Connect with us

Latin America

ဂွာတီမာလာနိုင်ငံ၌ မီးတောင်ပေါက်ကွဲမှုကြောင့် အနည်းဆုံး လူ ၂၅ ဦး သေဆုံး


ဂွာတီမာလာစီတီး၊ ဇွန် ၄ ရက် (ဆင်ဟွာ)

ဂွာတီမာလာနိုင်ငံ မြို့တော်အနီးရှိ မီးတောင်ရှင်တစ်ခု အလွန်အမင်းပေါက်ကွဲမှုကြောင်း အနည်းဆုံး လူ ၂၅ ဦး သေဆုံးပြီး အခြားလူ ၂၉၆ ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ ယင်းမီးတောင်သည် ယခုနှစ်အတွင်း ဒုတိယအကြိမ် ပေါက်ကွဲခြင်း ဖြစ်ကြောင်း အာဏာပိုင်များက ဇွန်လ ၃ ရက်တွင် ပြောကြားလိုက်သည်။

Fuego မီးတောင်သည် ဒေသစံတော်ချိန် မွန်းတည့်ချိန်ခန့်က ပေါက်ကွဲခဲ့ခြင်း ဖြစ်ပြီး မွန်းလွဲပိုင်းတွင် မီးတောင်ချော်ရည်များ စီးကျခဲ့ကြောင်း သိရသည်။

ဂွာတီမာလာနိုင်ငံရှိ Fuego မီးတောင် ပေါက်ကွဲနေပုံနှင့် ကယ်ဆယ် ရှင်းလင်းရေးလုပ်ဆောင်နေသူများအား တွေ့ရစဉ် (ဆင်ဟွာ)

ဂွာတီမာလာနိုင်ငံ သဘာဝဘေးလျှော့ချရေးအတွက် အမျိုးသား ညှိနှိုင်းဆောင်ရွက်မှုဌာနက ထုတ်ပြန်သည့် ကနဦးသတင်းများအရ “မကြာသေးမီနှစ်များအတွင်း အပြင်းထန်ဆုံး ပေါက်ကွဲမှုအဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်း” ၊ ပြည်သူ ၁.၇ သန်းအပေါ် သက်ရောက်ကာ ၃၀၀၀ ကျော် ဘေးလွတ်ရာသို့ ရွှေ့ပြောင်းခဲ့ရကြောင်း သိရသည်။

Fuego မီးတောင်သည် ဂွာတီမာလာစီးတီးမှ အနောက်ဘက် ၅၀ ကီလိုမီတာအကွာ၌ တည်ရှိသည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117