Connect with us

Asia

ပါကစ္စတန်နိုင်ငံ တောင်ပိုင်း၌ အသေခံဗုံးပေါက်ကွဲမှုတွင် လူပေါင်းများစွာ ဒဏ်ရာရ

ပါကစ္စတန်နိုင်ငံရှိ စစ်ဆေးရေးဂိတ်တစ်ခုတွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့သည်ကို တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

အစ္စလာမ်မာဘတ်၊ ဇွန် ၃ ရက် (ဆင်ဟွာ)

ပါကစ္စတန်နိုင်ငံ တောင်ပိုင်း ဆင်းရ်ပြည်နယ်ရှိ ကရာချိမြို့ ဆင်ခြေဖုံးရပ်ကွက်တွင် လေထီး အထူးတပ်သားများ စခန်း စစ်ဆေးရေးဂိတ်၌ ဇွန်လ ၃ ရက်တွင် အသေခံဗုံးခွဲခံရပြီးနောက် လူပေါင်းများစွာ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

စစ်ဆေးရေးဂိတ်မှာ တာဝန်ထမ်းဆောင်နေသော လုံခြုံရေးတပ်သားတစ်ဦးက စစ်သွေးကြွတစ်ဦး ခန္ဓာကိုယ်အား စစ်ဆေးရှာဖွေရန် ရပ်ခိုင်းစဉ် ၎င်းက ပစ်ခတ်ခဲ့ခြင်း ဖြစ်ကြောင်း အထူးတပ်ဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ်က ပြောကြားခဲ့သည်။ ယင်းစစ်သွေးကြွသည် ဆင်းဒ်ပြည်နယ်သို့ အိမ်နီးချင်း Balochistan ပြည်နယ်မှ ဝင်ရောက်ရန် ကြိုးပမ်းစဉ် အထူးတပ်ဖွဲ့မှ တားမြစ်ခံခဲ့ရခြင်း ဖြစ်သည်။

ဒဏ်ရာရ လုံခြုံရေးတပ်သားကို နီးစပ်ရာ ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။

ယင်း တိုက်ခိုက်မှုနှင့် ပတ်သက်၍ မည်သည့်အဖွဲ့၏ လက်ချက်ဖြစ်ကြောင်း ပြောကြားထားခြင်းမရှိသေးပေ။

တိုက်ခိုက်မှုကိုသတိထားရန်နှင့် ယခုဖြစ်စဉ်အတွက် စုံစမ်းစစ်ဆေးမှုများ ချက်ချင်းပြုလုပ်ရန် ဆင်းရ်ပြည်နယ် ရဲချုပ်က ပြောကြားခဲ့သည်။ ရဲတပ်ဖွဲ့၊ အထူးခံတပ်ဖွဲ့နှင့် ထောက်လှမ်းရေးအဖွဲ့က ပေါက်ကွဲမှုဖြစ်ပွားသည့် နေရာတွင် ရှာဖွေရေး လုပ်ဆောင်ခဲ့ကြောင်း သိရသည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117