တီဟီရန်၊ စက်တင်ဘာ ၁ ရက် (ဆင်ဟွာ) အီရန်နိုင်ငံ မော်တော်ဆိုင်ကယ်နှင့် မော်တော်ယာဉ် အဖွဲ့ချုပ် က အီရန်အမျိုးသမီးများအား အီရန်နိုင်ငံအတွင်း ကျင်းပသည့် မော်တော်ဆိုင်ကယ်ပြိုင်ပွဲများ၌ ဝင်ရောက်ယှဉ်ပြိုင်ခွင့်ပြုခဲ့ကြောင်း ပြည်တွင်း သတင်းဋ္ဌာန က သြဂုတ်၃၁ ရက်တွင် ဖော်ပြခဲ့သည်။
ဘရက်ဇီလျာ၊ စက်တင်ဘာ ၁ ရက် (ဆင်ဟွာ) ဘရာဇီးနိုင်ငံ သမ္မတဟောင်း ဒီလ်လာ ရူးဆက်ဖ်အား စွဲချက်တင်ပြီးနောက် နာရီပိုင်းအကြာတွင် ဒုတိယ သမ္မတလည်း ဖြစ်၊ နိုင်ငံရေး ပြိုင်ဘက်လည်း ဖြစ်သူ မစ်ရှဲ တီမာ (Michel Temer) က သမ္မတအဖြစ် ကျမ်းသစ္စာ ကျိန်ဆိုလိုက်သည်။
ကျူးဘား၊ စက်တာဘာ ၁ ရက် (ဆင်ဟွာ) ကျူးဘားနိုင်ငံ အလယ်ပိုင်း Santa Clara မြို့သို့ သြဂုတ်၃၁ ရက် နံနက်ပိုင်းက အမေရိကန်နိုင်ငံမှ ပထမဆုံး ပုံမှန်တိုက်ရိုက်ခရီးစဉ် ပြေးဆွဲသည့် ခရီးသည်တင်လေယာဉ် တစ်စီး ရောက်ရှိလာခဲ့ပြီး စစ်အေးကာလ မပြေလည်သည့် နှစ်နိုင်ငံအကြား ဆက်ဆံရေးများ ပြန်လည်ပျော့ပျောင်းလာစေရန် အရေးကြီးသည့်...
ဗြူနိုအဲရစ် ၊ စက်တင်ဘာ ၁ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံဆိုင်ရာ အာဂျင်တီးနားသံအမတ်ကြီး ဒီယေဂိုဂူလာ(Diego Guelar)က တရုတ်နိုင်ငံအား အာဂျင်တီးနား၏ အကြီးအကျယ်ဆုံးလက်တွဲဖော်ဟု သြဂုတ်လ ၃၁ ရက်တွင် ချီးကျူးစကားဆိုလိုက်သည်။
ကွာလာလမ်ပူ ၊ စက်တင်ဘာ ၁ ရက် (ဆင်ဟွာ) မကြာသေးမီက စင်ကာပူနိုင်ငံသို့သွားရောက်လည်ပတ်ခဲ့သည့် အမျိုးသမီးတစ်ဦးထံမှ ဇီကာဗိုင်းရပ်စ် ရောဂါကို ပထမဆုံး တွေ့ရှိကြောင်း မလေးရှားနိုင်ငံအစိုးရတာဝန်ရှိသူများက စက်တင်ဘာလ ၁ ရက်တွင် အတည်ပြုပြောကြားသည်။
မဒါဂတ်စကာ၊ စက်တင်ဘာ ၁ ရက် (ဆင်ဟွာ) မဒါဂတ်စကာ အစိုးရက ၂၀၁၆ခုနှစ် စက်တင်ဘာလ ၁ ရက်နေ့၌ နေကြတ်မှုှ ဖြစ်ပေါ်မည်ဟု ခန့်မှန်းရ၍ ကျန်းမာရေး ထိခိုက်မှုများ ရှိလာနိုင်သောကြောင့် ယင်းနေ့အား အားလပ်ရက်အဖြစ် အစိုးရကောင်စီက သြဂုတ် ၃၁ တွင် ထုတ်ပြန်ခဲ့သည်။
ဒူဘိုင်း ၊ စက်တင်ဘာ ၁ ရက် (ဆင်ဟွာ) အာရပ်စော်ဘွားများပြည်ထောင်စု(UAE) ၊ ဒူဘိုင်းမြို့၌ ကမ္ဘာ့အကြီးဆုံး မိသားစုအားလပ်ရက် အနားယူစရာ ရုံတွင်းပန်းခြံ (IMG) ကို သြဂုတ်လ ၃၁ ရက်တွင် ဒူဘိုင်းစော်ဘွား ရှိတ်မိုဟာမက်ဘင်ရက်စ်ရှိ အယ်မက်ကိုတမ်(Sheikh Mohammed bin Rashid Al-Makotum) က...
ဘန်ကောက် ၊ စက်တင်ဘာ ၁ ရက် (ဆင်ဟွာ) ရုရှားနိုင်ငံထုတ် ပို့ဆောင်ရေးလေယာဉ်သစ် နှစ်စင်းကို ထိုင်းနိုင်ငံ လေတပ်မှ ဝယ်ယူခဲ့ကြောင်း စက်တင်ဘာ ၁ ရက် ထုတ် ထိုင်းပြည်တွင်း သတင်းစာများက ရေးသားဖော်ပြသည်။
နယူးဒေလီ ၊ စက်တင်ဘာ ၁ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံသို့အလည်အပတ်ရောက်ရှိနေသည့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီသည် အိန္ဒိယ၌ သတ်မှတ် ရက်ထက်ပို၍ ရက်တိုးမြှင့် နေထိုင်သွားရန် ရှိကြောင်း အိန္ဒိယအရာရှိများက စက်တင်ဘာ ၁ ရက်တွင်ပြောကြားသည်။
ဝါရှင်တန်၊ သြဂုတ် ၃၁ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ သည် IS စစ်သွေးကြွအကြမ်းဖက် အဖွဲ့၏ အဓိကခေါင်းဆောင်တစ်ဦးဖြစ်သော Gulmurod Khalimov နှင့်ပတ်သက်၍ သတင်းပေးနိုင်ပါက ဆုကြေးအဖြစ် အမေရိကန်ဒေါ်လာ ၃သန်းအထိ ပေးသွားမည်ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဋ္ဌာနက သြဂုတ် ၃၀ ရက်တွင်ထုတ်ပြန်ခဲ့သည်။