Connect with us

North America

ကယ်လီဖိုးနီးယားပြည်နယ်တွင် Yosemite အမျိုးသားဥယျာဉ်တွင် တောင်တက်သမား ၂ ဦး သေဆုံး

El Captain ကျောက်တောင်အား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ဆန်ဖရန်စစ္စကို၊ ဇွန် ၂ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ် အလယ်ပိုင်း Yosemite အမျိုးသားဥယျာဉ်ရှိ တောင်ပေါ်သို့ တက်သည့် တောက်တက်သမား ၂ ဦးမှာ ဇွန်လ ၂ ရက်က သေဆုံးသွားကြောင်း ပန်းခြံ တာဝန်ရှိသူများက ပြောကြားခဲ့သည်။

အမည်မသိ တောင်တက်သမား ၂ ဦးသည် Yosemite Valley မြောက်ဘက်ရှိ ပန်းခြံအတွင်းမှ မတ်စောက်သော El Captain ကျောက်တောင်ပေါ်သို့ Freebalst Route လမ်းကြောင်းမှတက်နေစဉ် ပြုတ်ကျခဲ့ခြင်း ဖြစ်သည်။

“တောင်တက်သမား နှစ်ဦးက ဒီနေ့မနက် ခန့်မှန်းခြေ နံနက် ၈း၁၅ နာရီက El Captain တောင်ပေါ်ကို Freebalst Route လမ်းကြောင်းက တက်နေစဉ်မှာ ပြုတ်ကျခဲ့တပါ။ ပြုတ်ကျခဲ့ပြီးနောက် တောင်တက်သမား နှစ်ယောက်လုံး အသက်မရှင်ကြတော့ပါဘူး” လို့ Yosemite National Park က တွစ်တာ၌ ရေးသားထားသည်။

ပန်းခြံ အထူးဝန်ထမ်းများက အခင်းဖြစ်စဉ်အတွက် ၉၁၁ သို့ ခေါ်ဆိုခဲ့ပြီး Yosemite Park ဝန်ထမ်းများနှင့် ရှာဖွေ ကယ်ဆယ်ရေး ဝန်ထမ်းများက El Captain တောင်သို့ ရောက်ရှိသွားခဲ့သည်ဟု အမေရိကန်နိုင်ငံ National Park Services (NPS) က ထုတ်ပြန်ထားကြောင်း၊ စုံစမ်းစစ်ဆေးမှုများမှာ လုပ်ဆောင်နေဆဲဟု NPS ပြောကြားခဲ့သည်။

Yosemite အမျိုးသားဥယျာဉ်သည် အမေရိကန်နိုင်ငံ အနောက်ဘက်ကမ်းရိုးတန်း ဆန်ဖရန်စစ္စကိုမြို့လယ် အရှေကဘက် ၂၅၆ ကီလိုမီတာခန့်အကွာ၌ တည်ရှိသည်။ (Xinhua)