောင်း သိရသည်။
နယူးဒေလီ ၊ ဇူလိုင် ၁၂ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံအလယ်ပိုင်း Madhya Pradesh ပြည်နယ် ရေကြီးမှုတွင် သေဆုံးသူဦးရေ ၂၂ ဦး အထိရှိသွားပြီဖြစ်ကြောင်း နှင့် ပြီးခဲ့သော ၂၄ နာရီအတွင်း နောက်ထပ် လူ ၇ ဦး သေဆုံးသွားကြောင်း သိရသည်။
လန်ဒန်၊ ဇူလိုင် ၁၂ ရက် (ဆင်ဟွာ) ရုတ်တရက် အပြောင်းအလဲများနှင့်အတူ ဗြိတိန်နိုင်ငံ၏ ကွန်ဆာဗေးတစ် ပါတီ ခေါင်းဆောင်နှင့် ဝန်ကြီးချုပ်သစ် အဖြစ် ပြည်ထဲရေး ဝန်ကြီး ထရီဆာမေ (Theresa May) အား အတည်ပြုလိုက်ကြောင်း ကွန်ဆာဗေးတစ် ပါတီဝင် ၁၉၂၂ ဦးပါဝင် သည့် ကော်မတီ...
ဟယ်စင်ကီ၊ ဇူလိုင် ၁၂ ရက် (ဆင်ဟွာ) မိုက်ခရိုဆော့ဖ် ကုမ္ပဏီသည် ဖင်လန်နိုင်ငံတွင် နောက်ဆုံး အဆင့် ညှိနှိုင်းဆွေးနွေးမှုများအား ပြုလုပ်ခဲ့ပြီးနောက် ရလဒ်အနေဖြင့် ဝန်ထမ်း ၁,၃၅၀ ဦး အထိ အလုပ်မှ ရပ်နားရန် ဆုံးဖြတ်ခဲ့ကြောင်း ဖင်လန် သတင်းဋ္ဌာန STT က ဇူလိုင်လ ၁၁...