Connect with us

International Organizations

ပါလက်စတိုင်းများကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်းက အရှေ့အလယ်ပိုင်း၏ငြိမ်းချမ်းရေးအခွင့်အလမ်းကို ဖျက်ဆီးရာရောက်သည်ဟု ပါလက်စတိုင်းက ဆို

ဂါဇာဒေသတွင် ဖြစ်ပွားနေသည့် ပဋိပက္ခများအား တွေ့ရစဉ် (ဓာတ်ပုံ- ဆင်ဟွာ )

ကုလသမဂ္ဂ၊ မေ ၁၇ ရက်(ဆင်ဟွာ)

အစ္စရေးစစ်တပ်က ဂါဇာကမ်းမြောင်ဒေသတွင် ပါလက်စတိုင်း အရပ်သားပြည်သူများကို အစုလိုက် အပြုံလိုက်သတ်ဖြတ်ခြင်းက အရှေ့အလယ်ပိုင်း၏တည်ငြိမ်အေးချမ်းရေးအခွင့်အလမ်းကို ဖျက်ဆီး ရာရောက်သည် ဟု ပါလက်စတိုင်းလွတ်မြောက်ရေးအဖွဲ့(PLO)၏အလုပ်အမှုဆောင်ကော်မတီဝင် Hanan Ashrawi က မေလ ၁၆ ရက်တွင် ပြောကြားခဲ့သည်။

ဆက်လက်၍ ၎င်းက ဆန္ဒပြမှုသည် မည်သည့် နိုင်ငံရေးပါတီမှ ဦးဆောင်ခြင်း မဟုတ်ဘဲ ပြည်သူ့ဆန္ဒ အလျောက်လုပ်ဆောင်ခြင်းဖြစ်ကြောင်း၊ ပါလက်စတိုင်းပြည်သူလူထုက နိုင်ငံတကာဥပဒေနှင့်အညီ မိမိနေရပ်မြေကို ပြန်ရန် တောင်းဆိုဆန္ဒပြခြင်းသာဖြစ်ကြောင်း ၊ အစ္စရေးတို့က ဂါဇာဒေသ တစ်လျောက် ရက်စက်ကြမ်းကြုတ်စွာ ဝိုင်းရံပိတ်ဆို့ခြင်းကို ဖယ်ရှားပေးရန် တောင်းဆိုကြောင်း အလေး အနက်ပြောကြားခဲ့သည်။ ပါလက်စတိုင်းတို့၏ဆန့်ကျင် ဆန္ဒပြမှုတွင် အမေရိကန်က ဂျေရုဆလင် ပိုင်နက်နယ်မြေပြဿနာကို ဆုံးဖြတ်ခဲ့သည့်အတွက် ဆန့်ကျင်ခြင်းလည်း ဖြစ်ကြောင်း သိရသည်။

အမေရိကန်သည် မေလ ၁၄ ရက်နေ့က အစ္စရေးနိုင်ငံဆိုင်ရာအမေရိကန်သံရုံးကို တဲလ်အဗစ် မှ ဂျေရုဆလင် သို့ ပြောင်းရွှေ့ခဲ့သောကြောင့် ထို့နေ့တွင် ပါလက်စတိုင်း မြို့အများအပြား၌ ဆန္ဒပြမှု ဖြစ်ပွားခဲ့ရာ အနည်းဆုံး ပါလက်စတိုင်း ၆၁ ဦး သေဆုံးခဲ့ပြီး လူ ၃၁၀၀ ကျော် ဒဏ်ရာရရှိခဲ့သည်။ အစ္စရေးစစ်တပ်က ဆန္ဒပြ ပါလက်စတိုင်းများကို ဖိနှိပ်သည့်ကိစ္စအား အချို့နိုင်ငံများက အပြစ်တင် ဝေဖန်နေကြကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.