Connect with us

North America

တောင်ကိုရီးယားနိုင်ငံဆိုင်ရာ အမေရိကန်နို်င်ငံ သံအမတ်ကြီးအဖြစ် Harris အား ထရမ့်က အမည်စာရင်းတင်သွင်း

တောင်ကိုရီးယားနိုင်ငံဆိုင်ရာ အမေရိကန်နို်င်ငံ သံအမတ်ကြီးအဖြစ် အမည်စာရင်းတင်သွင်းခံရသော Admiral Harry Harris အား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ဝါရှင်တန်၊ မေ ၁၉ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့်က Admiral Harry Harris အား တောင်ကိုရီးယားနိုင်ငံဆိုင်ရာ အမေရိကန်နိုင်ငံ သံအမတ်ကြီးအဖြစ် အမည်စာရင်းအသစ်တင်သွင်းလိုက်ကြောင်း အိမ်ဖြူတော်က မေ ၁၈ ရက်တွင် ပြောကြားလိုက်သည်။

အသက် ၆၁ နှစ်ရှိပြီဖြစ်သော Harris သည် လက်ရှိတွင် အမေရိကန် ပစိဖိတ်ဌာနချုပ် တပ်မှူးအဖြစ် တာဝန်ထမ်းဆောင်နေသူဖြစ်သည်။ ၎င်းသည် ယခင်က သြစတြေးလျနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး အဖြစ် အမည်စာရင်းတင်သွင်းခြင်းခံခဲ့ရသည်။

တောင်ကိုရီးယားနိုင်ငံဆိုင်ရာ အမေရိကန်နိုင်ငံ သံအမတ်ကြီးရာထူးကို ထရမ့် တာဝန်ယူခဲ့သည့် ၂၀၁၇ ခုနှစ်ကတည်းက ခန့်အပ်ရန်ကျန်ရှိခဲ့သည်။ ယင်းရာထူးအတွက် အမည်စာရင်းတင်သွင်းခြင်းခံထားရသည့် ကိုရီးယားအရေးကျွမ်းကျင်သူ စစ်မှုထမ်းဟောင်း Victor Cha အား မြောက်ကိုရီးယားနှင့်ပတ်သက်၍ စစ်တပ်၏ နည်းလမ်းများကို ဆန့်ကျင်ခဲ့သည့်အတွက် အမည်စာရင်းကို ပြန်လည်ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

Harris သည် ထိုရာထူးအတွက် အထက်လွှတ်တော်၏ အတည်ပြုချက်လိုအပ်ဦးမည် ဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117